မယ္ဆိုင္ဂူမွ ကယ္ဆယ္ခဲ့ရသည့္ ေတာ၀က္ေဘာလံုးအသင္းမွ နည္းျပ အပါအ၀င္ လူငယ္(၄)ဦး ထိုင္းႏုိင္ငံသားကတ္ ရရွိ

မယ္ဆိုင္ဂူမွ ကယ္ဆယ္ခဲ့ရသည့္ ေတာ၀က္ေဘာလံုးအသင္းမွ နည္းျပ အပါအ၀င္ လူငယ္(၄)ဦး ထိုင္းႏုိင္ငံသားကတ္ ရရွိ
သြဂုတ် 8, 2018
By Tachileik News Agency

မယ္ဆုိင္ဂူအတြင္းမွ ကယ္ဆယ္ခဲ့သည့္ ေတာဝက္ေဘာလံုးအသင္း၏ နည္းျပ အုိက္ခ္ႏွင့္ ေဘာလံုးအသင္းမွ ကေလးငယ္(၃)ဦးမွာ ႏုိင္ငံမဲ့မ်ားျဖစ္ေနသည့္ အတြက္ ထုိင္းအာဏာပိုင္မ်ားက ၎တို႔၏ ႏုိင္ငံသားျဖစ္ခြင့္ႏွင့္ ပတ္သက္၍ စိစစ္မႈမ်ား လုပ္ေဆာင္ၿပီးေနာက္ (၄)ဦးလံုးကို ႏုိင္ငံသားကတ္မ်ား ထုတ္ေပးလုိက္ၿပီျဖစ္ေၾကာင္း ခ်င္းရိုင္းျပန္ၾကားေရးဌာနက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၈)ရက္ေန႔တြင္ တင္ျပထားသည္။

နည္းျပႏွင့္ ကေလး(၃)ဦးမွာ ႏုိင္ငံမဲ့ျဖစ္ေနရာ မယ္ဆုိင္ဂူအတြင္းမွ ကယ္ဆယ္ၿပီးေနာက္ ေဆးကုသမႈ ခံယူျခင္း အပါအဝင္ အျခားအခြင့္အေရးမ်ား ေပးအပ္ရာ၌ က်န္ႏုိင္ငံသားကေလး (၉)ဦးကဲ့သို႔ ႏုိင္ငံသားအခြင့္အေရး အျပည့္အဝ ခံစားခြင့္ေပးအပ္ရန္ အာဏာပိုင္မ်ားအတြက္ အခက္အခဲ ႀကံဳခဲ့ရျခင္းျဖစ္သည္။

ယင္းေနာက္ အဆုိပါ(၄)ဦးတုိ႔၏ ထုိင္းနိုင္ငံတြင္း ေမြးဖြားေၾကာင္း အေထာက္အထား အပါအဝင္ ႏုိင္ငံသား သတ္မွတ္ႏုိင္ေရးအတြက္ စိစစ္မႈမ်ားကို သက္ဆုိင္ရာအာဏာပိုင္မ်ားက လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

နည္းျပျဖစ္သူ အသက္(၂၅)ႏွစ္အရြယ္ အိိုက္ခ္ေပါင္၊ အသက္(၁၆)ႏွစ္အရြယ္ ပြန္ခ်ိဳင္း ကမ္လြမ္၊ အသက္ (၁၄)ႏွစ္အရြယ္ အဒူလ္ဆမ္အြန္ႏွင့္ အသက္(၁၃)ႏွစ္အရြယ္ ေမာန္ခ ဘြန္ပိုင္တို႔မွာ လက္ရိွတြင္ ႏိုင္ငံသားကတ္မ်ား ရသြားၾကၿပီျဖစ္သည္။

အသင္းဝင္(၆၀)ခန္႔ရိွသည့္ ေတာဝက္ေဘာလံုးအသင္းတြင္ အမ်ားစုမွာ ႏုိင္ငံမဲ့မ်ား ျဖစ္ၾကေၾကာင္း သိရသည္။

