တာခ်ီလိတ္တြင္ ကားႏွင့္ဆိုင္ကယ္ တိုက္မိရာက ဆိုင္ကယ္ေမာင္းသူ ဒဏ္ရာရရွိၿပီး ကားေမာင္သူမွာ ထြက္ေျပး လြတ္ေျမာက္

တာခ်ီလိတ္တြင္ ကားႏွင့္ဆိုင္ကယ္ တိုက္မိရာက ဆိုင္ကယ္ေမာင္းသူ ဒဏ္ရာရရွိၿပီး ကားေမာင္သူမွာ ထြက္ေျပး လြတ္ေျမာက္
သြဂုတ် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၊ ရွမ္းရိုးမကြင္းေရွ႕ရိွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမတြင္  ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔ ည (၁၀)နာရီခြဲေက်ာ္က ဆုိင္ကယ္ႏွင့္ ေမာ္ေတာ္ယာဥ္တိုက္မိရာ ဆုိင္ကယ္ေမာင္းသူ ဒဏ္ရာျပင္းထန္စြာရသြားၿပီး ေမာ္ေတာ္ယာဥ္မွာ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရသည္။

“အခု ေဆးရံုမွာ ပို႔ထားပါၿပီ။ လူနာအေျခအေနကေတာ့ အသက္အႏၱရာယ္ေတာ့ မစိုးရိမ္ရပါဘူး။  ဒဏ္ရာက နည္းနည္းေတာ့ ျပင္းတယ္။ ဆိုင္ကယ္က အေျဖာင့္ေမာင္းလာတာ ကားက ေကြ႕လိုက္တာမွာ ဝင္တုိက္မိတာလုိ႔ ေဘးနားက မ်က္ျမင္ေတြ ေျပာတာေတာ့ ၾကားတယ္။ ယာဥ္စည္းကမ္း လမ္းေၾကာအရ ဆုိင္ကယ္က မွန္တယ္လို႔ေတာ့ ယာဥ္ထိန္းက ယူဆတယ္ေျပာတယ္။ ကားကို သူတုိ႔ ဝိုင္းလုိက္ၾကေတာ့ ကားက တအားေမာင္းထြက္ေျပးတယ္ ေျပာတယ္”ဟု ယာဥ္တုိက္မႈမွ လူနာအား ေဆးရံုပို႔ေဆာင္ေပးသည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္တုိက္မႈျဖစ္ပြားရာသို႔ တာခ်ီလိတ္ယာဥ္ထိန္းတပ္ဖြဲ႕မွ တာဝန္ရိွသူမ်ား ေရာက္ရိွစစ္ေဆးၿပီး ဒဏ္ရာရသြားေသာ ဆုိင္ကယ္ေမာင္းႏွင္သည့္ အမ်ိဳးသားအား တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ ည (၁၀)နာရီခွဲကျော်က ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မိရာ ဆိုင်ကယ်မောင်းသူ ဒဏ်ရာပြင်းထန်စွာရသွားပြီး မော်တော်ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

“အခု ဆေးရုံမှာ ပို့ထားပါပြီ။ လူနာအခြေအနေကတော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ဒဏ်ရာက နည်းနည်းတော့ ပြင်းတယ်။ ဆိုင်ကယ်က အဖြောင့်မောင်းလာတာ ကားက ကွေ့လိုက်တာမှာ ဝင်တိုက်မိတာလို့ ဘေးနားက မျက်မြင်တွေ ပြောတာတော့ ကြားတယ်။ ယာဉ်စည်းကမ်း လမ်းကြောအရ ဆိုင်ကယ်က မှန်တယ်လို့တော့ ယာဉ်ထိန်းက ယူဆတယ်ပြောတယ်။ ကားကို သူတို့ ဝိုင်းလိုက်ကြတော့ ကားက တအားမောင်းထွက်ပြေးတယ် ပြောတယ်”ဟု ယာဉ်တိုက်မှုမှ လူနာအား ဆေးရုံပို့ဆောင်ပေးသည့် တာချီလိတ်နာရေးကူညီမှုအသင်းမှ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ တာချီလိတ်ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးပြီး ဒဏ်ရာရသွားသော ဆိုင်ကယ်မောင်းနှင်သည့် အမျိုးသားအား တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~