2nd Miss Universe Kengtung ၿပိဳင္ပြဲမွ Winner နန္းျဖဴေဖါင္းေက်ာက္က Crown ျပန္လည္ အပ္ႏွံ

2nd Miss Universe Kengtung ၿပိဳင္ပြဲမွ Winner နန္းျဖဴေဖါင္းေက်ာက္က Crown ျပန္လည္ အပ္ႏွံ
သြဂုတ် 18, 2018
By Tachileik News Agency

2nd Miss Universe Kengtung ၿပိဳင္ပြဲမွ Winner နန္းျဖဴေဖါင္းေက်ာက္က ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၇)ရက္ ညေနပိုင္းက က်ိဳင္းတံုလူငယ္စင္တာ၌ သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး Crown ျပန္လည္အပ္ႏွံခဲ့သည့္ အတြက္ 2nd Miss Universe Kengtung Organization က နန္းဂ်ဴလိႈင္ထြန္းအား Crown အပ္ႏွင္းလုိက္ေၾကာင္း သိရသည္။

“က်ိဳင္းတံု ကိုယ္စားျပဳ တစ္ေယာက္ျဖစ္ခြင့္ရခဲ့တာ ကိုယ့္ကို ကိုယ္အရမ္းဂုဏ္ယူမိပါတယ္။ ဘာလို႔လဲဆိုေတာ့ က်ိဳင္းတံုက သမီးရဲ႕ေမြးရပ္ေျမဇာတိျဖစ္တဲ့အတြက္ ကိုယ့္ဇာတိကို ဂုဏ္ေဆာင္ႏိုင္ခဲ့တဲ့ အတြက္ အရမ္းဂုဏ္ယူမိပါတယ္။ ဒါေပမဲ့ သမီးစိတ္ ကသိကေအာင့္ျဖစ္စရာနဲ႕ ႀကံဳခဲ့ရတယ္ေပါ့ေနာ္။ သြားမၿပိဳင္ခ်င္ေတာ့ ေလာက္ေအာင္ ျဖစ္သြားခဲ့ပါတယ္”ဟု 2018 Miss Universe Keng Tung Winner ရရွိခဲ့သူ နန္းျဖဴေဖါင္းေက်ာက္က သတင္းစာရွင္းလင္းပြဲတြင္ ျဖန္႔ေဝခဲ့သည့္ ၎၏ရွင္းလင္းခ်က္တြင္ ေဖၚျပထားသည္။

နန္းျဖဴေဖါင္းေက်ာက္က Crown ျပန္အပ္သည့္ အေၾကာင္းရင္း (၃)ခ်က္ကို ရွင္းလင္းရာတြင္ ၿပိဳင္ပြဲအတြက္ Facebook တြင္ တင္သည့္ ဓါတ္ပံုကို Like ေပးသည့္ အေရအတြက္ႏွင့္ ပြဲခင္းလက္မွတ္ဝယ္ယူရာမွ ေပးသည့္မဲျဖင့္ ဆံုးျဖတ္ေပးသည့္ Popular Award ဆုကို နန္းျဖဴေဖါင္းေက်ာက္၏ ဓါတ္ပံုထက္  Like အေရအတြက္ (၁,၀၀၀)ေက်ာ္နည္းသူကို ေပးခဲ့ရာတြင္ မဲအေရအတြက္ႏွင့္ ပတ္သက္၍ ပြင့္လင္းျမင္သာမႈ မရိွဟု ယူဆျခင္း၊ အဆိုပါ ကိစၥမ်ားေၾကာင့္ နန္းျဖဴေဖါင္းေက်ာက္က Crown ကို ၾသဂုတ္လ(၁၇)ရက္ေန႔တြင္ ျပန္အပ္မည္ဟု ေျပာထားသည္ကို Crown မအပ္မီ ၾသဂုတ္လ(၁၆)ရက္ေန႔၌ ေနအိမ္သို႔ လာေတာင္းျခင္း၊ အဆိုပါ Miss ၿပိဳင္ပြဲအား ဦးစီးက်င္းပသည့္ က်ိဳင္းတံုလူငယ္စင္တာမွ အဖြဲ႕ဝင္တစ္ဦးက နန္းျဖဴေဖါင္းေက်ာက္အား ဂုဏ္သိကၡာထိပါးေစသည့္စကား ေျပာခဲ့ျခင္းတုိ႔ေၾကာင့္ ရန္ကုန္ၿပိဳင္ပြဲသို႔ သြားေရာက္ ယွဥ္ၿပိဳင္ျခင္းမျပဳေတာ့ဘဲ Crown အား အဖြဲ႕အစည္းသို႔ ျပန္လည္အပ္ႏွံရန္ ဆံုးျဖတ္ျခင္း ျဖစ္ေၾကာင္း သတင္းစာရွင္းလင္းသြားခဲ့သည္။

