မိုင္းဆတ္ - တာခ်ီလိတ္ လမ္းေပၚတြင္ ေရွာင္တခင္ စစ္ေဆးေနသည့္ အဖြဲ႔အား ေတြ႔သြား၍ ထြက္ေျပးသြားသူ၏ က်န္ရစ္သည့္ဆိုင္ကယ္ အတြင္းမွ မူးယစ္ေဆး၀ါးမ်ား သိမ္းဆည္းရမိ

မိုင္းဆတ္ - တာခ်ီလိတ္ လမ္းေပၚတြင္ ေရွာင္တခင္ စစ္ေဆးေနသည့္ အဖြဲ႔အား ေတြ႔သြား၍ ထြက္ေျပးသြားသူ၏ က်န္ရစ္သည့္ဆိုင္ကယ္ အတြင္းမွ မူးယစ္ေဆး၀ါးမ်ား သိမ္းဆည္းရမိ
သြဂုတ် 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခရိုင္အတြင္း မိုင္းဆတ္ - တာခ်ီလိတ္သြားလမ္း ကားလမ္းမေပၚတြင္ စစ္ေဆးေနသည့္ ပူးေပါင္းအဖြဲ႕ကို ျမင္၍ ေနာက္ျပန္လွည့္သြားသည့္ ဆိုင္ကယ္ေမာင္းသူအား လိုက္လံဖမ္းဆီးရာမွ  ဆိုင္ကယ္ေမာင္းသူမွာ လမ္းေဘးလွ်ဳိ အတြင္းသို႔ ထြက္ေျပး လြတ္ေျမာက္ သြားၿပီးေနာက္ က်န္ရစ္သည့္ ဆိုင္ကယ္ႏွင့္အတူ မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၉) မိုင္းဆတ္မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္  မိုင္းဆတ္ၿမိဳ႕နယ္၊ စတုန္းေက်းရြာ အုပ္စု၊ လြယ္ပါရင္ (၁)ေက်းရြာ၏ အေနာက္ဘက္ (၅)မိုင္အကြာတြင္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ (၁၀)ရက္ေန႔ ညေန(၄)နာရီ ၀န္းက်င္အခ်ိန္က ယာဥ္မ်ားအား ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မိုင္းတြမ္းဘက္မွ တာခ်ီလိတ္ဘက္သို႔  အမည္မသိ အမ်ဳိးသားတစ္ဦး ေမာင္းလာသည့္ ဆိုင္ကယ္သည္ အဆိုပါ စစ္ေဆးေရး အဖြဲ႔အား ကိုက္(၁၀၀)ခန္႔အကြာက ေတြ႕ျမင္သြားရာမွ အေနာက္သို႔ ျပန္လွည့္ကာ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရသည္။

ေမာင္းႏွင္ထြက္ေျပးသြားသည့္ အဆိုပါ ဆိုင္ကယ္ေနာက္သို႔ လိုက္လံဖမ္းဆီးရာ ဆိုင္ကယ္ေမာင္းသူ အမ်ဳိးသားမွာ ကိုက္(၂၀၀)ခန္႔အကြာသို႔ အေရာက္တြင္ ဆိုင္ကယ္အား လွဲခ်ၿပီး လမ္းေဘးလွ်ဳိအတြင္းသို႔ ၀င္ေရာက္ထြက္ေျပး တိမ္းေရွာင္သြားသည့္ အတြက္ ဖမ္းဆီးမရမိေတာ့ဘဲ က်န္ရစ္သည့္ ဆိုင္ကယ္အား စစ္ေဆးရာ ဆိုင္ကယ္တူးေဘာက္အတြင္းမွ အေလးခ်ိန္(၁)ကီလို၀န္းက်င္ရွိ Ketamine(ကက္တမင္း)အျဖဴေရာင္ ပံုေဆာင္ခဲအား ရွာေဖြေတြ႔ရွိရသည့္အတြက္ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိုင္းတြမ္းနယ္ေျမရဲစခန္းတြင္ မယ(ပ)၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ ၾသဂုတ္လ(၁၀)ရက္ေန႔ ညေန(၆)နာရီခြဲအခ်ိန္က အမႈဖြင့္ထားရွိၿပီး အဆိုပါ အမႈမွ ထြက္ေျပးတရားခံအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း မိုင်းဆတ် - တာချီလိတ်သွားလမ်း ကားလမ်းမပေါ်တွင် စစ်ဆေးနေသည့် ပူးပေါင်းအဖွဲ့ကို မြင်၍ နောက်ပြန်လှည့်သွားသည့် ဆိုင်ကယ်မောင်းသူအား လိုက်လံဖမ်းဆီးရာမှ ဆိုင်ကယ်မောင်းသူမှာ လမ်းဘေးလျှို အတွင်းသို့ ထွက်ပြေး လွတ်မြောက် သွားပြီးနောက် ကျန်ရစ်သည့် ဆိုင်ကယ်နှင့်အတူ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉) မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် မိုင်းဆတ်မြို့နယ်၊ စတုန်းကျေးရွာ အုပ်စု၊ လွယ်ပါရင် (၁)ကျေးရွာ၏ အနောက်ဘက် (၅)မိုင်အကွာတွင် ၂၀၁၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်အချိန်က ယာဉ်များအား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းတွမ်းဘက်မှ တာချီလိတ်ဘက်သို့ အမည်မသိ အမျိုးသားတစ်ဦး မောင်းလာသည့် ဆိုင်ကယ်သည် အဆိုပါ စစ်ဆေးရေး အဖွဲ့အား ကိုက်(၁၀၀)ခန့်အကွာက တွေ့မြင်သွားရာမှ အနောက်သို့ ပြန်လှည့်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

မောင်းနှင်ထွက်ပြေးသွားသည့် အဆိုပါ ဆိုင်ကယ်နောက်သို့ လိုက်လံဖမ်းဆီးရာ ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ ကိုက်(၂၀၀)ခန့်အကွာသို့ အရောက်တွင် ဆိုင်ကယ်အား လှဲချပြီး လမ်းဘေးလျှိုအတွင်းသို့ ဝင်ရောက်ထွက်ပြေး တိမ်းရှောင်သွားသည့် အတွက် ဖမ်းဆီးမရမိတော့ဘဲ ကျန်ရစ်သည့် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ အလေးချိန်(၁)ကီလိုဝန်းကျင်ရှိ Ketamine(ကက်တမင်း)အဖြူရောင် ပုံဆောင်ခဲအား ရှာဖွေတွေ့ရှိရသည့်အတွက် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် သြဂုတ်လ(၁၀)ရက်နေ့ ညနေ(၆)နာရီခွဲအချိန်က အမှုဖွင့်ထားရှိပြီး အဆိုပါ အမှုမှ ထွက်ပြေးတရားခံအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~