ေတာင္က်ေရႏွင့္အတူ မယ္ဆိုင္ေခ်ာင္းေရ ၾသဂုတ္လ(၁၇)ရက္ေန႔ ညေနပိုင္းတြင္ အနည္းငယ္တက္လာ

ေတာင္က်ေရႏွင့္အတူ မယ္ဆိုင္ေခ်ာင္းေရ ၾသဂုတ္လ(၁၇)ရက္ေန႔ ညေနပိုင္းတြင္ အနည္းငယ္တက္လာ
သြဂုတ် 17, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္းႏွစ္ႏုိင္ငံအၾကား မယ္ဆိုင္ေခ်ာင္းအတြင္းမွ ေရမ်ားသည္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁၇)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္တြင္ တက္လာသည့္ အတြက္  ေရႊနန္းေတာ္ကုန္တိုက္ဧရိယာအတြင္းႏွင့္ တာေလာ့ေစ်း တစ္ဖက္တြင္ ေရမ်ား ၀င္ေရာက္ေနသည္ကို ေတြ႔ရွိရၿပီး ညေန(၄း၄၀)နာရီအခ်ိန္တြင္ မိုးအနည္းငယ္ရြာေနလွ်က္ရွိသည္။

လတ္တေလာတြင္ စိုးရိမ္ရသည့္ အေနအထားသို႔ မရွိေသးေသာ္လည္း တာေလာ့ေစ်းအတြင္းမွ ေစ်းသည္ အခ်ဳိ႕သည္ ေရာင္းကုန္ပစၥည္းမ်ားအား ေရႏွင့္လြတ္ရာသို႔ ေျပာင္းေရႊ႕ေနသည္ကိုလည္း ေတြ႔ရွိရသည္။

မယ္ဆိုင္ေခ်ာင္းေရ ျမင့္တက္လာပါက အနိမ့္ပိုင္း ရပ္ကြက္ျဖစ္သည့္ တာေလာ့ေစ်းအတြင္းသို႔ ေရမ်ား အရင္ဆံုး ၀င္ေရာက္ေလ့ရွိေၾကာင္းႏွင့္ တာေလာ့ေစ်းအတြင္းသို႔ ေရမ်ား ၀င္ေရာက္မႈမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာက စီမံခ်က္မ်ားျဖင့္ တားဆီးကာကြယ္မႈမ်ား ေဆာင္ရြက္ႏိုင္ျခင္း မရွိေၾကာင္းကိုလည္း တာေလာ့ရပ္ကြက္အတြင္းေနသူမ်ားက ဆိုၾကသည္။

Tachileik News Agency
ဓါတ္ပံု - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းနှစ်နိုင်ငံအကြား မယ်ဆိုင်ချောင်းအတွင်းမှ ရေများသည် ၂၀၁၈ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်တွင် တက်လာသည့် အတွက် ရွှေနန်းတော်ကုန်တိုက်ဧရိယာအတွင်းနှင့် တာလော့ဈေး တစ်ဖက်တွင် ရေများ ဝင်ရောက်နေသည်ကို တွေ့ရှိရပြီး ညနေ(၄း၄၀)နာရီအချိန်တွင် မိုးအနည်းငယ်ရွာနေလျှက်ရှိသည်။

လတ်တလောတွင် စိုးရိမ်ရသည့် အနေအထားသို့ မရှိသေးသော်လည်း တာလော့ဈေးအတွင်းမှ ဈေးသည် အချို့သည် ရောင်းကုန်ပစ္စည်းများအား ရေနှင့်လွတ်ရာသို့ ပြောင်းရွှေ့နေသည်ကိုလည်း တွေ့ရှိရသည်။

မယ်ဆိုင်ချောင်းရေ မြင့်တက်လာပါက အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် တာလော့ဈေးအတွင်းသို့ ရေများ အရင်ဆုံး ဝင်ရောက်လေ့ရှိကြောင်းနှင့် တာလော့ဈေးအတွင်းသို့ ရေများ ဝင်ရောက်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာက စီမံချက်များဖြင့် တားဆီးကာကွယ်မှုများ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းကိုလည်း တာလော့ရပ်ကွက်အတွင်းနေသူများက ဆိုကြသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~