"နန္းျဖဴေဖါင္းေက်ာက္ဆီက Crownကို ကၽြန္မတို႔ဘက္က ျပန္ရုတ္သိမ္းတာ မဟုတ္ပါဘူး။ သူ႔ဆႏၵအတိုင္း Crown ျပန္အပ္တာပါ။ ဒါက သူ႔အေနနဲ႔ ဒုတိယအႀကိမ္ေျမာက္ Crown ျပန္အပ္ဖို႕ ေျပာတာပါ။ ပထမအႀကိမ္ သူျပန္အပ္ဖို႔ ေျပာတုန္းကေတာ့ သူအလုပ္ေတြမအားတဲ့အတြက္ အဆင္မေျပဘူးလုိ႔ ေျပာတာပါ။ ဒါေပမဲ့ ကၽြန္မတို႕ ညွိႏိႈင္းခဲ့ၿပီးေတာ့ အဆင္ေျပခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ သူက အေၾကာင္းျပခ်က္(၃)ခုေၾကာင့္ Crown ျပန္အပ္တယ္လုိ႔ ေျပာပါတယ္။ ပထမတစ္ခုကေတာ့ ၿပိဳင္ပြဲေန႔မွာ Popular Award ဆုကို သူမရခဲ့တဲ့အတြက္ျဖစ္ၿပီးေတာ့ ေနာက္တစ္ခ်က္ကေတာ့ ကၽြန္မတို႔က သူ Crown ျပန္အပ္ဖို႔ ေသခ်ာေနၿပီျဖစ္တဲ့အတြက္ First Runner Up ရထားတဲ့ နန္းဂ်ဴလိႈင္ထြန္းကို ဒီCrown ေဆာင္းၿပီး ရိုက္ထားတဲ့ ဓာတ္ပုံကို ဒီညမွာ Facebook Page ကေနတင္ရမွာ ျဖစ္တဲ့အတြက္ မေန႔ညက သူ႕ Crown ကို ျပန္သြားယူခဲ့တယ္။ ဒါကိုသူက Crown မအပ္ခင္မွာ အခုလို လာေတာင္းတဲ့အတြက္ မေက်နပ္ဘူး ေျပာပါတယ္။ ေနာက္ဆုံးတစ္ခ်က္ကေတာ့ ကၽြန္မတို႔ က်ိဳင္းတုံလူငယ္စင္တာက အဖြဲ႕ဝင္တစ္ဦးက သူ႕ရဲ႕ ဂုဏ္သိကၡာထိပါးေစတဲ့ စကားေတြေျပာတဲ့အတြက္ ကၽြန္မတို႕နဲ႕ ဆက္ၿပီးလက္မတြဲႏိုင္ေတာ့ဘူးဆိုၿပီး အခုလို Crown ျပန္အပ္သြားတာျဖစ္ပါတယ္"ဟု 2nd Miss Universe Kengtung ၏ City Director မယုစႏၵာမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ(၁၇)ရက္ေန႔က သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

