တာချီလိတ်ခရိုင် တာလေမြို့တွင် နံနက်ပိုင်း ဈေးရောင်း၊ဈေးဝယ်များထံမှ ငွေလုယက်မှုများရှိနေ၍ သတိထားရန်နှင့် ထူးခြားမှုအား ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားရန် တိုက်တွန်းထား

တာချီလိတ်ခရိုင် တာလေမြို့တွင် နံနက်ပိုင်း ဈေးရောင်း၊ဈေးဝယ်များထံမှ ငွေလုယက်မှုများရှိနေ၍ သတိထားရန်နှင့် ထူးခြားမှုအား ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားရန် တိုက်တွန်းထား
သြဂုတ် 13, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့တွင် ၂၀၁၈ခုနှစ် သြဂုတ်လပိုင်းအတွင်း နံနက်အစောပိုင်း ဈေးရောင်း၊ ဈေးဝယ်များထံမှ ငွေလုယက်မှုများ ဖြစ်ပွားနေသော်လည်း ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားမှု မရှိကြောင်း တာလေနယ်မြေရဲစခန်းမှ သိရသည်။


မှုခင်းဖြစ်ပွားမှုများ၊ နယ်မြေအတွင်း ထူးခြားဖြစ်စဉ်များကို ရဲတပ်ဖွဲ့ထံ အသိပေးရန်နှင့် လူထုကိုလည်း ရဲတပ်ဖွဲ့နှင့် ဆက်သွယ် အသိပေးနိုင်ရေး နှိုးဆော်မှုများ ပြုလုပ်ရန် တာလေမြို့ရှိ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကူအညီဖြင့် ရဲတပ်ဖွဲ့က ဆက်သွယ် တိုက်တွန်းထားကြောင်း သိရသည်။


တာလေမြို့တွင် သြဂုတ်လဆန်းပိုင်းအတွင်း နံနက်အစောပိုင်း ဈေးသည်များထံမှ ပိုက်ဆံလုယူမှုများ ဖြစ်ပွားနေပြီး ဇူလိုင်လအတွင်းကလည်း ဆိုင်ကယ်ခိုးယူခံရမှု (၂)မှုဖြစ်ပွားသော်လည်း ဒေသခံများက ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားမှု မရှိကြောင်း တာလေမြို့ခံများထံမှ သိရသည်။

တာလေနယ်မြေရဲတပ်ဖွဲ့ထံ သတင်းပေးပို့တိုင်ကြားလိုသူများ အနေဖြင့် ဖုန်း 09 49035745 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်းရှိ တာလမြေို့တွင် ၂၀၁၈ခုနှစ် သြဂုတ်လပိုင်းအတွင်း နံနက်အစောပိုင်း ဈေးရောင်း၊ ဈေးဝယ်များထံမှ ငွေလုယက်မှုများ ဖြစ်ပွားနေသော်လည်း ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားမှု မရှိကြောင်း တာလေနယ်မြေရဲစခန်းမှ သိရသည်။

“လုတာ၊ ခိုးတာတွေကို အမှုလာဖွင့်တာတွေ၊ တိုင်တာတွေတော့ မရှိဘူး။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ တံတားနားမှာ ဈေးလာတဲ့သူဆီက လူတစ်ယောက်က လုသွားလို့ ဘတ်(၁,ဝဝဝ)ပါသွားတယ်လို့ ကြားတယ်။ အဲဒီကတည်းက ကျွန်တော်တို့လည်း ကင်းပုန်းဝပ် စောင့်ဖမ်းတာတော့ လုပ်နေပါပြီ။ ဈေးရောင်း၊ ဈေးဝယ်တွေကလည်း သူတို့ မနက် ဝေလီဝေလင်းလာကြရတော့ အဲဒီအချိန်မှာ လုတာဖြစ်ပွားတယ်”ဟု တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စန်းဦးက သြဂုတ်လ(၁၃)ရက်နေ့ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မှုခင်းဖြစ်ပွားမှုများ၊ နယ်မြေအတွင်း ထူးခြားဖြစ်စဉ်များကို ရဲတပ်ဖွဲ့ထံ အသိပေးရန်နှင့် လူထုကိုလည်း ရဲတပ်ဖွဲ့နှင့် ဆက်သွယ် အသိပေးနိုင်ရေး နှိုးဆော်မှုများ ပြုလုပ်ရန် တာလမြေို့ရှိ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကူအညီဖြင့် ရဲတပ်ဖွဲ့က ဆက်သွယ် တိုက်တွန်းထားကြောင်း သိရသည်။

“ဒီမှာက ရပ်ကွက်ကလည်း (၄)ရပ်ကွက်ပဲ ရှိတယ်။ ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆိုတာလည်း ကျွန်တော်တို့နဲ့ အမြဲ အဆက်အသွယ်ရှိနေတာဆိုတော့ ထွေအုပ်ကနေတစ်ဆင့် အကူအညီ တောင်းထားတာက ထူးခြားမှုရှိရင် ကျွန်တော်တို့ကို သတင်းပို့ဖို့၊ တစ်ခုခုဖြစ်လာရင် တိုင်ဖို့၊ နောက်ပြီးတော့ ဖုန်းနံပါတ်တွေလည်း သူတို့အားလုံးကို ပေးထားပါတယ်”ဟု တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စန်းဦးက ပြောသည်။

တာလမြေို့တွင် သြဂုတ်လဆန်းပိုင်းအတွင်း နံနက်အစောပိုင်း ဈေးသည်များထံမှ ပိုက်ဆံလုယူမှုများ ဖြစ်ပွားနပြေီး ဇူလိုင်လအတွင်းကလည်း ဆိုင်ကယ်ခိုးယူခံရမှု (၂)မှုဖြစ်ပွားသော်လည်း ဒေသခံများက ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားမှု မရှိကြောင်း တာလမြေို့ခံများထံမှ သိရသည်။

တာလေနယ်မြေရဲတပ်ဖွဲ့ထံ သတင်းပေးပို့တိုင်ကြားလိုသူများ အနဖြေင့် ဖုန်း 09 49035745 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~