လမ္းေရေက်ာ္သျဖင့္ ယာယီပိတ္ထားရသည့္ လားရိႈး - မုိင္းေယာ္လမ္း ၾသဂုတ္လ(၁)ရက္ေန႔တြင္ ျပန္ဖြင့္ၿပီ

လမ္းေရေက်ာ္သျဖင့္ ယာယီပိတ္ထားရသည့္ လားရိႈး - မုိင္းေယာ္လမ္း ၾသဂုတ္လ(၁)ရက္ေန႔တြင္ ျပန္ဖြင့္ၿပီ
သြဂုတ် 1, 2018
By Tachileik News Agency

လမ္းေရေက်ာ္ေနသျဖင့္ ယာယီပိတ္ထားသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈး - မိုင္းေယာ္လမ္းတြင္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁) ရက္ နံနက္ပိုင္းမွ စတင္၍ ေရက်သြားၿပီျဖစ္၍ ပံုမွန္အတိုင္း ျဖတ္သန္း သြားလာႏိုင္ၿပီ ျဖစ္ေၾကာင္း သိရသည္။

“တစ္ခ်ိဳ႕ေနရာေလးေတြမွာပဲ နည္းနည္း က်န္တယ္။ ဒါေပမဲ့ လူေတြ၊ ယာဥ္ေတြျဖတ္သန္းသြားလာလို႔ ရသြားၿပီ။ အနီးနားရပ္ကြက္က ေရေဘးသင့္တဲ့ သူေတြလည္း မူလေနရာေတြမွာ ျပန္ေနဖို႔အတြက္ ရွင္းလင္းတာေတြ လုပ္ေနပါတယ္”ဟု လားရိႈးၿမိဳ႕ ရပ္ကြက္(၁၂)၊ နယ္ေျမ(၂၀)မွ ရာအိမ္မွဴး ဦးေဇယ်ာမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈး - မိုင္းေယာ္- မိုင္းက်က္ လမ္းပိုင္းတြင္ ေရလႊမ္းေနသျဖင့္ ဇူလိုင္လ (၂၉) ရက္ေန႔မွစ၍ ယာယီ ပိတ္ထားခဲ့ျခင္းျဖစ္သည္။

“ဒီအပိုင္းမွာေတာ့ ေရေဘးေၾကာင့္ ေသဆံုးသူေတြ ဘာေတြလည္း မရွိဘူး။ ေရလႊမ္းခံရတဲ့ ေနအိမ္ေတြမွာ ေရျပန္က်သြားေတာ့ သန္႔ရွင္းေရးေတြ လုပ္ရတယ္။ ေရတြင္းေရကန္ေတြ ျပန္ဆယ္ဖို႔လုပ္ရတယ္။ က်န္းမာေရး ထိခိုက္တာမ်ိဳးလည္း ခုထိေတာ့မရွိေသးဘူး”ဟု ေရေဘးကူညီေနသည့္ အရန္မီးသတ္တပ္ဖြဲ႔ဝင္ ဦးသိန္းဟန္က ေျပာသည္။

လားရိႈးၿမိဳ႕နယ္အတြင္း မိုးသည္းထန္မႈႏွင့္ ေတာင္က်ေရမ်ားေၾကာင့္ ဇူလိုင္လ (၂၈) ရက္ေန႔မွစတင္၍ အနိမ့္ပိုင္း ရပ္ကြက္အခ်ိဳ႕ႏွင့္ လားရိႈး-မိုင္းေယာ္လမ္းနံေဘးရွိ လူေနအိမ္ေျခမ်ားေရလႊမ္းခဲ့ကာ အိမ္ေျခ (၃၇) ခုမွ လူဦးေရ (၁၅၆) ဦး ေရေဘးသင့္ခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

လမ်းရေကျော်နေသဖြင့် ယာယီပိတ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - မိုင်းယော်လမ်းတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁) ရက် နံနက်ပိုင်းမှ စတင်၍ ရေကျသွားပြီဖြစ်၍ ပုံမှန်အတိုင်း ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“တစ်ချို့နေရာလေးတွေမှာပဲ နည်းနည်း ကျန်တယ်။ ဒါပေမဲ့ လူတွေ၊ ယာဉ်တွဖြေတ်သန်းသွားလာလို့ ရသွားပြီ။ အနီးနားရပ်ကွက်က ရေဘေးသင့်တဲ့ သူတွေလည်း မူလနေရာတွေမှာ ပြန်နေဖို့အတွက် ရှင်းလင်းတာတွေ လုပ်နေပါတယ်”ဟု လားရှိုးမြို့ ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)မှ ရာအိမ်မှူး ဦးဇေယျာမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုး - မိုင်းယော်- မိုင်းကျက် လမ်းပိုင်းတွင် ရေလွှမ်းနေသဖြင့် ဇူလိုင်လ (၂၉) ရက်နေ့မှစ၍ ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

“ဒီအပိုင်းမှာတော့ ရေဘေးကြောင့် သေဆုံးသူတွေ ဘာတွေလည်း မရှိဘူး။ ရေလွှမ်းခံရတဲ့ နေအိမ်တွေမှာ ရပြေန်ကျသွားတော့ သန့်ရှင်းရေးတွေ လုပ်ရတယ်။ ရေတွင်းရေကန်တွေ ပြန်ဆယ်ဖို့လုပ်ရတယ်။ ကျန်းမာရေး ထိခိုက်တာမျိုးလည်း ခုထိတော့မရှိသေးဘူး”ဟု ရေဘေးကူညီနေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးသိန်းဟန်က ပြောသည်။

လားရှိုးမြို့နယ်အတွင်း မိုးသည်းထန်မှုနှင့် တောင်ကျရေများကြောင့် ဇူလိုင်လ (၂၈) ရက်နေ့မှစတင်၍ အနိမ့်ပိုင်း ရပ်ကွက်အချို့နှင့် လားရှိုး-မိုင်းယော်လမ်းနံဘေးရှိ လူနေအိမ်ခြေများရေလွှမ်းခဲ့ကာ အိမ်ခြေ (၃၇) ခုမှ လူဦးရေ (၁၅၆) ဦး ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~