မယ္ဆုိင္ ထမ့္လြမ္ဂူအတြင္း ကေလးမ်ား ပိတ္မိသည့္အျဖစ္အပ်က္ မျဖစ္ပြားမီက အဆိုပါ ေတာဝက္အသင္းမွာ ခ်င္းရိုင္းေဘာလံုးအသင္းတြင္ အႏုိင္ရခဲ့ေသာ္လည္း ႏုိင္ငံသားမျဖစ္သည့္ ကိစၥမ်ားေၾကာင့္ အခြင့္အေရးအခ်ိဳ႕ ဆံုးရံႈးရမည့္ အေျခအေနျဖင့္ ႀကံဳေနရာ ေဒသအာဏာပိုင္မ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးေနၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo crd: PR Chiang Rai


~~~~~~~~⊰❂ unicode ~~~~~~~~

မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ခဲ့သည့် တောဝက်ဘောလုံးအသင်း၏ နည်းပြ အိုက်ခ်နှင့် ဘောလုံးအသင်းမှ ကလေးငယ်(၃)ဦးမှာ နိုင်ငံမဲ့များဖြစ်နေသည့် အတွက် ထိုင်းအာဏာပိုင်များက၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ စိစစ်မှုများ လုပ်ဆောင်ပြီးနောက် (၄)ဦးလုံးကို နိုင်ငံသားကတ်များ ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း ချင်းရိုင်းပြန်ကြားရေးဌာနက ၂၀၁၈ ခုနှစ် သြဂုတ်လ(၈)ရက်နေ့တွင် တင်ပြထားသည်။

နည်းပြနှင့် ကလေး(၃)ဦးမှာ နိုင်ငံမဲ့ဖြစ်နေရာ မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ပြီးနောက် ဆေးကုသမှု ခံယူခြင်း အပါအဝင် အခြားအခွင့်အရေးများ ပေးအပ်ရာ၌ ကျန်နိုင်ငံသားကလေး (၉)ဦးကဲ့သို့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ခံစားခွင့်ပေးအပ်ရန် အာဏာပိုင်များအတွက် အခက်အခဲ ကြုံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် အဆိုပါ(၄)ဦးတို့၏ ထိုင်းနိုင်ငံတွင်း မွေးဖွားကြောင်း အထောက်အထား အပါအဝင် နိုင်ငံသား သတ်မှတ်နိုင်ရေးအတွက် စိစစ်မှုများကို သက်ဆိုင်ရာအာဏာပိုင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နည်းပြဖြစ်သူ အသက်(၂၅)နှစ်အရွယ် အိုက်ခ်ပေါင်၊ အသက်(၁၆)နှစ်အရွယ် ပွန်ချိုင်း ကမ်လွမ်၊ အသက် (၁၄)နှစ်အရွယ် အဒူလ်ဆမ်အွန်နှင့် အသက်(၁၃)နှစ်အရွယ် မောန်ခ ဘွန်ပိုင်တို့မှာ လက်ရှိတွင် နိုင်ငံသားကတ်များ ရသွားကြပြီဖြစ်သည်။

အသင်းဝင်(၆၀)ခန့်ရှိသည့် တောဝက်ဘောလုံးအသင်းတွင် အများစုမှာ နိုင်ငံမဲ့များ ဖြစ်ကြကြောင်း သိရသည်။

မယ်ဆိုင် ထမ့်လွမ်ဂူအတွင်း ကလေးများ ပိတ်မိသည့်အဖြစ်အပျက် မဖြစ်ပွားမီက အဆိုပါ တောဝက်အသင်းမှာ ချင်းရိုင်းဘောလုံးအသင်းတွင် အနိုင်ရခဲ့သော်လည်း နိုင်ငံသားမဖြစ်သည့် ကိစ္စများကြောင့် အခွင့်အရေးအချို့ ဆုံးရှုံးရမည့် အခြေအနဖြေင့် ကြုံနေရာ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးနကြေရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo crd: PR Chiang Rai

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~