မူးယစ္ေဆးသံုးရန္ ျပင္ေနသည့္ အမ်ိဳးသား (၄)ဦးကို စိတ္ၾကြေဆး၊ တူမီးေသနတ္တုိ႔ႏွင့္အတူ က်ဳိင္းတံုတြင္ ဖမ္းဆီးရမိ

မူးယစ္ေဆးသံုးရန္ ျပင္ေနသည့္ အမ်ိဳးသား (၄)ဦးကို စိတ္ၾကြေဆး၊ တူမီးေသနတ္တုိ႔ႏွင့္အတူ က်ဳိင္းတံုတြင္ ဖမ္းဆီးရမိ
သြဂုတ် 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ေနာင္ႏြန္းကြက္သစ္ရြာတြင္ စိတ္ၾကြေဆးျပား (၂၃)ျပား၊ တူမီးေသနတ္တစ္လက္ႏွင့္ မူးယစ္ေဆးသံုးစြဲရန္ ျပင္ဆင္ေနသည့္ အမ်ိဳးသား(၄)ဦးတုိ႔ကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေနာင္ႏြန္းကြက္သစ္၌ မူးယစ္ေဆးဝါး ေရာင္းဝယ္သံုးစြဲေၾကာင္း သတင္းရသည့္ အာေမာ၏ ေနအိမ္ကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂)ရက္ေန႔ နံနက္ (၁၀)နာရီခြဲဝန္းက်င္က သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ားမွ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္တြင္ အာေမာ၊ အားယာ၊ အားဖားႏွင့္ တင္မင္းလိႈင္တုိ႔ကို မူးယစ္ေဆးသံုးစြဲရန္ ျပင္ဆင္ေနသည္ကို ေတြ႔ရၿပီး ၎တို႔ အနီးမွ စိတ္ၾကြေဆးျပား(၆)ျပား၊ မူးယစ္ေဆးသံုးစြဲရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ား၊ တင္မင္းလိႈင္ထံမွ ျမန္မာေငြက်ပ္(၄၂,၀၀၀)၊ အာေမာႏွင့္အားယာတို႔၏ အိပ္ယာေဘးမွ စိတ္ၾကြေဆးျပား (၁၇)ျပား၊ အိပ္ခန္းနံရံတြင္ ခ်ိတ္ဆြဲထားသည့္ တူမီးေသနတ္ တစ္လက္တုိ႔ကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၊ လက္နက္တို႔ႏွင့္အတူ ဖမ္းဆီးရမိသည့္ အာေမာ၊ အားယာ၊ အားဖားႏွင့္ တင္မင္းလိႈင္တုိ႔ကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၄၄/၂၀၁၈၊ မူး/စိတ္ ၁၆(၈)/၂၀(က)/၂၁/၂၂(ခ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကွက်သစ်ရွာတွင် စိတ်ကြွဆေးပြား (၂၃)ပြား၊ တူမီးသေနတ်တစ်လက်နှင့် မူးယစ်ဆေးသုံးစွဲရန် ပြင်ဆင်နေသည့် အမျိုးသား(၄)ဦးတို့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

နောင်နွန်းကွက်သစ်၌ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲကြောင်း သတင်းရသည့် အာမော၏ နေအိမ်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်က သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များမှ သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် အာမော၊ အားယာ၊ အားဖားနှင့် တင်မင်းလှိုင်တို့ကို မူးယစ်ဆေးသုံးစွဲရန် ပြင်ဆင်နေသည်ကို တွေ့ရပြီး၎င်းတို့ အနီးမှ စိတ်ကြွဆေးပြား(၆)ပြား၊ မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ တင်မင်းလှိုင်ထံမှ မြန်မာငွေကျပ်(၄၂,ဝဝဝ)၊ အာမောနှင့်အားယာတို့၏ အိပ်ယာဘေးမှ စိတ်ကြွဆေးပြား (၁၇)ပြား၊ အိပ်ခန်းနံရံတွင် ချိတ်ဆွဲထားသည့် တူမီးသေနတ် တစ်လက်တို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေး၊ လက်နက်တို့နှင့်အတူ ဖမ်းဆီးရမိသည့် အာမော၊ အားယာ၊ အားဖားနှင့် တင်မင်းလှိုင်တို့ကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၄၄/၂၀၁၈၊ မူး/စိတ် ၁၆(၈)/၂၀(က)/၂၁/၂၂(ခ)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~