Update News

ၿမိဳ႕သစ္ၿမိဳ႕နယ္ လမ္းေဘးသဲက်င္းအတြင္း စြန္႔ပစ္ထားသည့္ ကေလးကို ေမြးစားမည့္သူ ေပၚေပါက္


မေကြးတိုင္းေဒသႀကီး၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ဆင္ျဖဴခ်ည္ေက်းရြာအုပ္စု၊ မႀကီးကုန္းေလးေက်းရြာသြားလမ္းေဘး ကိုင္းေတာအတြင္းရိွ သဲယက္တြင္းထဲ၌ စြန္႔ပစ္ထားသည့္ ေမြးကင္းစကေလးအား ေမြးစားမည့္သူ ေပၚေပါက္သြားၿပီျဖစ္ေၾကာင္း ၿမိဳ႕သစ္ၿမိဳ႕ ျပည္သူ႔ေဆးရုံႀကီးမွ တာဝန္ရိွသူထံမွ သိရသည္။

အဆိုပါ ကေလးငယ္အား ၾသဂုတ္လ (၁၂) ရက္ေန႔က မႀကီးကုန္းေလးေက်းရြာလမ္း၏ အေရွ႕ဘက္ ေပ(၁၀၀)ခန္႔အကြာရိွ  ဦးစိုးေဌး၏ ယာခင္းႏွင့္ေပ (၃၀၀) ခန္႔အကြာ ကိုင္းေတာထဲ၌ အခ်င္းအိမ္ႏွင့္ခ်က္ႀကိဳး မျဖတ္ရေသးဘဲ တစ္ေတာင္ေက်ာ္ခန္႔ သဲယက္တြင္းတြင္ ထဘီအေဟာင္းျဖင့္ပတ္လ်က္ စြန္႔ပစ္ထားသည္ကို ေတြ႔ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံမ်ားက ၿမိဳ႕သစ္ၿမိဳ႕ မေနာျဖဴနာေရးကူညီမႈအသင္းကားျဖင့္ ၿမိဳ႕သစ္ၿမိဳ႕နယ္ ျပည္သူ႔ေဆးရုံသို႔ ပို႔ေဆာင္၍ ေဆးရံုမွ လိုအပ္သည့္ ေဆးကုသမႈမ်ား လုပ္ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မိန္းကေလးငယ္အား ေတြ႔ရိွခ်ိန္မွာ ေမြးၿပီး(၁)နာရီဝန္းက်င္သာရိွႏိုင္ေသးေၾကာင္းသိရၿပီး အဆုိပါကေလးအား ေမြးစားခြင့္ေလွ်ာက္ထားသည့္ သားသမီးမရိွသည့္မိသားစုထံ ေမြးစာရင္းျဖင့္ ေမြးစားခြင့္ ေပးလုိက္ၿပီျဖစ္ေၾကာင္း ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာသန္႔ေဇာ္ျမင့္က အတည္ျပဳေျပာၾကားသည္။

သတင္း - ဖီးနစ္
ဓာတ္ပုံ - လိႈင္ဘြား-ၿမိဳ႕သစ္



~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဆင်ဖြူချည်ကျေးရွာအုပ်စု၊ မကြီးကုန်းလေးကျေးရွာသွားလမ်းဘေး ကိုင်းတောအတွင်းရှိ သဲယက်တွင်းထဲ၌ စွန့်ပစ်ထားသည့် မွေးကင်းစကလေးအား မွေးစားမည့်သူ ပေါ်ပေါက်သွားပြီဖြစ်ကြောင်း မြို့သစ်မြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ကလေးငယ်အား သြဂုတ်လ (၁၂) ရက်နေ့က မကြီးကုန်းလေးကျေးရွာလမ်း၏ အရှေ့ဘက် ပေ(၁၀၀)ခန့်အကွာရှိ ဦးစိုးဌေး၏ ယာခင်းနှင့်ပေ (၃၀၀) ခန့်အကွာ ကိုင်းတောထဲ၌ အချင်းအိမ်နှင့်ချက်ကြိုး မဖြတ်ရသေးဘဲ တစ်တောင်ကျော်ခန့် သဲယက်တွင်းတွင် ထဘီအဟောင်းဖြင့်ပတ်လျက် စွန့်ပစ်ထားသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရပ်မိရပ်ဖများနှင့် ဒေသခံများက မြို့သစ်မြို့ မနောဖြူနာရေးကူညီမှုအသင်းကားဖြင့် မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးရုံမှ လိုအပ်သည့် ဆေးကုသမှုများ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးငယ်အား တွေ့ရှိချိန်မှာ မွေးပြီး(၁)နာရီဝန်းကျင်သာရှိနိုင်သေးကြောင်းသိရပြီး အဆိုပါကလေးအား မွေးစားခွင့်လျှောက်ထားသည့် သားသမီးမရှိသည့်မိသားစုထံ မွေးစာရင်းဖြင့် မွေးစားခွင့် ပေးလိုက်ပြီဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မြင့်က အတည်ပြုပြောကြားသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - လှိုင်ဘွား-မြို့သစ်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::