လားရှိုးမြို့နယ် ရှန်ခိုက်ကျေးရွာအတွင်း ဓါးနှောင့်အတွင်း စိတ်ကြွဆေးပြား ထည့်သွင်း သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

လားရှိုးမြို့နယ် ရှန်ခိုက်ကျေးရွာအတွင်း ဓါးနှောင့်အတွင်း စိတ်ကြွဆေးပြား ထည့်သွင်း သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ
သြဂုတ် 12, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ရှန်ခိုက်ကျေးရွာ၊ ရှန်ခိုက်ဘုရားအနီးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ည (၈)နာရီ (၄၅)မိနစ်အချိန်က ဓားနှောင့်အတွင်း စိတ်ကြွဆေးပြား (၁၈)ပြား ထည့်သွင်း သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ရှန်ခိုက်ကျေးရွာဘက်မှ မန်ဟောင်ကျေးရွာဘက်သို့ လမ်းလျှောက်လာသည့် နေလင်းဆိုသူအား ရှာဖွေရာ အရိုးအသွား(၁၆)လက်မခန့်ရှိသည့် ဓားဦးချွန်၏ ဓားနှောင့်အတွင်းမှ စိတ်ကြွဆေးပြား (၁၈)ပြားကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် ဖမ်းဆီးရမိသည့် အသက်(၃၃)နှစ်ဝန်းကျင်ရှိ နေလင်းဆိုသူအား လားရှိုးမြို့မရဲစခန်းတွင် မယ(ပ) ၁၅၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၂(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~