က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းဇင္းေက်းရြာအုပ္စုအတြင္း မူးယစ္ေဆး၀ါး ေရာင္း၀ယ္သံုးစြဲေနေၾကာင္း သတင္းရသည့္ ေနအိမ္မွ စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းဇင္းေက်းရြာအုပ္စုအတြင္း မူးယစ္ေဆး၀ါး ေရာင္း၀ယ္သံုးစြဲေနေၾကာင္း သတင္းရသည့္ ေနအိမ္မွ စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ
သြဂုတ် 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းေက်းရြာအုပ္စု၊  အတြင္းရွိ ေနအိမ္တြင္ မူးယစ္ေဆး၀ါး ေရာင္း၀ယ္ သံုးစြဲေနေၾကာင္း သတင္းရရွိ၍ ၀င္ေရာက္ ရွာေဖြရာမွ အမ်ဳိးသားတစ္ဦး ႏွင့္အတူ မူးယစ္ ေဆး၀ါးမ်ားေတြ႔ရွိ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းဇင္းေက်းရြာအုပ္စု၊ ၀မ္လံုး(အာခါ)ရြာအတြင္းရွိ အားထူ ဆိုသူ၏ ေနအိမ္အား က်ဳိင္းတံုခရိုင္ရဲတပ္ဖြဲ႔(မႈ/ႏွိမ္)အဖြဲ႔ ႏွင့္ သက္ဆိုင္ရာအဖြဲ႔မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁၃)ရက္ေန႔ ေန႔လည္ပိုင္းက ၀င္ေရာက္ စစ္ေဆးရွာေဖြရာက ၎၏ ေနအိမ္အတြင္းရွိ မီးဖိုခန္း၏ ပန္းကန္စင္ေအာက္က Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၅)ျပားအား လည္းေကာင္း၊ ထင္းပံုထားသည့္ တဲအတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၂၀)ျပားအား လည္းေကာင္း၊ စုစုေပါင္း စိတ္ၾကြေဆးျပား (၂၅)ျပား အပါအ၀င္ မူးယစ္ေဆး၀ါးရႈသြင္းရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ားအား ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ားျဖင့္ လက္၀ယ္ေတြ႔ရွိသူ အသက္ (၃၁)ႏွစ္၀န္းက်င္ရွိ အားထူးအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၅၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ အတွင်းရှိ နေအိမ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေကြောင်း သတင်းရရှိ၍ ဝင်ရောက် ရှာဖွေရာမှ အမျိုးသားတစ်ဦး နှင့်အတူ မူးယစ် ဆေးဝါးများတွေ့ရှိ ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်လုံး(အာခါ)ရွာအတွင်းရှိ အားထူ ဆိုသူ၏ နေအိမ်အား ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)အဖွဲ့ နှင့် သက်ဆိုင်ရာအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့ နေ့လည်ပိုင်းက ဝင်ရောက် စစ်ဆေးရှာဖွေရာက၎င်း၏ နေအိမ်အတွင်းရှိ မီးဖိုခန်း၏ ပန်းကန်စင်အောက်က Wy စာတမ်းပါ စိတ်ကြွဆေးပြား (၅)ပြားအား လည်းကောင်း၊ ထင်းပုံထားသည့် တဲအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၂၀)ပြားအား လည်းကောင်း၊ စုစုပေါင်း စိတ်ကြွဆေးပြား (၂၅)ပြား အပါအဝင် မူးယစ်ဆေးဝါးရှုသွင်းရာတွင် အသုံးပြုသည့် ပစ္စည်းများအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများဖြင့် လက်ဝယ်တွေ့ရှိသူ အသက် (၃၁)နှစ်ဝန်းကျင်ရှိ အားထူးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၅၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~