တာခ်ီလိတ္တြင္ ယခုႏွစ္အတြင္း ျပင္းထန္ေသြးလြန္ တုပ္ေကြးျဖစ္ပြားသည့္ ကေလးလူနာ မ်ားျပားလာ

တာခ်ီလိတ္တြင္ ယခုႏွစ္အတြင္း ျပင္းထန္ေသြးလြန္ တုပ္ေကြးျဖစ္ပြားသည့္ ကေလးလူနာ မ်ားျပားလာ
သြဂုတ် 1, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ယခုႏွစ္အတြင္း ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ ယခင္ႏွစ္ထက္ မ်ားလာသည့္ အျပင္ ျပင္းထန္ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ ဦးေရ ပိုမ်ားလာသျဖင့္ ကေလးမ်ား ဖ်ားနာသည္ႏွင့္ ေဆးရံုေဆးခန္းသို႔ အခ်ိန္မီျပသၾကရန္ ဆရာဝန္မ်ားက တုိက္တြန္း ထားသည္။

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လႏွင့္ ဇူလုိင္လ (၂)လအတြင္း ေသြးလြန္တုပ္ေကြး ျဖစ္ပြားသည့္ ကေလးလူနာစုစုေပါင္း (၁၈၈)ေယာက္ရိွသည့္ အနက္ (၆၀)ဦးမွာ ျပင္းထန္ ေသြးလြန္တုပ္ေကြး ျဖစ္ပြားသူမ်ား ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးမွ ကေလးအထူးကု ဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္ထံမွ သိရသည္။

“ေသြးလြန္တုပ္ေကြးမွာ အဆင့္က (၄)ဆင့္ရိွတယ္။ အဆင့္(၃)နဲ႔ (၄)က ျပင္းထန္လုိ႔ ေခၚတယ္။ ေသြးေပါင္ က်တယ္။ အဲဒါမ်ိဳးကေတာ့ ဖ်ားရင္ ေဆးရံုေဆးခန္း ျမန္ျမန္ျပဖို႔ပါပဲ။ တစ္ခ်ိဳ႕ကေတာ့ အခ်ိန္လြန္မွ ေသြးေပါင္က တိုင္းလို႔ကိုမရေတာ့ဘဲ ေပ်ာ့ဖတ္ေနမွ ေရာက္လာတယ္ေပါ့ေနာ္။ အသက္အႏၱရာယ္ ရိွတာေပါ့ေနာ္။ မႏွစ္ကလည္း ျပင္းထန္ အဆင့္ရိွတယ္။ ဒါေပမဲ့ ဒီႏွစ္ကမ်ားတယ္”ဟု တာခ်ီလိတ္ခရို္င္ျပည္သူ႔ေဆးရံုမွ ကေလးအထူးကုဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသြးလြန္တုပ္ေကြးေရာဂါ လကၡဏာမွာ ဖ်ားလွ်င္(၂)ရက္မွ (၇)ရက္ခန္႔အထိ ဖ်ားတတ္ၿပီး၊ ဖ်ားသည့္ ကာလအတြင္း အဖ်ားမက်ျခင္း၊ ကေလးမွာ မွိန္းေနျခင္း၊ ဂ်ီက်ျခင္း၊ ခႏၶာကိုယ္တြင္ အနီစက္မ်ားျဖစ္ေနျခင္း၊ အန္သည့္အခါ ေကာ္ဖီေရာင္ပါျခင္း၊ ဝမ္းသြားသည့္အခါ အမည္းေရာင္ျဖစ္ျခင္း၊ ဗိုက္နာျခင္း၊ တံေတာင္ဆစ္ အထိ ေျခဖ်ားလက္ဖ်ား ေအးေနျခင္း စသည့္ လကၡဏာမ်ား ျပတတ္ေၾကာင္း သိရသည္။

ေသြးလြန္တုပ္ေကြးမွာ ကုသသည့္ ေဆးမရိွဘဲ ေစာင့္ၾကည့္ကုသျခင္းျဖင့္သာ ကုသရန္ လိုအပ္သျဖင့္ ေဆးရံုသို႔ အျမန္ဆံုး ေရာက္ရိွရန္လိုအပ္ေၾကာင္း ဆရာဝန္မ်ားက သတိေပးထားသည္။

ေသြးလြန္တုပ္ေကြးေရာဂါမွာ ေရာဂါပိုး သယ္ေဆာင္သည့္ ျခင္ အကိုက္ခံရျခင္းေၾကာင့္ ျဖစ္ပြားၿပီး အသက္အရြယ္မေရြး ျဖစ္ပြားတတ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ယခင်နှစ်ထက် များလာသည့် အပြင် ပြင်းထန်သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ဦးရေ ပိုများလာသဖြင့် ကလေးများ ဖျားနာသည်နှင့် ဆေးရုံဆေးခန်းသို့ အချိန်မီပြသကြရန် ဆရာဝန်များက တိုက်တွန်း ထားသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၈ ခုနှစ် ဇွန်လနှင့် ဇူလိုင်လ (၂)လအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် ကလေးလူနာစုစုပေါင်း (၁၈၈)ယောက်ရှိသည့် အနက် (၆၀)ဦးမှာ ပြင်းထန် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများ ဖြစ်ကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန် ဒေါက်တာကျော်စွာမြင့်ထံမှ သိရသည်။

“သွေးလွန်တုပ်ကွေးမှာ အဆင့်က (၄)ဆင့်ရှိတယ်။ အဆင့်(၃)နဲ့ (၄)က ပြင်းထန်လို့ ခေါ်တယ်။ သွေးပေါင် ကျတယ်။ အဲဒါမျိုးကတော့ ဖျားရင် ဆေးရုံဆေးခန်း မြန်မြန်ပြဖို့ပါပဲ။ တစ်ချို့ကတော့ အချိန်လွန်မှ သွေးပေါင်က တိုင်းလို့ကိုမရတော့ဘဲ ပျော့ဖတ်နေမှ ရောက်လာတယ်ပေါ့နော်။ အသက်အန္တရာယ် ရှိတာပေါ့နော်။ မနှစ်ကလည်း ပြင်းထန် အဆင့်ရှိတယ်။ ဒါပေမဲ့ ဒီနှစ်ကများတယ်”ဟု တာချီလိတ်ခရို်င်ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာမှာ ဖျားလျှင်(၂)ရက်မှ (၇)ရက်ခန့်အထိ ဖျားတတ်ပြီး၊ ဖျားသည့် ကာလအတွင်း အဖျားမကျခြင်း၊ ကလေးမှာ မှိန်းနခြေင်း၊ ဂျီကျခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များဖြစ်နခြေင်း၊ အန်သည့်အခါ ကော်ဖီရောင်ပါခြင်း၊ ဝမ်းသွားသည့်အခါ အမည်းရောင်ဖြစ်ခြင်း၊ ဗိုက်နာခြင်း၊ တံတောင်ဆစ် အထိ ခြေဖျားလက်ဖျား အေးနခြေင်း စသည့် လက္ခဏာများ ပြတတ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးမှာ ကုသသည့် ဆေးမရှိဘဲ စောင့်ကြည့်ကုသခြင်းဖြင့်သာ ကုသရန် လိုအပ်သဖြင့် ဆေးရုံသို့ အမြန်ဆုံး ရောက်ရှိရန်လိုအပ်ကြောင်း ဆရာဝန်များက သတိပေးထားသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ ရောဂါပိုး သယ်ဆောင်သည့် ခြင် အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားပြီး အသက်အရွယ်မရွေး ဖြစ်ပွားတတ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~