မသန္စြမ္းမ်ားကိုယ္တုိင္ ပါဝင္မည့္ စီမံခ်က္ကို ေရႊေရာင္အနာဂါတ္မသန္စြမ္းသူမ်ားဖြံ႕ၿဖိဳးတုိးတက္ေရးအဖြဲ႕က လားရိႈးတြင္ မိတ္ဆက္

မသန္စြမ္းမ်ားကိုယ္တုိင္ ပါဝင္မည့္ စီမံခ်က္ကို ေရႊေရာင္အနာဂါတ္မသန္စြမ္းသူမ်ားဖြံ႕ၿဖိဳးတုိးတက္ေရးအဖြဲ႕က လားရိႈးတြင္ မိတ္ဆက္
သြဂုတ် 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ေရႊေရာင္အနာဂတ္ မသန္စြမ္းသူမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရးအဖြဲ႔ မွ ဦးေဆာင္၍ အရပ္ဖက္ ပူးေပါင္းပါဝင္မႈတြင္ မသန္စြမ္းသူမ်ားကိုယ္တိုင္ပါဝင္ေတာင္းဆိုရန္ စီမံခ်က္ မိတ္ဆက္ အခမ္းအနားကို ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္းခန္းမ၌ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁) ရက္ေန႔ မနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“မသန္စြမ္းသူေတြဟာ အရပ္ဖက္ပူးေပါင္းပါဝင္မႈမွာ အားနည္းေနတာေတြ႔ရတယ္။ ကၽြန္ေတာ္တို႔ (မသန္စြမ္း) ေတြ ကိုယ္တိုင္ကုိက ကိုယ္ရရွိရမယ့္အခြင့္အေရးကိုလည္း မသိရွိၾကသလို၊ လူေရွ႕ထြက္ဖို႔လည္း မဝံ့မရဲ ျဖစ္ေနၾကတယ္။ ဒါေၾကာင့္ အရပ္ဖက္အဖြဲ႔အစည္းေတြရဲ့ အကူအညီနဲ႔ ပိုၿပီးေတာ့ လူထုနဲ႔ထိေတြ႔ႏိုင္ေအာင္ လုပ္ေဆာင္တဲ့ စီမံခ်က္ျဖစ္ပါတယ္” ဟု ေရႊေရာင္အနာဂတ္( မသန္စြမ္းသူမ်ားဖြ႔ံၿဖိဳးတိုးတက္ေရးအဖြဲ႔) မွ အဖြဲ႔ ဥကၠဌ ဦးလင္းသူဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕နယ္ အပါအဝင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသရွိ မသန္စြမ္းသူမ်ားအတြက္ ၎တို႔ႏွင့္ သက္ဆိုင္သည့္ နည္းဥပေဒမ်ား၊ မသန္စြမ္းသူမ်ား မွတ္ပံုတင္ျခင္းအခြင့္အေရးမ်ား၊ မသန္စြမ္းသူမ်ားႏွင့္ သက္ဆုိင္သည့္ ပညာေရး၊ က်န္းမာေရး၊ ျပဳစုပ်ိဳးေထာင္ေရးစသည့္အခ်က္မ်ားကို က်ယ္က်ယ္ျပန္႔ျပန္႔ သိရွိေစရန္ ေဆာင္ရြက္ သြားမည့္ စီမံခ်က္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ေရႊေရာင္အနာဂတ္အဖြဲ႔မွ လားရိႈးၿမိဳ႕နယ္အတြင္းရွိ မသန္စြမ္းသူမ်ားထံသို႔သြားေရာက္၍  စိတ္ပိုင္းဆိုင္ရာ ႏွစ္သိမ့္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ေပးေနၿပီး ပညာသင္ၾကားလိုသူမ်ားကိုလည္း အတန္းပညာႏွင့္ လက္မႈပညာကဲ့သို႔ အက်ိဳးသက္ေရာက္မႈရွိေစၿပီး ကိုယ္တိုင္ရပ္တည္ႏိုင္မည့္ပညာမ်ားကို သင္ၾကားႏိုင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အရပ္ဖက္ အဖြဲ႔အစည္းမ်ားတြင္ မသန္စြမ္းသူမ်ား ပါဝင္ႏိုင္ရန္အတြက္ မသန္စြမ္းသူမ်ားကိုယ္တိုင္က ေတာင္းဆိုမႈျပဳလုပ္ႏိုင္ရန္၊ လူ႔အဖြဲ႔အစည္းတြင္ လြတ္လပ္စြာပါဝင္ႏိုင္ရန္ ရည္ရြယ္ ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေရႊေရာင္အနာဂတ္ (မသန္စြမ္းသူမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရးအဖြဲ႔)ကို ၂၀၁၅ ခုႏွစ္က စတင္ဖြဲ႔စည္းခဲ့ျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဇြန္လ၌ အသင္းမွတ္ပံုတင္ရရွိထားကာ မသန္မစြမ္းအားလံုး ပါဝင္ႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရွှေရောင်အနာဂတ် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ ဦးဆောင်၍ အရပ်ဖက် ပူးပေါင်းပါဝင်မှုတွင် မသန်စွမ်းသူများကိုယ်တိုင်ပါဝင်တောင်းဆိုရန် စီမံချက် မိတ်ဆက် အခမ်းအနားကို မြန်မာနိုင်ငံဆရာဝန်များအသင်းခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မသန်စွမ်းသူတွေဟာ အရပ်ဖက်ပူးပေါင်းပါဝင်မှုမှာ အားနည်းနေတာတွေ့ရတယ်။ ကျွန်တော်တို့ (မသန်စွမ်း) တွေ ကိုယ်တိုင်ကိုက ကိုယ်ရရှိရမယ့်အခွင့်အရေးကိုလည်း မသိရှိကြသလို၊ လူရှေ့ထွက်ဖို့လည်း မဝံ့မရဲ ဖြစ်နကြေတယ်။ ဒါကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ပိုပြီးတော့ လူထုနဲ့ထိတွေ့နိုင်အောင် လုပ်ဆောင်တဲ့ စီမံချက်ဖြစ်ပါတယ်” ဟု ရွှေရောင်အနာဂတ်( မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) မှ အဖွဲ့ ဥက္ကဌ ဦးလင်းသူဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နယ် အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသရှိ မသန်စွမ်းသူများအတွက်၎င်းတို့နှင့် သက်ဆိုင်သည့် နည်းဥပဒေများ၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းအခွင့်အရေးများ၊ မသန်စွမ်းသူများနှင့် သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ ပြုစုပျိုးထောင်ရေးစသည့်အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက် သွားမည့် စီမံချက်ဖြစ်ကြောင်း၎င်းက ပြောသည်။

ရွှေရောင်အနာဂတ်အဖွဲ့မှ လားရှိုးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများထံသို့သွားရောက်၍ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများလုပ်ဆောင်ပေးနပြေီး ပညာသင်ကြားလိုသူများကိုလည်း အတန်းပညာနှင့် လက်မှုပညာကဲ့သို့ အကျိုးသက်ရောက်မှုရှိစပြေီး ကိုယ်တိုင်ရပ်တည်နိုင်မည့်ပညာများကို သင်ကြားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အရပ်ဖက် အဖွဲ့အစည်းများတွင် မသန်စွမ်းသူများ ပါဝင်နိုင်ရန်အတွက် မသန်စွမ်းသူများကိုယ်တိုင်က တောင်းဆိုမှုပြုလုပ်နိုင်ရန်၊ လူ့အဖွဲ့အစည်းတွင် လွတ်လပ်စွာပါဝင်နိုင်ရန် ရည်ရွယ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရောင်အနာဂတ် (မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)ကို ၂၀၁၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လ၌ အသင်းမှတ်ပုံတင်ရရှိထားကာ မသန်မစွမ်းအားလုံး ပါဝင်နိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~