ပင္ေလာင္းၿမိဳ႕နယ္အတြင္း စိတ္ၾကြေဆးျပား (၁၆၀၀)ျပား သယ္ေဆာင္လာသူကို ဖမ္းမိၿပီးေနာက္ ထပ္မံေဖၚထုတ္ခ်က္အရ သံုးစြဲသူႏွင့္ ေရာင္းခ်သူ (၃)ဦးတုိ႔ကို ဆက္လက္ ဖမ္းဆီးရမိ

ပင္ေလာင္းၿမိဳ႕နယ္အတြင္း စိတ္ၾကြေဆးျပား (၁၆၀၀)ျပား သယ္ေဆာင္လာသူကို ဖမ္းမိၿပီးေနာက္ ထပ္မံေဖၚထုတ္ခ်က္အရ သံုးစြဲသူႏွင့္ ေရာင္းခ်သူ (၃)ဦးတုိ႔ကို ဆက္လက္ ဖမ္းဆီးရမိ
သြဂုတ် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္ေလာင္းၿမိဳ႕နယ္၊ ကုန္းေပါရြာ အနီး၌ ၾသဂုတ္လ(၁၂)ရက္ေန႔က လိြဳင္ေကာ္ - ပင္ေလာင္းကားလမ္းတြင္ စိတ္ၾကြေဆးျပား(၁၆၀၀)ျပားႏွင့္အတူ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိၿပီးေနာက္ ၾသဂုတ္လ(၁၃)ရက္ေန႔တြင္ သံုးစြဲသူ(၁)ဦးႏွင့္ ေရာင္းခ်သူ(၂)ဦးကိုပါ ဆက္လက္ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ၾသဂုတ္လ(၁၂)ရက္ေန႔က မူးယစ္ေဆး၀ါး ဖမ္းဆီးရမိထားသည့္ ကြင္းဆက္၏ ေဖၚထုတ္ခ်က္အရ ပင္ေလာင္းၿမိဳ႕နယ္၊ ကုန္းေပါေက်းရြာအနီးတြင္ ရဲတပ္ဖြဲ႕၊ မူးယစ္တပ္ဖြဲ႕ႏွင့္ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕က၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၃)ရက္ေန႔၌ ပိတ္ဆို႔စစ္ေဆးေနရာ နံနက္(၅)နာရီအခ်ိန္တြင္ လိြဳင္ေကာ္ဘက္မွ ပင္ေလာင္းဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ ေမာင္ခဲဆိုသူအား စစ္ေဆးရာ ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၈)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႕သည္ နံနက္(၅)နာရီခြဲတြင္ စိတ္ၾကြေဆးျပား ေရာင္းလုိက္သူျဖစ္သည့္ ခြန္တင္ထြန္းအား စိတ္ၾကြေဆးျပား (၉၈)ျပားႏွင့္အတူ လိြဳင္ေကာ္ - ပင္ေလာင္းကားလမ္း ကုန္းေပါရြာ အနီးတြင္ လိြဳင္ေကာ္မွ ပင္ေလာင္းဘက္သုိ႔ လမ္းေလွ်ာက္လာသည့္ ခြန္တင္ထြန္းအား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ကြင္းဆက္ေဖၚထုတ္ခ်က္အရ ပင္လံုၿမိဳ႕နယ္၊ လံုးျပင္ေက်းရြာအုပ္စု၊ ဗန္းေမာက္ေက်းရြာမွ တဗြာ၏ေနအိမ္ကို နံနက္(၅)နာရီ (၄၅)မိနစ္တြင္ ဝင္ေရာက္ရွာေဖြရာ တဗြာအား ေနအိမ္တြင္ေတြ႔ရၿပီး လြယ္အိတ္အတြင္းထည့္ထားသည့္ စိတ္ၾကြေဆးျပား စုစုေပါင္း  (၂၃၀၀)ျပား အပါအ၀င္   ဘိန္းစိမ္း (၂၀၀)ဂရမ္ႏွင့္ ရွမ္းတူမီး လုပ္ေသနတ္(၁)လက္တုိ႔ကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား ပင္ေလာင္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနရာ ေမာင္ခဲအား မယ(ပ) ၃၂/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)ျဖင့္လည္းေကာင္း၊ ခြန္တင္ထြန္းအား မယ(ပ) ၃၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ လည္းေကာင္း၊ တဗြာအား မယ(ပ) ၃၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/ ၂၂(ခ)ျဖင့္လည္းေကာင္း အသီးသီးအမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ ကုန်းပေါရွာ အနီး၌ သြဂုတ်လ(၁၂)ရက်နေ့က လွိုင်ကော် - ပင်လောင်းကားလမ်းတွင် စိတ်ကြွဆေးပြား(၁၆၀၀)ပြားနှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိပြီးနောက် သြဂုတ်လ(၁၃)ရက်နေ့တွင် သုံးစွဲသူ(၁)ဦးနှင့် ရောင်းချသူ(၂)ဦးကိုပါ ဆက်လက်ဖမ်းဆီးရမိထားကြောင်း သိရသည်။

သြဂုတ်လ(၁၂)ရက်နေ့က မူးယစ်ဆေးဝါး ဖမ်းဆီးရမိထားသည့် ကွင်းဆက်၏ ဖော်ထုတ်ချက်အရ ပင်လောင်းမြို့နယ်၊ ကုန်းပေါကျေးရွာအနီးတွင် ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့နှင့် သက်သေများ ပါဝင်သည့် အဖွဲ့က၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့၌ ပိတ်ဆို့စစ်ဆေးနေရာ နံနက်(၅)နာရီအချိန်တွင် လွိုင်ကော်ဘက်မှ ပင်လောင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် မောင်ခဲဆိုသူအား စစ်ဆေးရာ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၈)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် နံနက်(၅)နာရီခွဲတွင် စိတ်ကြွဆေးပြား ရောင်းလိုက်သူဖြစ်သည့် ခွန်တင်ထွန်းအား စိတ်ကြွဆေးပြား (၉၈)ပြားနှင့်အတူ လွိုင်ကော် - ပင်လောင်းကားလမ်း ကုန်းပေါရွာ အနီးတွင် လွိုင်ကော်မှ ပင်လောင်းဘက်သို့ လမ်းလျှောက်လာသည့် ခွန်တင်ထွန်းအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ပင်လုံမြို့နယ်၊ လုံးပြင်ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာမှ တဗွာ၏နေအိမ်ကို နံနက်(၅)နာရီ (၄၅)မိနစ်တွင် ဝင်ရောက်ရှာဖွေရာ တဗွာအား နေအိမ်တွင်တွေ့ရပြီး လွယ်အိတ်အတွင်းထည့်ထားသည့် စိတ်ကြွဆေးပြား စုစုပေါင်း (၂၃၀၀)ပြား အပါအဝင် ဘိန်းစိမ်း (၂၀၀)ဂရမ်နှင့် ရှမ်းတူမီး လုပ်သေနတ်(၁)လက်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသူများအား ပင်လောင်းမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေရာ မောင်ခဲအား မယ(ပ) ၃၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့်လည်းကောင်း၊ ခွန်တင်ထွန်းအား မယ(ပ) ၃၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း၊ တဗွာအား မယ(ပ) ၃၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၂(ခ)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~