မိုင္းဆတ္ၿမိဳ႕တြင္ မူးယစ္သတင္းအရဝင္ရွာသည့္ေနအိမ္၌ စိတ္ၾကြေဆးျပား (၁၆)ျပား ဖမ္းမိ

မိုင္းဆတ္ၿမိဳ႕တြင္ မူးယစ္သတင္းအရဝင္ရွာသည့္ေနအိမ္၌ စိတ္ၾကြေဆးျပား (၁၆)ျပား ဖမ္းမိ
သြဂုတ် 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕၊ ဝိန္းဝိုင္ရပ္ကြက္တြင္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ(၃၁)ရက္ေန႔ ည(၁၀)နာရီက မူးယစ္သတင္းအရ ေနအိမ္တစ္လံုးကို ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပား (၁၆)ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕မရဲတပ္ဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဝိန္းဝိုင္ရပ္ကြက္မွ က်ေယာ္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ  က်ေယာ္အားေနအိမ္တြင္ ေတြ႔ရၿပီး ေနအိမ္အတြင္း ဆက္လက္ရွာေဖြရာ ေနအိမ္ အိပ္ခန္းအတြင္းရိွ အဝတ္လွန္းသည့္ ႀကိဳးတန္းေပၚ၌ လွန္းထားသည့္ အားကစားအက်ႌအတြင္းမွ စိတ္ၾကြေဆးျပားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္ အတူေတြ႔ရသည့္ အသက္(၄၅)ႏွစ္အရြယ္ က်ေယာ္အား မိုင္းဆတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၂၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(၈)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ဝိန်းဝိုင်ရပ်ကွက်တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ ည(၁၀)နာရီက မူးယစ်သတင်းအရ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၆)ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဆတ်မြို့မရဲတပ်ဖွဲ့သည် သက်သေများနှင့်အတူ ဝိန်းဝိုင်ရပ်ကွက်မှ ကျယော်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ကျယော်အားနေအိမ်တွင် တွေ့ရပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းရှိ အဝတ်လှန်းသည့် ကြိုးတန်းပေါ်၌ လှန်းထားသည့် အားကစားအင်္ကျီအတွင်းမှ စိတ်ကြွဆေးပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့် အတူတွေ့ရသည့် အသက်(၄၅)နှစ်အရွယ် ကျယော်အား မိုင်းဆတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၂၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~