Winner ျဖစ္သူ နန္းျဖဴေဖါင္းေက်ာက္က Crown ျပန္လည္အပ္ႏွံခဲ့သည့္ အတြက္ စည္းမ်ဥ္းစည္းကမ္းမ်ား အတိုင္း First Runner Up ရရိွထားသည့္ နန္းဂ်ဴလိႈင္ထြန္းအား Winner ဆုကို လႊဲေျပာင္းေပးလုိက္ၿပီး ရန္ကုန္ၿမိဳ႕တြင္ က်င္းပမည့္ 7th Miss Universe Myanmar ၿပိဳင္ပြဲသို႔ သြားေရာက္ ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ 2nd Miss Universe Kengtung ၿပိဳင္ပြဲကို က်ိဳင္းတုံလူငယ္စင္တာမွဦးစီးၿပီး ဇူလိုင္လအတြင္းက က်င္းပခဲ့ရာ Winner အျဖစ္ နန္းျဖဴေဖါင္းေက်ာက္၊ First Runner Up အျဖစ္ နန္းဂ်ဴလိႈင္ထြန္းႏွင့္ Second Runner Up အျဖစ္ မထေရဇီးနာတို႔က ရရိွခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~


2nd Miss Universe Kengtung ပြိုင်ပွဲမှ Winner နန်းဖြူဖောင်းကျောက်က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၇)ရက် ညနေပိုင်းက ကျိုင်းတုံလူငယ်စင်တာ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး Crown ပြန်လည်အပ်နှံခဲ့သည့် အတွက် 2nd Miss Universe Kengtung Organization က နန်းဂျူလှိုင်ထွန်းအား Crown အပ်နှင်းလိုက်ကြောင်း သိရသည်။

“ကျိုင်းတုံ ကိုယ်စားပြု တစ်ယောက်ဖြစ်ခွင့်ရခဲ့တာ ကိုယ့်ကို ကိုယ်အရမ်းဂုဏ်ယူမိပါတယ်။ ဘာလို့လဲဆိုတော့ ကျိုင်းတုံက သမီးရဲ့မွေးရပ်မြေဇာတိဖြစ်တဲ့အတွက် ကိုယ့်ဇာတိကို ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ သမီးစိတ် ကသိကအောင့်ဖြစ်စရာနဲ့ ကြုံခဲ့ရတယ်ပေါ့နော်။ သွားမပြိုင်ချင်တော့ လောက်အောင် ဖြစ်သွားခဲ့ပါတယ်”ဟု 2018 Miss Universe Keng Tung Winner ရရှိခဲ့သူ နန်းဖြူဖောင်းကျောက်က သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေခဲ့သည့်၎င်း၏ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

နန်းဖြူဖောင်းကျောက်က Crown ပြန်အပ်သည့် အကြောင်းရင်း (၃)ချက်ကို ရှင်းလင်းရာတွင် ပြိုင်ပွဲအတွက် Facebook တွင် တင်သည့် ဓာတ်ပုံကို Like ပေးသည့် အရေအတွက်နှင့် ပွဲခင်းလက်မှတ်ဝယ်ယူရာမှ ပေးသည့်မဲဖြင့် ဆုံးဖြတ်ပေးသည့် Popular Award ဆုကို နန်းဖြူဖောင်းကျောက်၏ ဓာတ်ပုံထက် Like အရေအတွက် (၁,ဝဝဝ)ကျော်နည်းသူကို ပေးခဲ့ရာတွင် မဲအရေအတွက်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိဟု ယူဆခြင်း၊ အဆိုပါ ကိစ္စများကြောင့် နန်းဖြူဖောင်းကျောက်က Crown ကို သြဂုတ်လ(၁၇)ရက်နေ့တွင် ပြန်အပ်မည်ဟု ပြောထားသည်ကို Crown မအပ်မီ သြဂုတ်လ(၁၆)ရက်နေ့၌ နေအိမ်သို့ လာတောင်းခြင်း၊ အဆိုပါ Miss ပြိုင်ပွဲအား ဦးစီးကျင်းပသည့် ကျိုင်းတုံလူငယ်စင်တာမှ အဖွဲ့ဝင်တစ်ဦးက နန်းဖြူဖောင်းကျောက်အား ဂုဏ်သိက္ခါထိပါးစေသည့်စကား ပြောခဲ့ခြင်းတို့ကြောင့် ရန်ကုန်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ Crown အား အဖွဲ့အစည်းသို့ ပြန်လည်အပ်နှံရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းသွားခဲ့သည်။

