မူဆယ္ - နမ့္ခင္းလမ္းပိုင္းတြင္ (၆)ဘီးႏွင့္အထက္ယာဥ္မ်ား အတက္၊ အဆင္းအလွည့္က် ျဖတ္သန္းခြင့္ကို ၾသဂုတ္လ(၁၁)ရက္ေန႔ကစ၍ ရက္အကန္႔အသတ္မရိွ လုပ္ေဆာင္ေန

မူဆယ္ - နမ့္ခင္းလမ္းပိုင္းတြင္ (၆)ဘီးႏွင့္အထက္ယာဥ္မ်ား အတက္၊ အဆင္းအလွည့္က် ျဖတ္သန္းခြင့္ကို ၾသဂုတ္လ(၁၁)ရက္ေန႔ကစ၍ ရက္အကန္႔အသတ္မရိွ လုပ္ေဆာင္ေန
သြဂုတ် 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္အတြင္းရွိ မူဆယ္ - နမ့္ခမ္းလမ္းပိုင္းအား ျပင္ဆင္မည္ျဖစ္၍ (၆)ဘီးႏွင့္ အထက္ယာဥ္မ်ားကို အတက္၊အဆင္း တစ္ရက္စီ အလွည့္က် ျဖတ္သန္းခြင့္ကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၁) ရက္ေန႔မွစ၍ ေဆာင္ရြက္သြားေနၿပီ ျဖစ္ေၾကာင္း အမွတ္ (၁၂၂) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (မူဆယ္ခရိုင္ ) ထံမွ သိရသည္။

“လမ္းေတြက အရမ္းကို မေကာင္းဘူးျဖစ္ေနတယ္။ အဲဒီမွာ ဗြက္ေတြကၽြံၿပီးေတာ့ ကားေတြက ခဏခဏ ယာဥ္ေၾကာ ပိတ္ေနတာ။ အဓိက ရည္ရြယ္ခ်က္ကေတာ့ လမ္းျပန္ျပင္ဖို႔အတြက္ တစ္ဖက္စီ အလွည့္က် ကားေတြ လႊတ္ဖို႔ ေဆာင္ရြက္ေပးတာပါ။ ယာဥ္ေၾကာက်ပ္တည္းတာေတြ၊ ယာဥ္ေၾကာ ပိတ္တာေတြလည္း ေလ်ာ့သြားေအာင္ အလွည့္က်လုပ္ေပးတာပါ” ဟု အမွတ္(၁၂၂)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(မူဆယ္)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴး ခ်စ္စိန္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ - နမ့္ခမ္းသြားလမ္းပိုင္းတြင္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁၁) ရက္ေန႔ကစၿပီး နမ့္ခမ္းဘက္မွ မူဆယ္ဘက္သို႔ ဆင္းသည့္ (၆) ဘီးႏွင့္အထက္ယာဥ္မ်ားကို စတင္တားျမစ္ခဲ့ၿပီး မူဆယ္ဘက္မွ နမ့္ခမ္းဘက္သို႔ အတက္ယာဥ္မ်ားကိုသာ သြားေစခဲ့ေၾကာင္းသိရသည္။

