တာခ်ီလိတ္ၿမိဳ႕တြင္ ဆုိင္ကယ္လုယက္မႈႏွင့္ ေရႊဆုိင္အႏုၾကမ္းစီးမႈ က်ဴးလြန္သူကို ရက္(၂၀)အၾကာတြင္ က်ဴးလြန္သည့္ လက္နက္ႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ဆုိင္ကယ္လုယက္မႈႏွင့္ ေရႊဆုိင္အႏုၾကမ္းစီးမႈ က်ဴးလြန္သူကို ရက္(၂၀)အၾကာတြင္ က်ဴးလြန္သည့္ လက္နက္ႏွင့္အတူ ဖမ္းဆီးရမိ
သြဂုတ် 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဆုိင္ကယ္လုယက္မႈႏွင့္ ေရႊဆိုင္အႏုၾကမ္းစီးမႈတို႔ ျဖစ္ပြားၿပီး ရက္(၂၀)အၾကာတြင္ က်ဴးလြန္သူအား သက္ေသခံပစၥည္း၊ ေသနတ္၊ က်ည္မ်ားႏွင့္အတူ က်ဳိင္းတံုခရိုင္အတြင္း တာေကာ္(၂)မိုင္ရြာတြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၉)ရက္ေန႔ ညေန(၅)နာရီအခ်ိန္၌ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ အားကစားရံုအနီးရိွ ဆိုင္ကယ္ေရာင္းဝယ္ေရး ဆုိင္တစ္ဆိုင္တြင္ ဆိုင္ကယ္တကၠစီသမားထံမွ လုယူခံရသည့္ ဆိုင္ကယ္ကို စတင္ေတြ႔ရိွရာမွ အမႈ(၂)ခုကို က်ဴးလြန္ခဲ့သူအား ေဖၚထုတ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႔က ကၽြန္ေတာ္နဲ႔ နယ္ထိန္းအဖြဲ႕က ဆိုင္ကယ္အေရာင္းဆုိင္မွာ လုခံရတဲ့ ဆုိင္ကယ္ကို ေတြ႔တယ္။ အဲဒီမွာ စစ္ေဆးေတာ့ ဆုိင္ကယ္လာေရာင္းတဲ့သူက တာေကာ္တံတားမွာေနတဲ့ စိုင္းလွဝင္းဆိုတာ သိရတဲ့ အတြက္ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္အဖြဲ႕(၁၀)ဦးနဲ႔ တာေကာ္ရဲကင္းမွာရိွတဲ့ ဒုရဲအုပ္ အဖြဲ႕နဲ႔အတူ တရားခံကို ေစာင့္ဆုိင္းဖမ္းရတယ္။ သြားဖမ္းရင္း သူ႔အိမ္မွာ ရွာေဖြေတာ့ ေရႊဆုိင္လုတဲ့ သက္ေသခံ အဝတ္အစားေတြ ေတြ႔လို႔ ထပ္စစ္ေတာ့ ဒိုင္းမြန္းေရႊဆုိင္လုတာ သူပါပဲဆိုတာ ဝန္ခံတာ။ သူ႔ဆီက ေသနတ္နဲ႔ က်ည္လည္း ဖမ္းမိတယ္။ တာေကာ္ကေန သူ႔ကိုဖမ္းလာတာ တာခ်ီလိတ္ကို ၾသဂုတ္လ(၃၀)ရက္ မနက္(၆)နာရီ (၁၅)မိနစ္မွာ ေရာက္တယ္။ ဆုိင္ကယ္တကၠစီသမားကို ပစ္တာေရာ ေရႊဆုိင္မွာ သံုးတဲ့ေသနတ္ေရာ အတူတူပဲလို႔ သိရတယ္။ ပိြဳင့္ ၂၂ နဲ႔ပဲပစ္တာ။ အခုေတာ့ အမႈစစ္အဖြဲ႕နဲ႔ ဆက္လက္ စစ္ေဆးေနဆဲပါ”ဟု အဆိုပါ အမႈ(၂)ခု၏ အမႈစစ္ျဖစ္သူ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးမ်ိဳးခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တြင္ ၾသဂုတ္လ(၁၀)ရက္ေန႔ညပိုင္းက ေရႊတာခ်ီဆိုင္ကယ္တကၠစီအသင္းမွ ဆုိင္ကယ္ငွားစီးသြားၿပီး ဆိုင္ကယ္သမား၏ လည္ပင္းကို အေနာက္မွေန၍  ေသနတ္ျဖင့္ပစ္ကာ ဆုိင္ကယ္ လုယူသြားမႈကို (ပ)၂၆၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ ျဖင့္ လည္းေကာင္း၊ ၾသဂုတ္လ (၁၈)ရက္ေန႔ နံနက္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕လယ္ရိွ ဒိုင္းမြန္းေရႊဆုိင္တြင္ ေသနတ္ျဖင့္ ဝင္ေရာက္အႏုၾကမ္းစီးရာ ေရႊလာဝယ္သည့္ အမ်ိဳးသမီးငယ္တစ္ဦး ဒဏ္ရာရသြားသျဖင့္ (ပ)၂၇၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၄၂၇ ျဖင့္ လည္းေကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားျခင္းျဖစ္သည္။

