Writen by
Web Admin
12:46:00 PM
-
0
Comments
ဓါတ်ပုံ - ရဲတပ်ဖွဲ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့က လက်လုပ် တူမီးသေနတ်ဖြင့် ဆူပူရမ်းကားနေသူအား ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
နားကောင်းမူးကျေးရွာ၊ ရပ်ကွက်(၄)၊ နာရီစင်လမ်းကြားတွင် ညနေ(၄)နာရီအချိန်က ကျဲရှဲဆိုသူက လက်လုပ် တူမီးသေနတ်တစ်လက်ဖြင့် ဆူပူရမ်းကားနေသည်ကိုတွေ့ရသဖြင့် နားကောင်းမူးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျဲရှဲအား နားကောင်းမူးနယ်မြေရဲစခန်းတွင် (ပ)၃/၂၀၁၈၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း #ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့
No comments
Post a Comment
:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::