တာခ်ီလိတ္၌ မူးယစ္အမႈျဖင့္ ဖမ္းခံရၿပီး က်ဳိင္းတံုအက်ဥ္းေထာင္တြင္ ေထာင္ဒဏ္ အႏွစ္(၂၀)က်ခံေနရသည့္ အက်ဥ္းသားအမ်ဳိးသား တစ္ဦး ေဆးရံုတြင္ ကြယ္လြန္

တာခ်ီလိတ္၌ မူးယစ္အမႈျဖင့္ ဖမ္းခံရၿပီး က်ဳိင္းတံုအက်ဥ္းေထာင္တြင္ ေထာင္ဒဏ္ အႏွစ္(၂၀)က်ခံေနရသည့္ အက်ဥ္းသားအမ်ဳိးသား တစ္ဦး ေဆးရံုတြင္ ကြယ္လြန္
သြဂုတ် 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုအက်ဥ္းေထာင္တြင္ ျပစ္ဒဏ္က်ခံေနရသည့္ တာခ်ီလိတ္ၿမိဳ႕မွ အသက္(၃၅)အရြယ္ အက်ဥ္းသားတစ္ဦး ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၉)ရက္ေန႔ ည (၉)နာရီေက်ာ္က ေသြးတိုး၊ ႏွလံုးေရာဂါမ်ားျဖင့္ က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီးသို႔ အေရးေပၚတင္ပို႔စဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

ျပစ္ဒဏ္ အနွစ္(၂၀)က်ခံေနရသည့္ အုိက္က်ိဳင္းရြက္သည္ ျပင္ပဒဏ္ရာမ်ား မရိွဘဲ သတိလစ္ ေမ့ေမ်ာ သြားၿပီး ေသြးေပါင္တိုင္း မရသျဖင့္ က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီးသို႔ အေရးေပၚ ပို႔ေဆာင္ခဲ့ရရာ တစ္နာရီဝန္းက်င္ အၾကာတြင္ ေသဆံုးသြားျခင္းျဖစ္သျဖင့္ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္၊ မဟုတ္ကို စစ္ေဆးထားေၾကာင္း သိရသည္။

အဆိုပါ အက်ဥ္းသားေသဆံုးမႈအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၃၇/၂၀၁၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ထို႔အတူ တာခ်ီလိတ္၌ မူးယစ္ေဆး၀ါးအမႈျဖင့္ ဖမ္းဆီး ခံရရာမွ က်ဳိင္းတံုအက်ဥ္းေထာင္တြင္ ေထာင္ဒဏ္ အျဖစ္ စုစုေပါင္း (၁၅)ႏွစ္  ျပစ္ဒဏ္က်ခံ ေနရသူ အသက္(၃၉)ႏွစ္၀န္းက်င္ရွိ စိုင္းက်န္သည္လည္း ၂၀၁၈ခုႏွစ္ ဇြန္လ(၁၂)ရက္ေန႔က က်ဳိင္းတံုအက်ဥ္းေထာင္တြင္ ေသြးေပါင္ အလြန္က်ကာ သတိေကာင္းစြာ မရသျဖင့္  က်ဳိင္းတံုျပည္သူ႔ေဆးရံုသို႔ အေရးေပၚတင္ပို႔ ကုသထားရာမွ ကြယ္လြန္သြားမႈလည္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် တာချီလိတ်မြို့မှ အသက်(၃၅)အရွယ် အကျဉ်းသားတစ်ဦး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့ ည (၉)နာရီကျော်က သွေးတိုး၊ နှလုံးရောဂါများဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့စဉ် သေဆုံးသွားကြောင်း သိရသည်။

ပြစ်ဒဏ် အနှစ်(၂၀)ကျခံနေရသည့် အိုက်ကျိုင်းရွက်သည် ပြင်ပဒဏ်ရာများ မရှိဘဲ သတိလစ် မေ့မျော သွားပြီး သွေးပေါင်တိုင်း မရသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရရာ တစ်နာရီဝန်းကျင် အကြာတွင် သေဆုံးသွားခြင်းဖြစ်သဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးထားကြောင်း သိရသည်။

အဆိုပါ အကျဉ်းသားသေဆုံးမှုအား ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၃၇/၂၀၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့အတူ တာချီလိတ်၌ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီး ခံရရာမှ ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် အဖြစ် စုစုပေါင်း (၁၅)နှစ် ပြစ်ဒဏ်ကျခံ နေရသူ အသက်(၃၉)နှစ်ဝန်းကျင်ရှိ စိုင်းကျန်သည်လည်း ၂၀၁၈ခုနှစ် ဇွန်လ(၁၂)ရက်နေ့က ကျိုင်းတုံအကျဉ်းထောင်တွင် သွေးပေါင် အလွန်ကျကာ သတိကောင်းစွာ မရသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ အရေးပေါ်တင်ပို့ ကုသထားရာမှ ကွယ်လွန်သွားမှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~