အဆိုပါ အမႈမ်ားမွ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရး အတြက္ ရဲတပ္ဖြဲ႕က ပံုမွန္စစ္ေဆးေရးအျပင္ ပိတ္ဆို႔ စစ္ေဆးမႈမ်ားကိုပါ တိုးျမႇင့္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၉)ရက္ေန႔ ညေန(၅)နာရီ အခ်ိန္တြင္ ဆိုင္ကယ္ေရာင္းဝယ္ေရးဆုိင္၌ ဆိုင္ကယ္တကၠစီသမားထံမွ လုယူခံရသည့္ ဆိုင္ကယ္ေတြ႔ရၿပီး အဆုိပါ ဆုိင္ကယ္အား  မိုင္းပ်ဥ္းၿမိဳ႕နယ္၊ တာေကာ္(၂)မုိင္ေန စိုင္းလွဝင္းက ထိုင္းဘတ္ေငြ (၁၁,၀၀၀)ျဖင့္ လြန္ခဲ့သည့္ (၁၂)ရက္ခန္႔က လာေရာက္ေရာင္းခ်ထားျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသျဖင့္ ယင္းေန႔ ညေန(၆)နာရီအခ်ိန္တြင္ တာေကာ္(၂)မုိင္ရြာ၌ အသက္(၂၂)ႏွစ္အရြယ္ စိုင္းလွဝင္းကို ရဲတပ္ဖြဲ႕က ဖမ္းဆီး ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တကၠစီသမားထံမွ လုယူခံရသည့္ ဆုိင္ကယ္အား ေရာင္းခ်ခဲ့သူ စိုင္းလွဝင္းကို စစ္ေဆးရာ ၎သည္ ဒိုင္းမြန္းေရႊဆိုင္ကို ဝင္ေရာက္လုယက္သူျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရၿပီး လုယက္စဥ္က အသံုးျပဳသည့္ အဝတ္အစားႏွင့္ ပိြဳင့္ ၂၂ ေသနတ္၊ က်ည္ (၁၃)ေတာင့္တို႔ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

ၾသဂုတ္လ(၂၉)ရက္က ေဖၚထုတ္ဖမ္းဆီးမႈကို ျပည္နယ္တပ္ဖြဲ႕ရဲမွဴး ရဲမွဴးခ်ဳပ္ ေဇာ္ခင္ေအာင္၊ ဒုျပည္နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္၊ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသန္းႏုတို႔၏ အနီးကပ္ႀကီးၾကပ္မႈျဖင့္ အမႈစစ္အရာရိွ ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးမ်ိဳးခိုင္၊ နယ္ထိန္း ေခါင္းေဆာင္ ရဲအုပ္ေအးလြင္ႏွင့္ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၊ ျပည္နယ္မႈ/ကူမွ ရဲအုပ္ ေအးထြန္းသိန္းႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ခရိုင္ရဲတပ္ဖြဲ႕ မႈ/ကူမွ ရဲအုပ္ေသာင္းေရႊႏွင့္ တပ္ဖြဲ႕ဝင္မ်ားက ေဖၚထုတ္ဖမ္းဆီးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ စစ္ေဆးေဖၚထုတ္ခ်က္အရ တာေကာ္(၂)မုိင္ရြာသို႔ သြားေရာက္ဖမ္းဆီးမႈကို ဒုရဲျပည္နယ္ တပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္၊ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး သန္းႏု၊ ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးမ်ိဳးခိုင္တို႔၏ ႀကီးၾကပ္မႈျဖင့္ ၿမိဳ႕မစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ေအးလြင္ ဦးစီး(၅)ဦး၊ ဒုရဲအုပ္ ေက်ာ္သူရိန္ထိန္း၊ ခရိုင္မႈ/ကူမွ ရဲအုပ္ခ်မ္းသာ ဦးစီး(၃)ဦး၊ ျပည္နယ္ မႈ/ကူမွ ရဲတပ္ၾကပ္ ထြန္းဝင္းေဇာ္၊ မုိင္းပ်ဥ္းၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ႏွင့္ တပ္ဖြဲ႕ဝင္တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယက်မှုနှင့် ရွှေဆိုင်အနုကြမ်းစီးမှုတို့ ဖြစ်ပွားပြီး ရက်(၂၀)အကြာတွင် ကျူးလွန်သူအား သက်သေခံပစ္စည်း၊ သေနတ်၊ ကျည်များနှင့်အတူ ကျိုင်းတုံခရိုင်အတွင်း တာကော်(၂)မိုင်ရွာတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၉)ရက်နေ့ ညနေ(၅)နာရီအချိန်၌ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံအနီးရှိ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်တွင် ဆိုင်ကယ်တက္ကစီသမားထံမှ လုယူခံရသည့် ဆိုင်ကယ်ကို စတင်တွေ့ရှိရာမှ အမှု(၂)ခုကို ကျူးလွန်ခဲ့သူအား ဖော်ထုတ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ကျွန်တော်နဲ့ နယ်ထိန်းအဖွဲ့က ဆိုင်ကယ်အရောင်းဆိုင်မှာ လုခံရတဲ့ ဆိုင်ကယ်ကို တွေ့တယ်။ အဲဒီမှာ စစ်ဆေးတော့ ဆိုင်ကယ်လာရောင်းတဲ့သူက တာကော်တံတားမှာနေတဲ့ စိုင်းလှဝင်းဆိုတာ သိရတဲ့ အတွက် နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်အဖွဲ့(၁၀)ဦးနဲ့ တာကော်ရဲကင်းမှာရှိတဲ့ ဒုရဲအုပ် အဖွဲ့နဲ့အတူ တရားခံကို စောင့်ဆိုင်းဖမ်းရတယ်။ သွားဖမ်းရင်း သူ့အိမ်မှာ ရှာဖွေတော့ ရွှေဆိုင်လုတဲ့ သက်သေခံ အဝတ်အစားတွေ တွေ့လို့ ထပ်စစ်တော့ ဒိုင်းမွန်းရွှေဆိုင်လုတာ သူပါပဲဆိုတာ ဝန်ခံတာ။ သူ့ဆီက သေနတ်နဲ့ ကျည်လည်း ဖမ်းမိတယ်။ တာကော်ကနေ သူ့ကိုဖမ်းလာတာ တာချီလိတ်ကို သြဂုတ်လ(၃၀)ရက် မနက်(၆)နာရီ (၁၅)မိနစ်မှာ ရောက်တယ်။ ဆိုင်ကယ်တက္ကစီသမားကို ပစ်တာရော ရွှေဆိုင်မှာ သုံးတဲ့သေနတ်ရော အတူတူပဲလို့ သိရတယ်။ ပွိုင့် ၂၂ နဲ့ပဲပစ်တာ။ အခုတော့ အမှုစစ်အဖွဲ့နဲ့ ဆက်လက် စစ်ဆေးနေဆဲပါ”ဟု အဆိုပါ အမှု(၂)ခု၏ အမှုစစ်ဖြစ်သူ တာချီလိတ်မြို့မရဲစခန်း မြို့မစခန်းမှူး ဒုရဲမှူးမျိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် သြဂုတ်လ(၁၀)ရက်နေ့ညပိုင်းက ရွှေတာချီဆိုင်ကယ်တက္ကစီအသင်းမှ ဆိုင်ကယ်ငှါးစီးသွားပြီး ဆိုင်ကယ်သမား၏ လည်ပင်းကို အနောက်မှနေ၍ သေနတ်ဖြင့်ပစ်ကာ ဆိုင်ကယ် လုယူသွားမှုကို (ပ)၂၆၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် လည်းကောင်း၊ သြဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့လယ်ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် သေနတ်ဖြင့် ဝင်ရောက်အနုကြမ်းစီးရာ ရွှေလာဝယ်သည့် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရသွားသဖြင့် (ပ)၂၇၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၄၂၇ ဖြင့် လည်းကောင်း တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

