မူဆယ္ၿမိဳ႕တြင္ ဆုိင္ကယ္ဦးထုပ္မေဆာင္းသူႏွင့္ လုိင္စင္မရိွသူမ်ားကို ပညာေပးကာလ တစ္လသတ္မွတ္ကာ ေဆာင္ရြက္ေန

မူဆယ္ၿမိဳ႕တြင္ ဆုိင္ကယ္ဦးထုပ္မေဆာင္းသူႏွင့္ လုိင္စင္မရိွသူမ်ားကို ပညာေပးကာလ တစ္လသတ္မွတ္ကာ ေဆာင္ရြက္ေန
သြဂုတ် 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၃၀)ရက္ေန႔မွစ၍ ဆိုင္ကယ္စီးနင္းစဥ္ ဦးထုပ္မေဆာင္းသူမ်ားႏွင့္ ယာဥ္ေမာင္းလုိင္စင္မပါသူမ်ားကို ခန္းမထဲသြင္းၿပီး ေဟာေျပာပညာေပးျခင္းကို စတင္ေဆာင္ရြက္ေနၿပီး ပညာေပးကာလတစ္လအခ်ိန္ေပးေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“ဒီလကေနစတင္ၿပီးေတာ့ တစ္ပတ္မွာ(၂)ရက္ ပညာေပးစိစစ္မႈျပဳလုပ္မွာ ျဖစ္ပါတယ္။ ဆိုင္ကယ္စီးသူေတြ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းေစေရး၊ ဆိုင္ကယ္ယာဥ္ေမာင္းလိုင္စင္ပါရွိေစေရးတို႔ကို အဓိကလုပ္ေဆာင္မွာ ျဖစ္ပါတယ္။ ဒီေန႔ ၾသဂုတ္လ (၃၀) ရက္ေန႔မွာေတာ့ မူဆယ္ၿမိဳ႕အဝင္ ကညနရံုးသင္တန္းခန္းမမွာ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းမလာသူေတြ၊ ဆိုင္ကယ္ေမာင္းလိုင္စင္မပါရွိသူေတြကို ခန္းမထဲသြင္းၿပီး ပညာေပးေဟာေျပာ တာလုပ္ပါတယ္” ဟု အမွတ္(၁၂၂)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(မူဆယ္ခရိုင္)မွ တပ္ဖြဲ႔စုမွဴး ဒုတိယရဲမွဴးခ်စ္စိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ၿမိဳ႕နယ္အတြင္း ဆိုင္ကယ္ေမာင္းႏွင္စီးနင္းသူမ်ားအား ယာဥ္/လမ္းစည္းကမ္း အသိပညာေပး လႈပ္ရွားမႈကို တစ္ပတ္လ်ွင္ (၂)ရက္ ပူးေပါင္းအဖြဲ႔ျဖင့္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အမွတ္(၁၂၂)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (မူဆယ္ခရိုင္) တာဝန္ရွိသူထံမွ သိရသည္။

ပညာေပးလႈပ္ရွားမႈတြင္ အမွတ္(၁၂၂)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(မူဆယ္ခရိုင္)အပါအဝင္၊ ကုန္းလမ္း ပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန(မူဆယ္ခရိုင္)၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဦးစီးဌာန(မူဆယ္ခရိုင္)၊ မူဆယ္ၿမိဳ႕နယ္/ ခရိုင္ ရဲတပ္ဖြဲ႔တို႔ပါဝင္ၿပီး ကညန(ခရိုင္)ဦးစီးအရာရွိႏွင့္ အမွတ္(၁၂၂) ယာဥ္ထိန္းရဲတပ္ဖြဲ႔ တပ္ဖြဲ႔စုမွဴးတို႔က ပညာေပးေဟာေျပာမႈမ်ားလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လအထိ ေကာက္ယူထားသည့္ စာရင္းမ်ားအရ မွတ္ပံုတင္ထားသည့္ ဆိုင္ကယ္ အစီးေရ (၅,၇၄၁,၅၁၉) စီးရွိၿပီး ဆိုင္ကယ္ေမာင္းလိုင္စင္မွာ (၂,၉၀၀,၁၆၁) ခုသာရွိသျဖင့္ ဆိုင္ကယ္ေမာင္းလိုင္စင္ ကိုင္ေဆာင္ထားသူမွာ (၅၀.၅၁) ရာခိုင္ႏႈန္းသာရွိေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ ဇူလိုင္လအထိ ျမန္မာႏိုင္ငံတစ္ႏိုင္ငံလံုးတြင္ ယာဥ္မေတာ္တဆထိခိုက္မႈ (၉,၂၆၅) ခု ျဖစ္ပြားခဲ့သည့္အနက္ ေမာ္ေတာ္ဆိုင္ကယ္မေတာ္တဆမႈ (၄,၄၈၂) ခုပါဝင္သည့္အတြက္ မေတာ္တဆ ထိခိုက္မႈမ်ား၏ (၄၈.၃၇) ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - Ngwe Thaung


