ပင်လောင်းမြို့နယ်အတွင်း သစ်များ တရားမဝင်သယ်လာသည့် မော်တော်ယာဉ်(၂)စီးနှင့်အတူ သစ်တန်ချိန် (၇)တန်ခွဲဝန်းကျင်အား သိမ်းဆည်းရမိ

ပင်လောင်းမြို့နယ်အတွင်း သစ်များ တရားမဝင်သယ်လာသည့် မော်တော်ယာဉ်(၂)စီးနှင့်အတူ သစ်တန်ချိန် (၇)တန်ခွဲဝန်းကျင်အား သိမ်းဆည်းရမိ
သွဂုတျ 10, 2018
By Tachileik News Agency



ဆက်လက်၍ ယင်းနေ့၏ ညနေ(၅)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် ပင်လောင်း - လွိုင်ကော်ကားလမ်းအတိုင်း ပေါင်းလောင်းဘက်မှ အောင်ပန်းဘက်သို့ ပြည့်ဖြိုးဝေ မောင်းနှင်ပြီး အောင်ဌေးနိုင် လိုက်ပါလာသည့်  ကင်တာကား တစ်စီးအား ရှာဖွေရာ တရားမဝင် သယ်ဆောင်လာသည့် သစ်ခွဲသားဆိုဒ်စုံ (၇)တန်ဝန်းကျင်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

တရားမ၀င် သစ်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အဆိုပါ ယာဉ်(၂)စီးမှ ယာဉ်မောင်း (၂)ဦး နှင့် ယာဉ်နောက်လိုက် (၂)ဦးတို့အား သစ်တောဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးနေပြီး အမှုဖွင့်အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်း - လွိုင်ကော်လမ်းနှင့် ပင်လောင်း - တုန်ဟုံးလမ်းဆုံတွင် သစ်များ တရားမဝင် သယ်လာသည့် မော်တော်ယာဉ်(၂)စီးနှင့်အတူ သစ်တန်ချိန်(၇)တန်ခွဲဝန်းကျင်ကို ဖမ်းဆီး သိမ်းဆည်း ရမိကြောင်း သိရသည်။

ပင်လောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်က ပင်လောင်း - လွိုင်ကော်လမ်းနှင့် ပင်လောင်း - တုန်ဟုံးလမ်းဆုံတွင် ပိတ်ဆို့ ရှာဖွေနေစဉ် လွိုင်ကော်ဘက်မှ အောင်ပန်းဘက်သို့ သက်နိုင်အေး မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်ကျော်သူ ပါဝင်သည့် လိုက်ထရပ်ကားတစ်စီးအား ရပ်တန့် စစ်ဆေးရာ တရားမဝင် သယ်ဆောင်လာသည့် ပိတောက်သစ်(၇)တုံးအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ယင်းနေ့၏ ညနေ(၅)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် ပင်လောင်း - လွိုင်ကော်ကားလမ်းအတိုင်း ပေါင်းလောင်းဘက်မှ အောင်ပန်းဘက်သို့ ပြည့်ဖြိုးေဝ မောင်းနှင်ပြီး အောင်ဌေးနိုင် လိုက်ပါလာသည့် ကင်တာကား တစ်စီးအား ရှာဖွေရာ တရားမဝင် သယ်ဆောင်လာသည့် သစ်ခွဲသားဆိုဒ်စုံ (၇)တန်ဝန်းကျင်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

တရားမဝင် သစ်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အဆိုပါ ယာဉ်(၂)စီးမှ ယာဉ်မောင်း (၂)ဦး နှင့် ယာဉ်နောက်လိုက် (၂)ဦးတို့အား သစ်တောဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးနပြေီး အမှုဖွင့်အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~