Update News

မိုင္းတံုၿမိဳ႕တြင္ ေခ်ာင္းေရတိုက္စားမႈေၾကာင့္ ကမ္းပါးယံၿပိဳက်၍ ေျမထိန္းနံရံ စုေပါင္း တည္ေဆာက္


ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္၊ မုိုင္းတုံၿမိဳ႕တြင္  ေခ်ာင္းေရတိုက္စား၍ လူေနအိမ္မ်ားအနီး ေခ်ာင္းကမ္းပါး ၿပိဳက်သျဖင့္ ေျမထိန္းနံရံ တည္ေဆာက္ျခင္းအား ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၈)ရက္ေန႔တြင္ ဌာနဆိုင္ရာမ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္းေဆာင္ရြက္ၾကေၾကာင္း သိရသည္။

ေနာင္ပါရင္ ရပ္ကြက္(ထုံးဖို)၊ စိန္မိုင္းတုံဆီပန္႔အနီးတြင္ ေခ်ာင္းကမ္းပါး ၿပိဳက်ခဲ့သည့္ အတြက္ ေျမထိန္းနံရံ တည္ေဆာက္ျခင္းအား နယ္ေျမခံတပ္နယ္မွ ဗိုလ္မွဴးႀကီးေအာင္ႏိုင္ဦး၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာမွဴးလာႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနေအာင္တို႔ဦးေဆာင္မႈျဖင့္ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႔၀င္မ်ား၊ ဌာနဆိုင္ရာ ၀န္ထမ္းမ်ား၊ ၾကက္ေျခနီတပ္ဖဲြ႔၀င္မ်ားႏွင့္ ေဒသခံျပည္သူမ်ား စုေပါင္း၍ ေျမထိန္းနံရံေဆာင္ရြက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"မိုးက အဆက္မျပတ္ရြာေနေတာ့ ေခ်ာင္းေရႀကီးၿပီး ကမ္းပါးယံကိုတိုက္စားတာ အိမ္နဲ႔အရမ္းနီးကပ္လာလို႔ ဘယ္အခ်ိန္အိမ္ပါမလဲဆိုၿပီး စိုရိမ္ေနခဲ့ရတာ။ အခုလို လုပ္ထားေပးေတာ့ စိတ္နည္းနည္းေအးရတာေပါ့။ ေရထပ္ႀကီးမွာ ေၾကာက္ေနရတယ္"ဟု ေခ်ာင္းေဘးေနအိမ္မွ ေဒၚေအးေအးခုိင္က ေျပာသည္။

အဆိုပါေနရာမွာ ေခ်ာင္းေရႀကီးသည့္အခ်ိန္တြင္ ေခ်ာင္းကမ္းပါးေနအိမ္မ်ားအထိ ေရဝင္နစ္ျမဳပ္ေလ့ရိွၿပီး ေခ်ာင္းကမ္းပါးၿပိဳက်ေလ့ရိွေၾကာင္း သိရသည္။

သတင္း -  သန္းေဇာ္ဦး
ဓာတ္ပုံ - ဦးစိုင္းေအာင္ေထြး






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင်  ချောင်းရေတိုက်စား၍ လူနေအိမ်များအနီး ချောင်းကမ်းပါး ပြိုကျသဖြင့် မြေထိန်းနံရံ တည်ဆောက်ခြင်းအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

နောင်ပါရင် ရပ်ကွက်(ထုံးဖို)၊ စိန်မိုင်းတုံဆီပန့်အနီးတွင် ချောင်းကမ်းပါး ပြိုကျခဲ့သည့် အတွက် မြေထိန်းနံရံ တည်ဆောက်ခြင်းအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမှူးလာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်တို့ဦးဆောင်မှုဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မြေထိန်းနံရံဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

"မိုးက အဆက်မပြတ်ရွာနေတော့ ချောင်းရကြေီးပြီး ကမ်းပါးယံကိုတိုက်စားတာ အိမ်နဲ့အရမ်းနီးကပ်လာလို့ ဘယ်အချိန်အိမ်ပါမလဲဆိုပြီး စိုရိမ်နေခဲ့ရတာ။ အခုလို လုပ်ထားပေးတော့ စိတ်နည်းနည်းအေးရတာပေါ့။ ရေထပ်ကြီးမှာ ကြောက်နေရတယ်"ဟု ချောင်းဘေးနေအိမ်မှ ဒေါ်အေးအေးခိုင်က ပြောသည်။

အဆိုပါနေရာမှာ ချောင်းရကြေီးသည့်အချိန်တွင် ချောင်းကမ်းပါးနေအိမ်များအထိ ရေဝင်နစ်မြုပ်လေ့ရှိပြီး ချောင်းကမ်းပါးပြိုကျလေ့ရှိကြောင်း သိရသည်။

သတင်း - သန်းဇော်ဦး
ဓာတ်ပုံ - ဦးစိုင်းအောင်ထွေး 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::