မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်(၈)ခုတွင် ဇူလိုင်လ(၃၁)ရက်နေ့အထိ ရေဘေးသင့် ပြည်သူ (၂၃၉,၂၁၃)ဦးရှိလာ

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်(၈)ခုတွင် ဇူလိုင်လ(၃၁)ရက်နေ့အထိ ရေဘေးသင့် ပြည်သူ (၂၃၉,၂၁၃)ဦးရှိလာ
သွဂုတျ 1, 2018
By Tachileik News Agency
တိုင်းဒေသကြီးနှင့်ပြည်နယ်(၈)ခုတွင် ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်မှုများကြောင့် လူဦးရေစုစုပေါင်း (၂၃၉,၂၁၃)ဦး ရေဘေးသင့်ခဲ့ပြီး ယင်းတို့အနက် လူဦးရေ (၁၁၉,၁၉၁)ဦးမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြရကြောင်း သိရသည်။

ရေကြီးနစ်မြုပ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုအနက် (၅)ခုတွင် လက်ရှိအချိန်ထိ ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရဆဲဖြစ်ပြီး ဇူလိုင်လ(၃၀)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်းပေါင်း (၂၈၈)ခုတွင် ရေဘေးသင့် အိမ်ထောင်စု (၂၅,၅၉၁)မှ လူဦးရေ (၁၁၉,၁၉၁)ဦး နေထိုင်နေရဆဲ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ဇူလိုင်လ(၃၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။


ရေကြီးနစ်မြုပ်မှုများအတွင်း သေဆုံးသည့်အရေအတွက်မှာ ဇူလိုင်လ(၃၀)ရက်နေ့အထိ (၁၁)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တိုင်းဒေသကြီးနှင့်ပြည်နယ်(၈)ခုတွင် ဇူလိုင်လအတွင်း ရကြေီးနစ်မြုပ်မှုများကြောင့် လူဦးရေစုစုပေါင်း (၂၃၉,၂၁၃)ဦး ရေဘေးသင့်ခဲ့ပြီး ယင်းတို့အနက် လူဦးရေ (၁၁၉,၁၉၁)ဦးမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နကြေရကြောင်း သိရသည်။

ရကြေီးနစ်မြုပ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုအနက် (၅)ခုတွင် လက်ရှိအချိန်ထိ ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရဆဲဖြစ်ပြီး ဇူလိုင်လ(၃၀)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်းပေါင်း (၂၈၈)ခုတွင် ရေဘေးသင့် အိမ်ထောင်စု (၂၅,၅၉၁)မှ လူဦးရေ (၁၁၉,၁၉၁)ဦး နေထိုင်နေရဆဲ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဇူလိုင်လ(၃၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ်ရှိ ရေဘေးသင့်ကယ်ဆယ်ရေးစခန်း (၆၇)၌ လူဦးရေ (၂၅,ဝ၅၀)၊ တနင်္သာရီတိုင်းဒေသကြီးရှိ ရေဘေး ကယ်ဆယ်ရေးစခန်း (၁၁)ခု၌ လူဦးရေ(၅,၈၉၅)၊ မွန်ပြည်နယ်ရှိ ရေဘေး ကယ်ဆယ်ရေးစခန်း (၅၀)၌ လူဦးရေ(၁၅,၈၈၄)ဦး၊ ပဲခူးတိုင်းဒေသကြီးရှိ ရေဘေး ကယ်ဆယ်ရေးစခန်း (၁၅၇)ခု၌ လူဦးရေ(၇၁,၈၉၈)ဦး၊ မကွေးတိုင်းဒေသကြီးရှိ ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု၌ လူဦးရေ(၄၆၄)ဦးတို့ကို ရွှေ့ပြောင်းပေးထားရခြင်းဖြစ်ကြောင်း သိရသည်။

ရကြေီးနစ်မြုပ်မှုများအတွင်း သေဆုံးသည့်အရေအတွက်မှာ ဇူလို်င်လ(၃၀)ရက်နေ့အထိ (၁၁)ဦးရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~