Update News

နောင်ချိုမြို့အ၀င်တွင် ကားဖြင့်မောင်းလာသည့် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အဝင်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့က စိတ်ကြွ ရူးသွပ်ဆေးပြား (၄၀၀၀)၊ ဘိန်းဖြူ (၁၀)ဂရမ်တို့ကို သယ်ဆောင်လာသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုး(နောင်ချို လှုပ်ရှားတပ်ဆွယ်)နှင့် နောင်ချိုမြို့မရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ မူဆယ် - မန္တလေးသွား ပြည်ထောင်စုလမ်းမကြီးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်၌ ကွတ်ခိုင်မြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ စိတ်ကြွဆေးပြား(၄၀၀၀)ပြားနှင့် ဘိန်းဖြူ(၁၀)ဂရမ်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် မင်းသိမ်းကျော်(ခ)ကောင်းကောင်းအား အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::