စားေသာက္ဆိုင္တြင္ မူးယစ္ရမ္းကားေနသည့္ လူငယ္အဖြဲ႔အား လာေရာက္တားျမစ္သည့္ ရဲတပ္ဖြဲ႔ ျပန္လည္တိုက္ခိုက္ခံရ၍ ရဲတပ္ဖြဲ႔၀င္(၃)ဦး ဒဏ္ရာရ

စားေသာက္ဆိုင္တြင္ မူးယစ္ရမ္းကားေနသည့္ လူငယ္အဖြဲ႔အား လာေရာက္တားျမစ္သည့္ ရဲတပ္ဖြဲ႔ ျပန္လည္တိုက္ခိုက္ခံရ၍ ရဲတပ္ဖြဲ႔၀င္(၃)ဦး ဒဏ္ရာရ
သြဂုတ် 17, 2018
By Tachileik News Agency

မေကြးၿမိဳ႕တြင္ စားေသာက္ဆုိင္၌ မူးယစ္ရမ္းကားေနသည့္ လူငယ္(၅)ဦးကို သြားေရာက္ထိန္းသိမ္းသည့္ ရဲတပ္ဖြဲ႕ဝင္ (၅)ဦး ျပန္လည္ ရန္ျပဳတုိက္ခုိက္ခံရသျဖင့္ ရဲတပ္ဖြဲ႕ဝင္ (၃)ဦးဒဏ္ရာရသြားၿပီး လူငယ္အဖြဲ႕မွ (၂)ဦး လြတ္ေျမာက္ေနေၾကာင္း သိရသည္။

မေကြးၿမိဳ႕၊ သိဂၤါဂီရိရပ္ကြက္၊ ၿမိဳ႕ေရွာင္လမ္းရိွ MT စားေသာက္ဆိုင္၌ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၁၆)ရက္ေန႔ ည(၉) နာရီ(၂၀)မိနစ္အခ်ိန္တြင္ လူရြယ္(၅)ဦး ဆူပူမူးယစ္ေသာင္းက်န္းေနေၾကာင္း ဆုိင္မန္ေနဂ်ာက မေကြးၿမိဳ႕မ ရဲစခန္းသို႔ ဖုန္းဆက္ အေၾကာင္းၾကားသျဖင့္ နယ္ထိန္းေခါင္းေဆာင္ရဲအုပ္တစ္ဦး၊ ရဲတပ္ၾကပ္ တစ္ဦးႏွင့္ ရဲတပ္သား(၃)ဦးတုိ႔ သြားေရာက္တားျမစ္ရာ လူငယ္(၂)ဦး ထြက္ေျပးသြားသျဖင့္ ရဲတပ္ဖြဲ႕ဝင္ (၂)ဦးက လုိက္ဖမ္းစဥ္ က်န္ခဲ့သည့္ လူငယ္(၃)ဦးမွ တားျမစ္သည့္ ရဲတပ္ဖြဲ႕ဝင္(၃)ဦးကို ရန္ျပဳ တုိက္ခိုက္ျခင္းျဖစ္ေၾကာင္း CCTV မွတ္တမ္းမ်ားအရ သိရေၾကာင္း  သိရသည္။

ဒဏ္ရာအသီးသီး ရသြားသည့္ ရဲတပ္ဖြဲ႕ဝင္(၃)ဦးႏွင့္အတူ ထြက္ေျပးစဥ္ ဒဏ္ရာရသြားသည့္ လူငယ္(၁)ဦးတုိ႔ကို တိုင္းျပည္သူ႔ေဆးရံုႀကီးတြင္ ကုသမႈေပးေနေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားအား ရန္ျပဳတိုက္ခုိက္သည့္ လူငယ္(၅)ဦးအား မေကြးၿမိဳ႕မ ရဲစခန္းတြင္ (ပ)၉၁၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၃ (တာဝန္ဝတၱရား ထမ္းေဆာင္ ေနစဥ္ လက္နက္ တစ္ခုခုျဖင့္ ကိုယ္ထိ လက္ေရာက္ အျပင္းအထန္နာက်င္ေစမႈ) ျဖင့္ အမႈဖြင့္ထားၿပီး လြတ္ေျမာက္ေနသူ(၂)ဦးကို ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့တွင် စားသောက်ဆိုင်၌ မူးယစ်ရမ်းကားနေသည့် လူငယ်(၅)ဦးကို သွားရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင် (၅)ဦး ပြန်လည် ရန်ပြုတိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင် (၃)ဦးဒဏ်ရာရသွားပြီး လူငယ်အဖွဲ့မှ (၂)ဦး လွတ်မြောက်နေကြောင်း သိရသည်။

မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်၊ မြို့ရှောင်လမ်းရှိ MT စားသောက်ဆိုင်၌ ၂၀၁၈ ခုနှစ် သြဂုတ်လ(၁၆)ရက်နေ့ ည(၉) နာရီ(၂၀)မိနစ်အချိန်တွင် လူရွယ်(၅)ဦး ဆူပူမူးယစ်သောင်းကျန်းနေကြောင်း ဆိုင်မန်နေဂျာက မကွေးမြို့မ ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသဖြင့် နယ်ထိန်းခေါင်းဆောင်ရဲအုပ်တစ်ဦး၊ ရဲတပ်ကြပ် တစ်ဦးနှင့် ရဲတပ်သား(၃)ဦးတို့ သွားရောက်တားမြစ်ရာ လူငယ်(၂)ဦး ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့ဝင် (၂)ဦးက လိုက်ဖမ်းစဉ် ကျန်ခဲ့သည့် လူငယ်(၃)ဦးမှ တားမြစ်သည့် ရဲတပ်ဖွဲ့ဝင်(၃)ဦးကို ရန်ပြု တိုက်ခိုက်ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရကြောင်း သိရသည်။

ဒဏ်ရာအသီးသီး ရသွားသည့် ရဲတပ်ဖွဲ့ဝင်(၃)ဦးနှင့်အတူ ထွက်ပြေးစဉ် ဒဏ်ရာရသွားသည့် လူငယ်(၁)ဦးတို့ကို တိုင်းပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်သည့် လူငယ်(၅)ဦးအား မကွေးမြို့မ ရဲစခန်းတွင် (ပ)၉၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ (တာဝန်ဝတ္တရား ထမ်းဆောင် နေစဉ် လက်နက် တစ်ခုခုဖြင့် ကိုယ်ထိ လက်ရောက် အပြင်းအထန်နာကျင်စေမှု) ဖြင့် အမှုဖွင့်ထားပြီး လွတ်မြောက်နေသူ(၂)ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~