ခ်င္း(ဂ်င္း)အိတ္မ်ားျဖင့္ ေရာေႏွာသယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား (၂၇)သိန္းေက်ာ္ကို ပိုင္ရွင္မဲ့အျဖစ္ ဖမ္းဆီးရမိ

ခ်င္း(ဂ်င္း)အိတ္မ်ားျဖင့္ ေရာေႏွာသယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား (၂၇)သိန္းေက်ာ္ကို ပိုင္ရွင္မဲ့အျဖစ္ ဖမ္းဆီးရမိ
သြဂုတ် 18, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္၊ ေမာင္ေတာခရိုင္၊ ေမာင္ေတာၿမိဳ႕တြင္ ခ်င္း(ဂ်င္း)အိတ္မ်ားျဖင့္ ေရာေႏွာ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား (၂၇)သိန္းေက်ာ္ကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔ ည (၇)နာရီခြဲ ဝန္းက်င္တြင္ ဖမ္းဆီးရမိသျဖင့္ ေမာင္ေတာၿမိဳ႕ အတြင္း အမ်ားဆံုး ဖမ္းဆီးရရိွမႈျဖစ္ေၾကာင္း သိရသည္။

“အခု ဖမ္းဆီးရရိွမႈက ေမာင္ေတာၿမိဳ႕အတြင္း ဖမ္းဆီးရမိမႈထဲမွာ အမ်ားဆံုးျဖစ္ပါတယ္။ ဒီႏွစ္အတြင္း ဖမ္းဆီးရမိမႈ အမ်ားႀကီးေတာ့ ရိွေတာ့ ရိွေနတယ္။ အခုဟာက ပမာဏ အမ်ားဆုံးျဖစ္ပါတယ္။ အခု အဲဒီအမႈကို မယ ၂၈/၂၀၁၈၊ မူးစိတ္ပုဒ္မ ၁၉(က)/၂၁ နဲ႔အမႈဖြင့္ထားၿပီး ဆက္လက္ေဆာင္ရြက္ေနပါတယ္”ဟု ေမာင္ေတာၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ေက်ာ္မ်ဳိးထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရႊဖားတံတား၌ ျဖတ္သန္းသြားသည့္ ခ်င္း(ဂ်င္း)အိတ္မ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္အား ရဲတပ္ဖြဲ႕က စစ္ေဆးရာ  WY/R စာတန္းပါ စိတ္ၾကြေဆးျပား (၅၀၀၀၀)ျပားစီပါသည့္ အိတ္ေပါင္း (၅၅)အိတ္၊ ေဆးျပားေပါင္း(၁၆,၀၀၀)ျပားပါသည့္ အိတ္(၁)အိတ္ စုစုေပါင္း စိတ္ၾကြေဆးျပား (၂,၇၆၆,၀၀၀)ျပားကို ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

“ေရႊဇားေက်းရြာဆိုတာ ေမာင္ေတာၿမိဳ႕ထဲပဲ ရပ္ကြက္တစ္ခုေပါ့။ အဲဒီရပ္ကြက္ကို သြားဖို႔က ေရႊဇား တံတားကို ျဖတ္ရတယ္။ အခုကားက တံတားအျဖတ္မွာ စစ္ရင္းဖမ္းမိတာ”ဟု ေဒသခံတစ္ဦးက ဆိုသည္။

