တောင်ကြီးတွင် ကျင်းပနေသည့် ရှမ်းပြည်နယ်မီဒီယာဖွံ့ဖြိုးမှုဖိုရမ်သို့ မဏ္ဍိုင်သုံးရပ်ကို ဖိတ်ကြားထားသော်လည်း ဥပဒေပြုရေး မဏ္ဍိုင်တစ်ခုကသာ တက်ရောက်ဆွေးနွေး
တောင်ကြီးတွင် ကျင်းပနေသည့် ရှမ်းပြည်နယ်မီဒီယာဖွံ့ဖြိုးမှုဖိုရမ်သို့ မဏ္ဍိုင်သုံးရပ်ကို ဖိတ်ကြားထားသော်လည်း ဥပဒေပြုရေး မဏ္ဍိုင်တစ်ခုကသာ တက်ရောက်ဆွေးနွေး
သွဂုတျ 5, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ ဟိုတယ်ထိန်သာတွင် ဒုတိယမြောက်ရက်အဖြစ် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့တွင် ကျင်းပနေသည့် ရှမ်းပြည်နယ်မီဒီယာဖွံ့ဖြိုးမှုဖိုရမ်သို့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များမှ တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများကို ဆွေးနွေးရန် ဖိတ်ကြားထားသော်လည်း ဥပဒေပြုရေးမဏ္ဍိုင်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက် အဖွဲ့အစည်းများသာ တက်ရောက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အပါအ၀င် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်(၂)ရပ်က တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
ဥပဒေပြုရေး ရှမ်းပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ် (၃)ဦးသာ တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မီဒီယာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သြဂုတ်လ ၄ ရက်နေ့က စတင်ကျင်းပသည့် အဆိုပါ ဖိုရမ်တွင်  ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် တောင်ပိုင်းတို့မှ  သတင်းမီဒီယာသမား (၃၀)တက်ရောက်နေပြီး ပြည်နယ်တွင်း သတင်းမီဒီယာများ လွတ်လပ်စွာသတင်းရယူနိုင်ရေးနှင့် အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှု အားကောင်းစေရေးတို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မီဒီယာ ဖွံ့ဖြိုးမှုဖိုရမ်အား(The People’s Voice ) ခမ်းသားငေါဝ်းနှင့် တောင်ကြီး သတင်းထောက်များ အသင်း ( Taungyi Journalist Association ) တို့က ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကာ အီးယူအကူအညီဖြင့် မေတ္တာဖောင်ဒေးရှင်း က ထောက်ပံ့မှုပေးထားကာ သြဂုတ်လ (၅)ရက်နေ့ ညနေ (၄)နာရီအထိ ကျင်းပနေခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ ဟိုတယ်ထိန်သာတွင် ဒုတိယမြောက်ရက်အဖြစ် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့တွင် ကျင်းပနေသည့် ရှမ်းပြည်နယ်မီဒီယာဖွံ့ဖြိုးမှုဖိုရမ်သို့ တရားစီရင်ရေး၊ ဥပဒပြေုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များမှ တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများကို ဆွေးနွေးရန် ဖိတ်ကြားထားသော်လည်း ဥပဒပြေုရေးမဏ္ဍိုင်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက် အဖွဲ့အစည်းများသာ တက်ရောက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အပါအဝင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်(၂)ရပ်က တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
ဥပဒပြေုရေး ရှမ်းပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ် (၃)ဦးသာ တက်ရောက် ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ဖိတ်တယ်။ ကိုယ်တိုင်ကိုယ်ကျ ဖိတ်တယ်။ အကုန်လုံးကိုဖိတ်တယ်။ ဝန်ကြီးချုပ်နဲ့တော့ ဝင်တွေ့ခွင့် မရတဲ့အတွက် ပေးထားခဲ့ရတယ်။ လူကိုယ်တိုင် သွားဖိတ်တာပါ။ သြဂုတ်လ (၁) ရက်နေ့ ကတည်းက လိုက်ဖိတ်ထားတာပါ”ဟု ဖိုရမ်ကျင်းပရေးအဖွဲ့တွင် ပါဝင်သည့် တောင်ကြီးသတင်းထောက်များ အသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးနေလင်းသိုက်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်မီဒီယာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သြဂုတ်လ ၄ ရက်နေ့က စတင်ကျင်းပသည့် အဆိုပါ ဖိုရမ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် တောင်ပိုင်းတို့မှ သတင်းမီဒီယာသမား (၃၀)တက်ရောက်နပြေီး ပြည်နယ်တွင်း သတင်းမီဒီယာများ လွတ်လပ်စွာသတင်းရယူနိုင်ရေးနှင့် အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှု အားကောင်းစေရေးတို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယနေ့တွင် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် သတင်းမီဒီယာတို့က ဆွေးနွေးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တွေ့ကြုံနေရသည့် သတင်းသမားများ၏ အခက်အခဲများနှင့် သတင်းကွန်ရက် ချိတ်ဆက်မှု အားကောင်းလာစေမည့် အကြောင်းအရာများကို ဆွေးနွေးကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြနိုင်ရန် စာတမ်းပြုစု သွားမည်ဖြစ်ကြောင်း သိရသည်။
ဖိုရမ်ကျင်းပသည့် ဒုတိယနေ့တွင် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် သုံးဦးဖြစ်သည့် ဒေါ်မေရီချို၊ ဦးစိုင်းညီညီကျော်၊ ဦးသန်းထိုက်တို့နှင့်အတူ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေ နှင့် အရပ်ဖက်အဖွဲ့အစည်း အချို့လည်း တက်ရောက် ဆွေးနွေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်မီဒီယာ ဖွံ့ဖြိုးမှုဖိုရမ်အား(The People’s Voice ) ခမ်းသားငေါဝ်းနှင့် တောင်ကြီး သတင်းထောက်များ အသင်း ( Taungyi Journalist Association ) တို့က ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကာ အီးယူအကူအညီဖြင့် မေတ္တာဖောင်ဒေးရှင်း က ထောက်ပံ့မှုပေးထားကာ သြဂုတ်လ (၅)ရက်နေ့ ညနေ (၄)နာရီအထိ ကျင်းပနခြေင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~