မူကြိုတက်နေသည့် ကလေးတစ်ဦး အိမ်သာကျင်းအတွင်း ကျ၍သေဆုံးမှုကို ရဲတပ်ဖွဲ့ထံ အကြောင်းမကြားဘဲ သဂြုင်္ိလ်ထားကြောင်း တိုင်ကြားသဖြင့် အလောင်းအား ပြန်ဖော်ကာ စစ်ဆေးနေ

မူကြိုတက်နေသည့် ကလေးတစ်ဦး အိမ်သာကျင်းအတွင်း ကျ၍သေဆုံးမှုကို ရဲတပ်ဖွဲ့ထံ အကြောင်းမကြားဘဲ သဂြုင်္ိလ်ထားကြောင်း တိုင်ကြားသဖြင့် အလောင်းအား ပြန်ဖော်ကာ စစ်ဆေးနေ
သွဂုတျ 17, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မူကြိုကျောင်းတက်နေသည့် ကလေးတစ်ဦး ရေလောင်း အိမ်သာ ဆားဗစ်ကျင်း အတွင်း ပြုတ်ကျသေဆုံး သွားသည်ကို စုံစမ်းစစ်ဆေးမှု မပြုလုပ်ဘဲ မြေမြုပ် သဂြိုလ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံအကြောင်းကြားသဖြင့် အလောင်းပြန်ဖေါ်စစ်ဆေးပြီး အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)ရှိ မူကြိုကျောင်းတွင် မူကြိုတက်နေသည့် မိန်းကလေးငယ်တစ်ဦး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့က ရေလောင်းအိမ်သာ ဆားဗစ်ကျင်းအတွင်း ပြုတ်ကျသေဆုံးသွားပြီး သြဂုတ်လ(၁၆)ရက်နေ့တွင် ဟွေဖျဲန်းခရစ်ယာန်သုဿန်၌ မြေမြုပ်သဂြုင်္ိလ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံ သြဂုတ်လ (၁၇)ရက်နေ့က သတင်းပို့လာခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သြဂုတ်လ(၁၇)ရက်နေ့တွင် မူကြိုကျောင်းအုပ် စစ္စတာမာရီယာအားမီအား ဖြစ်စဉ်ကို မေးမြန်းရာ သြဂုတ်လ(၁၅)ရက်နေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်ဝန်းကျင် ထမင်းစားနားချိန်တွင် အသက်(၂)နှစ် (၈)လအရွယ် မနန်းရင်ရင်မှာ ပျောက်ဆုံးနေသဖြင့် ဆရာမများက လိုက်လံရှာဖွေရာ ဆွေးမြေ့နေသည့် သွပ်ပြားဖုံးထားသည့် ရေလောင်းအိမ်သာ ဆားဗစ်ကျင်း အတွင်း ပြုတ်ကျ သေဆုံး နေသည်ကို တွေ့ရခြင်းဖြစ်ပြီး ကလေး၏ ဖခင်ဖြစ်သူထံ အကြောင်းကြားပြီးနောက် အဆိုပါ ကလေးအား သြဂုတ်လ(၁၆)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် ခရစ်ယာန်ဓလေ့ထုံးတမ်းအရ မြေမြုပ် သဂြုင်္ိလ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မူကြိုကျောင်းတက်နေသည့် ကလေးတစ်ဦး ရေလောင်း အိမ်သာ ဆားဗစ်ကျင်း အတွင်း ပြုတ်ကျသေဆုံး သွားသည်ကို စုံစမ်းစစ်ဆေးမှု မပြုလုပ်ဘဲ မြမြေုပ် သဂြိုလ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံအကြောင်းကြားသဖြင့် အလောင်းပြန်ဖော်စစ်ဆေးပြီး အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)ရှိ မူကြိုကျောင်းတွင် မူကြိုတက်နေသည့် မိန်းကလေးငယ်တစ်ဦး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့က ရေလောင်းအိမ်သာ ဆားဗစ်ကျင်းအတွင်း ပြုတ်ကျသေဆုံးသွားပြီး သြဂုတ်လ(၁၆)ရက်နေ့တွင် ဟွေဖျဲန်းခရစ်ယာန်သုဿန်၌ မြမြေုပ်သင်္ဂြိုလ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံ သြဂုတ်လ (၁၇)ရက်နေ့က သတင်းပို့လာခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သြဂုတ်လ(၁၇)ရက်နေ့တွင် မူကြိုကျောင်းအုပ် စစ္စတာမာရီယာအားမီအား ဖြစ်စဉ်ကို မေးမြန်းရာ သြဂုတ်လ(၁၅)ရက်နေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်ဝန်းကျင် ထမင်းစားနားချိန်တွင် အသက်(၂)နှစ် (၈)လအရွယ် မနန်းရင်ရင်မှာ ပျောက်ဆုံးနေသဖြင့် ဆရာမများက လိုက်လံရှာဖွေရာ ဆွေးမြေ့နေသည့် သွပ်ပြားဖုံးထားသည့် ရေလောင်းအိမ်သာ ဆားဗစ်ကျင်း အတွင်း ပြုတ်ကျ သေဆုံး နေသည်ကို တွေ့ရခြင်းဖြစ်ပြီး ကလေး၏ ဖခင်ဖြစ်သူထံ အကြောင်းကြားပြီးနောက် အဆိုပါ ကလေးအား သြဂုတ်လ(၁၆)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် ခရစ်ယာန်ဓလေ့ထုံးတမ်းအရ မြမြေုပ် သင်္ဂြိုလ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအကြောင်းရင်းအား စစ်ဆေးရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ သက်သေများ ပါဝင်သည့် အဖွဲ့က အလောင်းအား ပြန်ဖော်ပြီး ရင်ခွဲစစ်ဆေးထားကြောင်း နှင့် သေဆုံးမှုအား ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၃၆/၂၀၁၈)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~