ျမင္းၿခံၿမိဳ႕ စြန္းလြန္းေရလႊဲဆည္၏ ေအာက္ေျခကန္တြင္ လူငယ္(၄)ဦး ေရဆင္းကူးရာက တစ္ဦး ေရနစ္ေသဆံုး

ျမင္းၿခံၿမိဳ႕ စြန္းလြန္းေရလႊဲဆည္၏ ေအာက္ေျခကန္တြင္ လူငယ္(၄)ဦး ေရဆင္းကူးရာက တစ္ဦး ေရနစ္ေသဆံုး
သြဂုတ် 17, 2018
By Tachileik News Agency

ျမင္းၿခံခရိုင္၊ ျမင္းၿခံၿမိဳ႕ရွိ စြန္းလြန္းေရလႊဲဆည္၏ ေအာက္ေျခကန္တြင္ လူငယ္(၄)ဦး ေရဆင္းကူးရာက  အသက္(၁၆)ႏွစ္အရြယ္ လူငယ္တစ္ဦး ေရနစ္ေသဆံုးမႈ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁၇)ရက္ေန႔ ေန႔လည္(၁)နာရီခြဲေက်ာ္က ျဖစ္ပြားခဲ့ၿပီး အေလာင္းအား ေရငုပ္ရွာေဖြရေၾကာင္း သိရသည္။

"ေရကေတာ့ ၀ါးႏွစ္ျပန္စာေလာက္ နစ္တယ္၊ ေသဆံုးသူကေတာ့ (၉)တန္းေက်ာင္းသားတဲ့ ေက်ာင္းေတာ့ ထြက္ထားတာလို႔ သိရတယ္"ဟု ကယ္ဆယ္ေရးတြင္ ပါ၀င္သူ တစ္ဦးက  တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဆည္အတြင္းသို႔ အသက္(၁၆)ႏွစ္မွ အသက္(၁၇)ႏွစ္အရြယ္အထိ စုစုေပါင္း လူငယ္(၄)ဦး ပါ၀င္ၿပီး ေရကူးၾကရာတြင္ ေသဆံုးသြားသူမွာ ျမင္းၿခံၿမိဳ႕ အမွတ္(၁၉)ရပ္ကြက္တြင္ ေနထိုင္သူ အသက္(၁၆)ႏွစ္အရြယ္ ေမာင္ေအာင္စံၿဖဳိးျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားသည့္ေနရာသို႔  ျမင္းၿခံခရိုင္မီးသတ္တပ္ဖြဲ႔မွ လက္ေထာက္မီးသတ္ဦးစီးမွဴး ဦးရဲေနာင္၀င္း အပါအ၀င္ တပ္ဖြဲ႔၀င္ (၈)ဦးတို႔မွ သြားေရာက္ရွာေဖြခဲ့ၾကရာတြင္ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ တာ၀န္သိျပည္သူတို႔မွ ကူညီရွာေဖြေပးခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - TAL




~~~~~~~~⊰❂ unicode ~~~~~~~~

မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ စွန်းလွန်းရေလွှဲဆည်၏ အောက်ခြေကန်တွင် လူငယ်(၄)ဦး ရေဆင်းကူးရာက အသက်(၁၆)နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးမှု ၂၀၁၈ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့ နေ့လည်(၁)နာရီခွဲကျော်က ဖြစ်ပွားခဲ့ပြီး အလောင်းအား ရေငုပ်ရှာဖွေရကြောင်း သိရသည်။

"ရေကတော့ ဝါးနှစ်ပြန်စာလောက် နစ်တယ်၊ သေဆုံးသူကတော့ (၉)တန်းကျောင်းသားတဲ့ ကျောင်းတော့ ထွက်ထားတာလို့ သိရတယ်"ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆည်အတွင်းသို့ အသက်(၁၆)နှစ်မှ အသက်(၁၇)နှစ်အရွယ်အထိ စုစုပေါင်း လူငယ်(၄)ဦး ပါဝင်ပြီး ရေကူးကြရာတွင် သေဆုံးသွားသူမှာ မြင်းခြံမြို့ အမှတ်(၁၉)ရပ်ကွက်တွင် နေထိုင်သူ အသက်(၁၆)နှစ်အရွယ် မောင်အောင်စံဖြိုးဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ မြင်းခြံခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲနောင်ဝင်း အပါအဝင် တပ်ဖွဲ့ဝင် (၈)ဦးတို့မှ သွားရောက်ရှာဖွေခဲ့ကြရာတွင် လူမှုရေးအသင်းအဖွဲ့များ နှင့် တာဝန်သိပြည်သူတို့မှ ကူညီရှာဖွေပေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - TAL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~