အဆိုပါ အမှုများမှ ကျူးလွန်သူများကို ဖမ်းဆီးရမိရေး အတွက် ရဲတပ်ဖွဲ့က ပုံမှန်စစ်ဆေးရေးအပြင် ပိတ်ဆို့ စစ်ဆေးမှုများကိုပါ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၉)ရက်နေ့ ညနေ(၅)နာရီ အချိန်တွင် ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၌ ဆိုင်ကယ်တက္ကစီသမားထံမှ လုယူခံရသည့် ဆိုင်ကယ်တွေ့ရပြီး အဆိုပါ ဆိုင်ကယ်အား မိုင်းပျဉ်းမြို့နယ်၊ တာကော်(၂)မိုင်နေ စိုင်းလှဝင်းက ထိုင်းဘတ်ငွေ (၁၁,ဝဝဝ)ဖြင့် လွန်ခဲ့သည့် (၁၂)ရက်ခန့်က လာရောက်ရောင်းချထားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ယင်းနေ့ ညနေ(၆)နာရီအချိန်တွင် တာကော်(၂)မိုင်ရွာ၌ အသက်(၂၂)နှစ်အရွယ် စိုင်းလှဝင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တက္ကစီသမားထံမှ လုယူခံရသည့် ဆိုင်ကယ်အား ရောင်းချခဲ့သူ စိုင်းလှဝင်းကို စစ်ဆေးရာ၎င်းသည် ဒိုင်းမွန်းရွှေဆိုင်ကို ဝင်ရောက်လုယက်သူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုယက်စဉ်က အသုံးပြုသည့် အဝတ်အစားနှင့် ပွိုင့် ၂၂ သေနတ်၊ ကျည် (၁၃)တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

သြဂုတ်လ(၂၉)ရက်က ဖော်ထုတ်ဖမ်းဆီးမှုကို ပြည်နယ်တပ်ဖွဲ့ရဲမှူး ရဲမှူးချုပ် ဇော်ခင်အောင်၊ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမှုစစ်အရာရှိ မြို့မစခန်းမှူး ဒုရဲမှူးမျိုးခိုင်၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်အေးလွင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ပြည်နယ်မှု/ကူမှ ရဲအုပ် အေးထွန်းသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့ မှု/ကူမှ ရဲအုပ်သောင်းရွှေနှင့် တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်အရ တာကော်(၂)မိုင်ရွာသို့ သွားရောက်ဖမ်းဆီးမှုကို ဒုရဲပြည်နယ် တပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ မြို့မစခန်းမှူး ဒုရဲမှူးမျိုးခိုင်တို့၏ ကြီးကြပ်မှုဖြင့် မြို့မစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးလွင် ဦးစီး(၅)ဦး၊ ဒုရဲအုပ် ကျော်သူရိန်ထိန်း၊ ခရိုင်မှု/ကူမှ ရဲအုပ်ချမ်းသာ ဦးစီး(၃)ဦး၊ ပြည်နယ် မှု/ကူမှ ရဲတပ်ကြပ် ထွန်းဝင်းဇော်၊ မိုင်းပျဉ်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~