မိုင်းဆတ်မြို့တွင် ဘိန်းစိမ်းနှင့်အတူ ဘိန်းရှုသည့် ပစ္စည်းတို့အား အမျိုးသားတစ်ဦးထံက သိမ်းဆည်း ဖမ်းဆီး

မိုင်းဆတ်မြို့တွင် ဘိန်းစိမ်းနှင့်အတူ ဘိန်းရှုသည့် ပစ္စည်းတို့အား အမျိုးသားတစ်ဦးထံက သိမ်းဆည်း ဖမ်းဆီး
သြဂုတ် 20, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် မူးယစ်သတင်းရနေအိမ်မှ ဘိန်းစိမ်း (၅၅)ဂရမ်ခန့်နှင့် ဘိန်းရှုအိုးတို့ကို စစ်ဆေးတွေ့ရသဖြင့် အိမ်ရှင်အမျိုးသားကို အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ နံနက် (၉)နာရီကျော်တွင် မိုင်းဆတ်မြို့၊ ကျတီကျေးရွာအုပ်စု၊ နားယမ်း(ရွာသစ်)မှ အားဆိုး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အားဆိုးကို နေအိမ်တွင် တွေ့ရပြီး နေအိမ် အိပ်ခန်းအတွင်းမှ ဘိန်းစိမ်း(၅၅)ဂရမ်ခန့်နှင့် ဘိန်းရှုအိုးငယ်တို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အားဆိုးကို မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ) ၂၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~