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃၀)ရက်နေ့မှစ၍ ဆိုင်ကယ်စီးနင်းစဉ် ဦးထုပ်မဆောင်းသူများနှင့် ယာဉ်မောင်းလိုင်စင်မပါသူများကို ခန်းမထဲသွင်းပြီး ဟောပြောပညာပေးခြင်းကို စတင်ဆောင်ရွက်နပြေီး ပညာပေးကာလတစ်လအချိန်ပေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ဒီလကနေစတင်ပြီးတော့ တစ်ပတ်မှာ(၂)ရက် ပညာပေးစိစစ်မှုပြုလုပ်မှာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးသူတွေ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းစေရေး၊ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပါရှိစေရေးတို့ကို အဓိကလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီနေ့ သြဂုတ်လ (၃၀) ရက်နေ့မှာတော့ မူဆယ်မြို့အဝင် ကညနရုံးသင်တန်းခန်းမမှာ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းမလာသူတွေ၊ ဆိုင်ကယ်မောင်းလိုင်စင်မပါရှိသူတွေကို ခန်းမထဲသွင်းပြီး ပညာပေးဟောပြော တာလုပ်ပါတယ်” ဟု အမှတ်(၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးချစ်စိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့နယ်အတွင်း ဆိုင်ကယ်မောင်းနှင်စီးနင်းသူများအား ယာဉ်/လမ်းစည်းကမ်း အသိပညာပေး လှုပ်ရှားမှုကို တစ်ပတ်လျှင် (၂)ရက် ပူးပေါင်းအဖွဲ့ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှတ်(၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်ခရိုင်) တာဝန်ရှိသူထံမှ သိရသည်။

ပညာပေးလှုပ်ရှားမှုတွင် အမှတ်(၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)အပါအဝင်၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(မူဆယ်ခရိုင်)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာန(မူဆယ်ခရိုင်)၊ မူဆယ်မြို့နယ်/ ခရိုင် ရဲတပ်ဖွဲ့တို့ပါဝင်ပြီး ကညန(ခရိုင်)ဦးစီးအရာရှိနှင့် အမှတ်(၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူးတို့က ပညာပေးဟောပြောမှုများလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအထိ ကောက်ယူထားသည့် စာရင်းများအရ မှတ်ပုံတင်ထားသည့် ဆိုင်ကယ် အစီးရေ (၅,၇၄၁,၅၁၉) စီးရှိပြီး ဆိုင်ကယ်မောင်းလိုင်စင်မှာ (၂,၉၀၀,၁၆၁) ခုသာရှိသဖြင့် ဆိုင်ကယ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူမှာ (၅၀.၅၁) ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆထိခိုက်မှု (၉,၂၆၅) ခု ဖြစ်ပွားခဲ့သည့်အနက် မော်တော်ဆိုင်ကယ်မတော်တဆမှု (၄,၄၈၂) ခုပါဝင်သည့်အတွက် မတော်တဆ ထိခိုက်မှုများ၏ (၄၈.၃၇) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Ngwe Thaung

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~