မိုင်းဆတ်မြို့တွင် ၀ါတွင်းကာလ သံဃာတော် အပါး(၃၀၀)အား စုပေါင်း ဆွမ်းလောင်းလှူ

မိုင်းဆတ်မြို့တွင် ၀ါတွင်းကာလ သံဃာတော် အပါး(၃၀၀)အား စုပေါင်း ဆွမ်းလောင်းလှူ
သွဂုတျ 10, 2018
By Tachileik News Agency



သတင်း - သန်းဇော်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဝါတွင်းကာလ ဝါဆို၊ ဝါကပ်တော်မူသော သံဃာတော်အပါး (၃၀၀)အား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့ နံနက် (၅)နာရီခွဲက မယ်ဆွမ်မြောက်ရပ်ကွက်၊ မြို့မဘုန်းတော်ကြီးကျောင်းတိုက်တွင် စုပေါင်းအာရုဏ်ဆွမ်းလောင်းလှူကြသည်။

မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ၊ မဟာမြတ်မုနိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇောဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ တရားနာယူပြီးနောက် မြို့မကျောင်းတိုက်ရှေ့မှ မြို့မဈေးလမ်းမ၊ ခရိုင်ထွေ/အုပ်ရုံးရှေ့လမ်းမတလျှောက်ကြွချီအလှူခံသည့် သံဃာတော်များအား ဗိုလ်မှူးကြီး သက်အောင်ဇင်နှင့် တပ်ရင်းတပ်ဖွဲ့ မိသားစုဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံအလှူရှင်များက ဆွမ်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

သတင်း - သန်းဇော်
ဓာတ်ပုံ - သန်းဇော်၊ Tiger Wan

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~