"နန်းဖြူဖောင်းကျောက်ဆီက Crownကို ကျွန်မတို့ဘက်က ပြန်ရုတ်သိမ်းတာ မဟုတ်ပါဘူး။ သူ့ဆန္ဒအတိုင်း Crown ပြန်အပ်တာပါ။ ဒါက သူ့အနေနဲ့ ဒုတိယအကြိမ်မြောက် Crown ပြန်အပ်ဖို့ ပြောတာပါ။ ပထမအကြိမ် သူပြန်အပ်ဖို့ ပြောတုန်းကတော့ သူအလုပ်တွေမအားတဲ့အတွက် အဆင်မပြေဘူးလို့ ပြောတာပါ။ ဒါပေမဲ့ ကျွန်မတို့ ညှိနှိုင်းခဲ့ပြီးတော့ အဆင်ပြေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူက အကြောင်းပြချက်(၃)ခုကြောင့် Crown ပြန်အပ်တယ်လို့ ပြောပါတယ်။ ပထမတစ်ခုကတော့ ပြိုင်ပွဲနေ့မှာ Popular Award ဆုကို သူမရခဲ့တဲ့အတွက်ဖြစ်ပြီးတော့ နောက်တစ်ချက်ကတော့ ကျွန်မတို့က သူ Crown ပြန်အပ်ဖို့ သေချာနပြေီဖြစ်တဲ့အတွက် First Runner Up ရထားတဲ့ နန်းဂျူလှိုင်ထွန်းကို ဒီCrown ဆောင်းပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို ဒီညမှာ Facebook Page ကနေတင်ရမှာ ဖြစ်တဲ့အတွက် မနေ့ညက သူ့ Crown ကို ပြန်သွားယူခဲ့တယ်။ ဒါကိုသူက Crown မအပ်ခင်မှာ အခုလို လာတောင်းတဲ့အတွက် မကျေနပ်ဘူး ပြောပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကျွန်မတို့ ကျိုင်းတုံလူငယ်စင်တာက အဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ ဂုဏ်သိက္ခါထိပါးစေတဲ့ စကားတွေပြောတဲ့အတွက် ကျွန်မတို့နဲ့ ဆက်ပြီးလက်မတွဲနိုင်တော့ဘူးဆိုပြီး အခုလို Crown ပြန်အပ်သွားတာဖြစ်ပါတယ်"ဟု 2nd Miss Universe Kengtung၏ City Director မယုစန္ဒါမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၁၇)ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Winner ဖြစ်သူ နန်းဖြူဖောင်းကျောက်က Crown ပြန်လည်အပ်နှံခဲ့သည့် အတွက် စည်းမျဉ်းစည်းကမ်းများ အတိုင်း First Runner Up ရရှိထားသည့် နန်းဂျူလှိုင်ထွန်းအား Winner ဆုကို လွှဲပြောင်းပေးလိုက်ပြီး ရန်ကုန်မြို့တွင် ကျင်းပမည့် 7th Miss Universe Myanmar ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ 2nd Miss Universe Kengtung ပြိုင်ပွဲကို ကျိုင်းတုံလူငယ်စင်တာမှဦးစီးပြီး ဇူလိုင်လအတွင်းက ကျင်းပခဲ့ရာ Winner အဖြစ် နန်းဖြူဖောင်းကျောက်၊ First Runner Up အဖြစ် နန်းဂျူလှိုင်ထွန်းနှင့် Second Runner Up အဖြစ် မထရေဇီးနာတို့က ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~