တာချီလိတ်တွင် ရွှေဆိုင်အနုကြမ်းဝင်စီးခံရပြီးနောက် တာချီလိတ်ခရိုင်အတွင်း ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများကို ရဲတပ်ဖွဲ့က ယခင်ကထက် တိုးမြှင့်လုပ်ဆောင်

တာချီလိတ်တွင် ရွှေဆိုင်အနုကြမ်းဝင်စီးခံရပြီးနောက် တာချီလိတ်ခရိုင်အတွင်း ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများကို ရဲတပ်ဖွဲ့က ယခင်ကထက် တိုးမြှင့်လုပ်ဆောင်
သွဂုတျ 21, 2018
By Tachileik News Agency



ရှောင်တခင် စစ်ဆေးမှုများကို ယခင်ကထက် တိုးမြှင့်၍ ၂၀၁၈ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့တွင် ရှမ်းပြည်နယ်(မှုခင်းအကူ)မှ ဒုရဲအုပ် ဝေလင်းထွန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့ဝင် (၂၀)မှ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ် နှင့် မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တို့တွင် နံနက်နှင့်နေ့လည်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ပြည်နယ်/ခရိုင်/မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ် နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် နှင့် လ၀က အဖွဲ့ဝင်များ အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်များမှ တာဝန်ကျ ၀န်ထမ်းများပါဝင်ကာ လုပ်ဆောင် နေကြခြင်း ဖြစ်သည်။


တာချီလိတ်မြို့ အောင်မြတ်ခန်းမရှေ့ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် သေနတ်သမား တစ်ဦး အနုကြမ်းဝင်စီးရာက ရွှေလာဝယ်သူ အမျိုးသမီး တစ်ဦး သေနတ်ဒဏ်ရာရရှိမှု ၂၀၁၈ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီကျော်က ဖြစ်ပွားခဲ့ရာမှ  ထွက်ပြေးလွတ်မြောက်နေသည့် အမည်မသိ သေနတ် သမားအား ရဲတပ်ဖွဲ့က ရှာဖွေမှုများကို သြဂုတ်လ(၂၁)ရက်နေ့အထိ လုပ်ဆောင်နေလျှက်ရှိပြီး ရှောင်တခင် ပိတ်ဆို့ စစ်ဆေး မှုများကို ယခင်ကထက် တိုးမြှင့် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။


Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ပေါ်ရှိ ဒိုင်းမွန်း ရွှေဆိုင်အား အနုကြမ်း စီးခံရပြီးနောက် ရဲတပ်ဖွဲ့က ပူးပေါင်း အဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးမှုများကို ယခင်ကထက် တိုးမြှင့် လုပ်ဆောင် နေကြောင်း သိရသည်။

“အခုတလော ဖြစ်ပွား သွားတာလေးတွေလည်း များတဲ့အတွက် မြို့အဝင် အထွက်တွေ၊ မြို့တွင်း ပိတ်ဆို့ စစ်ဆေးတာတွေ၊ လှည့်ကင်းတွေ အရင်ထက် တိုးမြှင့်ဆောင်ရွက်နေပါတယ်”ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှောင်တခင် စစ်ဆေးမှုများကို ယခင်ကထက် တိုးမြှင့်၍ ၂၀၁၈ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့တွင် ရှမ်းပြည်နယ်(မှုခင်းအကူ)မှ ဒုရဲအုပ်ေဝလင်းထွန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့ဝင် (၂၀)မှ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ် နှင့် မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တို့တွင် နံနက်နှင့်နေ့လည်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးလွင် ဦးစီးသည့် ပူးပေါင်းအဖွဲ့ဝင် (၂၀)ကျော်က တာချီလိတ်မြို့ ဟွေရဲပူးပေါင်းစစ်ဆေးရေးဂိတ် နှင့် ဂေါက်ကွင်းလမ်းဆုံတို့တွင် နံနက်နှင့် နေ့လည် အချိန်နှစ်ချိန်ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ပြည်နယ်/ခရိုင်/မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ် နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ် နှင့် လဝက အဖွဲ့ဝင်များ အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်များမှ တာဝန်ကျ ဝန်ထမ်းများပါဝင်ကာ လုပ်ဆောင် နကြခြေင်း ဖြစ်သည်။

သြဂုတ်လ(၂၁)ရက်နေ့တွင် နေရာ(၄)နေရာ၌ အဖွဲ့(၂)ဖွဲ့ခွဲကာ နံနက် နှင့် နေ့လည်တို့တွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ရာတွင် ထူးခြားမှုများ မရှိခဲ့သော်လည်း သြဂုတ်လ(၂၀)ရက်နေ့က ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်စဉ် တာချီလိတ်မြို့၊ မေဖလားဝါးကွင်းမှ မြန်မာ့တိုးနယားကွင်း ဘက်သို့ သွားလမ်းတွင် လူငယ်တစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာက အလေးချိန် (၃၅၀)ဂရမ်ရှိသည့် ဘိန်းဖြူဘလောက်တုံးတစ်တုံး ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမရှေ့ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် သေနတ်သမား တစ်ဦး အနုကြမ်းဝင်စီးရာက ရွှေလာဝယ်သူ အမျိုးသမီး တစ်ဦး သေနတ်ဒဏ်ရာရရှိမှု ၂၀၁၈ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီကျော်က ဖြစ်ပွားခဲ့ရာမှ ထွက်ပြေးလွတ်မြောက်နေသည့် အမည်မသိ သေနတ် သမားအား ရဲတပ်ဖွဲ့က ရှာဖွေမှုများကို သြဂုတ်လ(၂၁)ရက်နေ့အထိ လုပ်ဆောင်နေလျှက်ရှိပြီး ရှောင်တခင် ပိတ်ဆို့ စစ်ဆေး မှုများကို ယခင်ကထက် တိုးမြှင့် လုပ်ဆောင်နကြခြေင်း ဖြစ်သည်။

ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများကို တာချီလိတ်မြို့ပေါ်တွင်သာ မဟုတ်ဘဲ တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် တာချီလိတ်၊ မိုင်းဖြတ် နှင့် မိုင်းယောင်းမြို့တို့တွင် ရဲတပ်ဖွဲ့ ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးမှုများကို ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~