တာချီလိတ်နာရေးကူညီမှုအသင်းမှ ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူ(၂၀၀၀)၀န်းကျင်အား စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုး
တာချီလိတ်နာရေးကူညီမှုအသင်းမှ ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူ(၂၀၀၀)၀န်းကျင်အား စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုး
သွဂုတျ 10, 2018
By Tachileik News Agency
ပဲခူးရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရန်အတွက် မားမားခေါက်ဆွဲ၊ ကြာရှည်အစားခံမုန့် မျိုးစုံ၊ အချိုရည်များ၊ ငါးသေတ္တာဖာများ၊ ကျောင်းသုံးလွယ်အိတ်များ၊ မိုးတွင်းဖိနပ်များ၊ တီရှပ် စပို့ ရှပ် အသစ် ပါကင်အထည်များ နှင့် အဝတ်အထည် (ကျား/မ အထည်)များ ပါဝင်ရာ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေမှာ ကျပ်သိန်း(၃၀) ၀န်းကျင်ရှိကြောင်း နှင့် ငွေသားများအနေဖြင့်  တာချီလိတ်မှ စေတနာရှင်များ စုပေါင်း လှူဒါန်းလာရာတွင် ကျပ်(၂,၈၁၀,၀၀၀)ရရှိပြီး အသင်းမှ မတည်အလှူငွေအဖြစ် ကျပ်(၁၅)သိန်း ပါဝင်လှူဒါန်းထားကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းထံက သိရသည်။
 ရေဘေးသင့်များအား တာချီလိတ်နာရေးကူညီမှုအသင်းက ကူညီမှုများဆောင်ရွက်နေရာ ၂၀၁၇ ခုနှစ်က ဧရာဝတီတိုင်းတွင် ကူညီခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပဲခူးတိုင်းအတွင်း ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ တာချီလိတ်နာရေးကူညီမှုအသင်းက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့အတွင်းရှိ ရေလွှမ်းမိုးသည့်ဒေသများမှ အိမ်ထောင်စုပေါင်း (၃၀၀)မှ လူဦးရေ (၂၀၀၀)ဝန်းကျင်အား စားနပ်ရိက္ခါနှင့် ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ တာချီလိတ်နာရေးကူညီမှုအသင်းက အလှူရှင်များ စုပေါင်း လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများဖြင့် ပဲခူးရေဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်နိုင်ရန်အတွက် ၂၀၁၈ခုနှစ် သြဂုတ်လ(၆)ရက်နေ့တွင် စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
“ပဲခူးတိုင်း ရွှေကျင်မြို့ စစ်တောင်းမြစ်ရိုးတစ်လျှောက်က ရွာ(၃)ရွာမှာ သွားလှူတာပါ။ လက်ရှိ မျက်မြင် အခြေအနေမှာတော့ ရမြေုပ်နေတဲ့အိမ်တွေ ပြန်ပေါ်လာပါပြီ။ လွန်ခဲ့တဲ့(၅)ရက်ကဆိုရင် အခုသွားတဲ့ နေရာတွေက ရပြေင်ကြီးတွေပေါ့။ အခုတော့ ရေကျလို့ ကိုယ့်အိမ်ကိုယ် ပြန်နကြေပါပြီ။ သွားလှူတာကတော့ စာသင်ကျောင်းမှာ စုရပ်လုပ်ပြီး အဲဒီမှာ လှူဒါန်းပစ္စည်းတွေ ပေးခဲ့တာပါ”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်နာရေးကူညီမှုအသင်းက ပဲခူးတိုင်းအတွင်းရှိ ညောင်သာယာရွာ၊ မယ်ဘဲသောင်ရွာနှင့် လေးကျွန်းရွာများတွင် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရန်အတွက် မားမားခေါက်ဆွဲ၊ ကြာရှည်အစားခံမုန့်မျိုးစုံ၊ အချိုရည်များ၊ ငါးသေတ္တာဖာများ၊ ကျောင်းသုံးလွယ်အိတ်များ၊ မိုးတွင်းဖိနပ်များ၊ တီရှပ် စပို့ရှပ် အသစ် ပါကင်အထည်များ နှင့် အဝတ်အထည် (ကျား/မ အထည်)များ ပါဝင်ရာ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေမှာ ကျပ်သိန်း(၃၀) ဝန်းကျင်ရှိကြောင်း နှင့် ငွေသားများအနဖြေင့် တာချီလိတ်မှ စေတနာရှင်များ စုပေါင်း လှူဒါန်းလာရာတွင် ကျပ်(၂,၈၁၀,ဝဝဝ)ရရှိပြီး အသင်းမှ မတည်အလှူငွေအဖြစ် ကျပ်(၁၅)သိန်း ပါဝင်လှူဒါန်းထားကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းထံက သိရသည်။
 ရေဘေးသင့်များအား တာချီလိတ်နာရေးကူညီမှုအသင်းက ကူညီမှုများဆောင်ရွက်နေရာ ၂၀၁၇ ခုနှစ်က ဧရာဝတီတိုင်းတွင် ကူညီခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပဲခူးတိုင်းအတွင်း ကူညီပေးနခြေင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~