ေမာင္ေတာၿမိဳ႕ ေရႊဇားေက်းရြာ(ရပ္ကြက္)ဘက္သို႔ ေမာင္းႏွင္လာသည့္ 4N – 6030 နံပါတ္ တပ္ဆင္ထားသည့္ Lifan ေမာ္ေတာ္ယာဥ္သည္ ခ်င္း(ဂ်င္း)အိတ္မ်ား တင္ေဆာင္ၿပီး ေရႊဇားတံတားအား ျဖတ္သန္းစဥ္ ေမာင္ေတာခရိုင္ရဲတပ္ဖြဲ႕ဦးေဆာင္သည့္ ပူးေပါင္းအဖြဲ႕က စစ္ေဆးရန္ ရပ္တန္႔ခုိင္းရာ ယာဥ္ေမာင္းမွာ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ ေမာင္ေတာ၊ ဘူးသီးေတာင္ႏွင့္ ရေသ့ေတာင္ၿမဳိ႕နယ္မ်ားအတြင္း၌ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔မွ ၾသဂုတ္လ (၁၄) ရက္ေန႔အထိ စိတ္ႂကြေဆးျပား (၁၁,၃၁၄,၇၀၁) ျပား၊ စိတ္ၾကြေဆးျပား အေၾကမႈန္႔ (၂.၅၉၀၃) ကီလို ႏွင့္ ေဆးေျခာက္ (၀.၁၅၄၉)ကီလုိ တုိ႔ကုိ ဖမ္းဆီးရမိခဲ့ၿပီး အမႈေပါင္း (၈၄) မႈ ဖြင့္လွစ္ အေရးယူႏိုင္ခဲ့ကာ တရားခံ (၁၂၈) ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္အတြင္း ၂၀၁၁ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၃) ရက္ေန႔အထိ စိတ္ၾကြ ေဆးျပား၊ စိတ္ၾကြအေၾကမႈန္႔၊ ေဆးေျခာက္၊ ဗ်ဴပရီေနာ္ဖင္း၊ အယ္ပရာဇိုလမ္ ေဆးျပား၊ ဒိုင္ရာဇီပမ္၊ ဒိုင္ရာဇီပမ္ ထိုးေဆး၊ ေမာ္ဖင္းထိုးေဆး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ္တမင္း၊ Fantanyl ႏွင့္ အက္ဖီဒရင္း စသည့္ မူးယစ္ေဆးဝါးမ်ိဳးစံု စုစုေပါင္း တန္ဖိုး က်ပ္သိန္းေပါင္း (၁၉၆၂၆၉၉ ဒသမ ၇၂၉) သိန္းဖိုး ဖမ္းဆီးရမိခဲ့ၿပီး အဆုိပါ မူးယစ္ ေဆးဝါးမ်ားႏွင့္ ပတ္သက္၍ အမႈေပါင္း (၇၂၅)မႈ ဖြင့္လွစ္အေရးယူႏုိင္ခဲ့ကာ တရားခံ (၁,၁၄၃ )ဦး အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ချင်း(ဂျင်း)အိတ်များဖြင့် ရောနှော သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား (၂၇)သိန်းကျော်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ ည (၇)နာရီခွဲ ဝန်းကျင်တွင် ဖမ်းဆီးရမိသဖြင့် မောင်တောမြို့ အတွင်း အများဆုံး ဖမ်းဆီးရရှိမှုဖြစ်ကြောင်း သိရသည်။

“အခု ဖမ်းဆီးရရှိမှုက မောင်တောမြို့အတွင်း ဖမ်းဆီးရမိမှုထဲမှာ အများဆုံးဖြစ်ပါတယ်။ ဒီနှစ်အတွင်း ဖမ်းဆီးရမိမှု အများကြီးတော့ ရှိတော့ ရှိနေတယ်။ အခုဟာက ပမာဏ အများဆုံးဖြစ်ပါတယ်။ အခု အဲဒီအမှုကို မယ ၂၈/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့အမှုဖွင့်ထားပြီး ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်မျိုးထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေဖားတံတား၌ ဖြတ်သန်းသွားသည့် ချင်း(ဂျင်း)အိတ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်အား ရဲတပ်ဖွဲ့က စစ်ဆေးရာ WY/R စာတန်းပါ စိတ်ကြွဆေးပြား (၅၀၀၀၀)ပြားစီပါသည့် အိတ်ပေါင်း (၅၅)အိတ်၊ ဆေးပြားပေါင်း(၁၆,ဝဝဝ)ပြားပါသည့် အိတ်(၁)အိတ် စုစုပေါင်း စိတ်ကြွဆေးပြား (၂,၇၆၆,ဝဝဝ)ပြားကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

“ရွှေဇားကျေးရွာဆိုတာ မောင်တောမြို့ထဲပဲ ရပ်ကွက်တစ်ခုပေါ့။ အဲဒီရပ်ကွက်ကို သွားဖို့က ရွှေဇား တံတားကို ဖြတ်ရတယ်။ အခုကားက တံတားအဖြတ်မှာ စစ်ရင်းဖမ်းမိတာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

မောင်တောမြို့ ရွှေဇားကျေးရွာ(ရပ်ကွက်)ဘက်သို့ မောင်းနှင်လာသည့် 4N – 6030 နံပါတ် တပ်ဆင်ထားသည့် Lifan မော်တော်ယာဉ်သည် ချင်း(ဂျင်း)အိတ်များ တင်ဆောင်ပြီး ရွှေဇားတံတားအား ဖြတ်သန်းစဉ် မောင်တောခရိုင်ရဲတပ်ဖွဲ့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ သြဂုတ်လ (၁၄) ရက်နေ့အထိ စိတ်ကြွဆေးပြား (၁၁,၃၁၄,၇၀၁) ပြား၊ စိတ်ကြွဆေးပြား အကြေမှုန့် (၂.၅၉၀၃) ကီလို နှင့် ဆေးခြောက် (ဝ.၁၅၄၉)ကီလို တို့ကို ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း (၈၄) မှု ဖွင့်လှစ် အရေးယူနိုင်ခဲ့ကာ တရားခံ (၁၂၈) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့အထိ စိတ်ကြွ ဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ် ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ် ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanyl နှင့် အက်ဖီဒရင်း စသည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း (၁၉၆၂၆၉၉ ဒသမ ၇၂၉) သိန်းဖိုး ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ် ဆေးဝါးများနှင့် ပတ်သက်၍ အမှုပေါင်း (၇၂၅)မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ (၁,၁၄၃ )ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~