 “ၿမိဳ႕နယ္နဲ႔ ခရိုင္ ယာဥ္စည္းကမ္းထိန္းသိမ္းေရးအဖြဲ႔ေတြရဲ့ အစည္းအေဝး ဆံုးျဖတ္ခ်က္နဲ႔ အဲဒီလို စီစဥ္လိုက္တာ ျဖစ္ပါတယ္။ လမ္းကေတာ့ Oriental Highway Co.ltd ကေနျပင္ေပးမွာပါ။ ရည္ရြယ္ခ်က္က ႏွစ္ခုေပ့ါ။ တန္ပို တင္ေနတဲ့ကားေတြကို တန္ပိုေလွ်ာ့ခိုင္းမယ္။ လမ္းျပင္ေနရင္းနဲ႔ သြားလာလို႔ရေအာင္ အလွည့္က် လႊတ္ေပးမယ္။ အဲဒီလိုစီစဥ္ထားတယ္။ အဲဒါေၾကာင့္ အတက္အဆင္း တစ္ရက္စီ သတ္မွတ္ေပးလိုက္တာပါ။ လတ္တေလာမွာ သြားလာလို႔အဆင္ေျပေအာင္ ျပဳျပင္ၿပီး မိုးတြင္းကုန္သြားရင္ အၿပီးသတ္ျပဳျပင္သြားမယ္လို႔သိရပါတယ္”ဟု မူဆယ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္သန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းပိုင္းျပဳျပင္ ၿပီးစီးမည့္ အခ်ိန္ကာလကို အတိအက် မသိရွိရေသးသည့္ အတြက္ လမ္းျပင္ၿပီးစီးသည့္ အခ်ိန္အထိ တစ္လမ္းသြား စနစ္ကိုသာ အသံုးျပဳသြားမည္ျဖစ္ၿပီး ၎လမ္းပိုင္းတြင္ ေန႔စဥ္ ျဖတ္သန္းသြားလာေနသည့္ ပ်မ္းမွ် ယာဥ္အစီးေရ (၂၀၀) ခန္႔ရွိေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်းရှိ မူဆယ် - နမ့်ခမ်းလမ်းပိုင်းအား ပြင်ဆင်မည်ဖြစ်၍ (၆)ဘီးနှင့် အထက်ယာဉ်များကို အတက်၊အဆင်း တစ်ရက်စီ အလှည့်ကျ ဖြတ်သန်းခွင့်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့မှစ၍ ဆောင်ရွက်သွားနပြေီ ဖြစ်ကြောင်း အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ်ခရိုင် ) ထံမှ သိရသည်။

“လမ်းတွေက အရမ်းကို မကောင်းဘူးဖြစ်နေတယ်။ အဲဒီမှာ ဗွက်တွေကျွံပြီးတော့ ကားတွေက ခဏခဏ ယာဉ်ကြော ပိတ်နေတာ။ အဓိက ရည်ရွယ်ချက်ကတော့ လမ်းပြန်ပြင်ဖို့အတွက် တစ်ဖက်စီ အလှည့်ကျ ကားတွေ လွှတ်ဖို့ ဆောင်ရွက်ပေးတာပါ။ ယာဉ်ကြောကျပ်တည်းတာတွေ၊ ယာဉ်ကြော ပိတ်တာတွေလည်း လျော့သွားအောင် အလှည့်ကျလုပ်ပေးတာပါ” ဟု အမှတ်(၁၂၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ချစ်စိန် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ် - နမ့်ခမ်းသွားလမ်းပိုင်းတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့ကစပြီး နမ့်ခမ်းဘက်မှ မူဆယ်ဘက်သို့ ဆင်းသည့် (၆) ဘီးနှင့်အထက်ယာဉ်များကို စတင်တားမြစ်ခဲ့ပြီး မူဆယ်ဘက်မှ နမ့်ခမ်းဘက်သို့ အတက်ယာဉ်များကိုသာ သွားစေခဲ့ကြောင်းသိရသည်။

 “မြို့နယ်နဲ့ ခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အဲဒီလို စီစဉ်လိုက်တာ ဖြစ်ပါတယ်။ လမ်းကတော့ Oriental Highway Co.ltd ကနပြေင်ပေးမှာပါ။ ရည်ရွယ်ချက်က နှစ်ခုပေါ့။ တန်ပို တင်နေတဲ့ကားတွေကို တန်ပိုလျှော့ခိုင်းမယ်။ လမ်းပြင်နေရင်းနဲ့ သွားလာလို့ရအောင် အလှည့်ကျ လွှတ်ပေးမယ်။ အဲဒီလိုစီစဉ်ထားတယ်။ အဲဒါကြောင့် အတက်အဆင်း တစ်ရက်စီ သတ်မှတ်ပေးလိုက်တာပါ။ လတ်တလောမှာ သွားလာလို့အဆင်ပြေအောင် ပြုပြင်ပြီး မိုးတွင်းကုန်သွားရင် အပြီးသတ်ပြုပြင်သွားမယ်လို့သိရပါတယ်”ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းပိုင်းပြုပြင် ပြီးစီးမည့် အချိန်ကာလကို အတိအကျ မသိရှိရသေးသည့် အတွက် လမ်းပြင်ပြီးစီးသည့် အချိန်အထိ တစ်လမ်းသွား စနစ်ကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး၎င်းလမ်းပိုင်းတွင် နေ့စဉ် ဖြတ်သန်းသွားလာနေသည့် ပျမ်းမျှ ယာဉ်အစီးရေ (၂၀၀) ခန့်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~