ရဲကိုတွေ့၍ ထွက်ပြေးသွားသူအား လိုက်လံ လုံးထွေးဖမ်းဆီးလိုက်ရပြီးနောက် စိတ်ကြွဆေးပြား (၁၅၀) သိမ်းဆည်းရမိ

ရဲကိုတွေ့၍ ထွက်ပြေးသွားသူအား လိုက်လံ လုံးထွေးဖမ်းဆီးလိုက်ရပြီးနောက် စိတ်ကြွဆေးပြား (၁၅၀) သိမ်းဆည်းရမိ
သြဂုတ် 21, 2018
By Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ကျတီကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာရှိ နေအိမ်အား မူးယစ်သတင်း အရ ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်က ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရပြီး၎င်းထံမှ စိတ်ကြွဆေးပြား (၁၅၀)ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဆတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုမင်းဦး နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲ(မှု/နှိမ်)မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၁) ရက်နေ့ နံနက် (၉)နာရီအချိန်က နောင်ဘိုကျေးရွာမှ နိုးဝေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ရဲတပ်ဖွဲ့ကို မြင်သည်နှင့် နိုးဝေက ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က လိုက်လံ လုံးထွေးဖမ်းဆီးခဲ့ရာ လက်ထဲမှ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွ ဆေးပြား (၁၅၀)ကို သိမ်းဆည်း ရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုးဝေအား မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ) ၂၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~