လားရှိုးမြို့နယ်အတွင်းရှိ ဆည်(၂)ခု ရေပြည့်နေသော်လည်း စိုးရိမ်ဖွယ် အခြေအနေမရှိ

လားရှိုးမြို့နယ်အတွင်းရှိ ဆည်(၂)ခု ရေပြည့်နေသော်လည်း စိုးရိမ်ဖွယ် အခြေအနေမရှိ
သွဂုတျ 2, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းရှိ ဆည်(၂)ခုတွင် ရေပြည့်နေပြီး ကောက်ကွေ့ ရေလှောင်တမံမှာ ရေပြည့်မှတ်ရောက်ရန်နီးနေသော်လည်း ၂၀၁၈ ခုနှစ် သြဂုတ်လ(၂)ရက်နေ့အထိ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန (လားရှိုး)ထံမှ သိရသည်။

“ဟူးမွန်ဆည်နဲ့၊ နမ့်ကျန်ဆည်တွေမှာကတော့ သတ်မှတ်ရေပြည့်မှတ်ကို ရေရောက်နေပါပြီ။ ကောက်ကွေ့ ဆည်မှာကတော့ ဆည်ရေပြည့်မှတ်ရောက်ဖို့ တစ်ပေနီးပါးခန့် လိုပါသေးတယ်။ အဲဒီအထိ ပြည့်လာရင်လည်း ရေပိုလွှဲကနေပြီးတော့ စီးဆင်းသွားမှာဖြစ်ပြီး မူလချောင်းရိုးအတိုင်း စီးသွားမှာ ဖြစ်ပါတယ်။ ဆည်တွေရေပြည့်ရင် ရေကျော်ပြီး ရေကြီးမှုတွေဖြစ်လာမယ်ဆိုတာက ဆည်လုပ်ငန်းရဲ့သဘောသဘာဝကို နားမလည်တဲ့သူတွေ ပြောတာဖြစ်မှာပါ ” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီး(မြို့ပြ) ဦးအောင်မင်းစိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန်ဆူကျေးရွာအနီးရှိ ကောက်ကွေ့ချောင်းအား ပိတ်၍တည်ဆောက်ထားသည့် ကောက်ကွေ့ဆည်မှာ အရှည်ပေ (၁၀၈၀)ရှိပြီး အမြင့် (၁၀၈) ပေရှိကာ ရေပြည့်မှတ် (၂၇၃၀) သို့ရောက်ရှိရန် တစ်ပေခန့် လိုနေပြီး မိုးဆက်လက်ရွာသွန်း၍ ရေပြည့်လာပါက ဆည်၏ဘောင်ပေါ်သို့ရောက်ရန် အမြင့် (၁ဝ) ပေ ကျန်ရှိဦးမည်ဖြစ် ကြောင်း သိရသည်။

“အကယ်၍ဒီဆည်တွေသာ မဆောက်ထားဘူး၊ မတည်ရှိနေဘူးဆိုရင် ချောင်းရေတွေ တောင်ကျရေတွေ အားလုံးဟာ အတားအဆီးမရှိစီးဆင်းသွားပြီးတော့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ အခုဖြစ်နေတဲ့ ရေလွှမ်းမှုထက် ပိုပြီးတော့ဆိုးတာတွေဖြစ်လာမှာဖြစ်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံကိန်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ( မြို့ပြ) က ပြောသည်။


သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းရှိ ဆည်(၂)ခုတွင် ရပြေည့်နပြေီး ကောက်ကွေ့ ရေလှောင်တမံမှာ ရပြေည့်မှတ်ရောက်ရန်နီးနေသော်လည်း ၂၀၁၈ ခုနှစ် သြဂုတ်လ(၂)ရက်နေ့အထိ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန (လားရှိုး)ထံမှ သိရသည်။

“ဟူးမွန်ဆည်နဲ့၊ နမ့်ကျန်ဆည်တွေမှာကတော့ သတ်မှတ်ရပြေည့်မှတ်ကို ရေရောက်နေပါပြီ။ ကောက်ကွေ့ ဆည်မှာကတော့ ဆည်ရပြေည့်မှတ်ရောက်ဖို့ တစ်ပေနီးပါးခန့် လိုပါသေးတယ်။ အဲဒီအထိ ပြည့်လာရင်လည်း ရေပိုလွှဲကနပြေီးတော့ စီးဆင်းသွားမှာဖြစ်ပြီး မူလချောင်းရိုးအတိုင်း စီးသွားမှာ ဖြစ်ပါတယ်။ ဆည်တွေရပြေည့်ရင် ရေကျော်ပြီး ရကြေီးမှုတွဖြေစ်လာမယ်ဆိုတာက ဆည်လုပ်ငန်းရဲ့သဘောသဘာဝကို နားမလည်တဲ့သူတွေ ပြောတာဖြစ်မှာပါ ” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီး(မြို့ပြ) ဦးအောင်မင်းစိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန်ဆူကျေးရွာအနီးရှိ ကောက်ကွေ့ချောင်းအား ပိတ်၍တည်ဆောက်ထားသည့် ကောက်ကွေ့ဆည်မှာ အရှည်ပေ (၁၀၈၀)ရှိပြီး အမြင့် (၁၀၈) ပေရှိကာ ရပြေည့်မှတ် (၂၇၃၀) သို့ရောက်ရှိရန် တစ်ပေခန့် လိုနပြေီး မိုးဆက်လက်ရွာသွန်း၍ ရပြေည့်လာပါက ဆည်၏ဘောင်ပေါ်သို့ရောက်ရန် အမြင့် (၁ဝ) ပေ ကျန်ရှိဦးမည်ဖြစ် ကြောင်း သိရသည်။

“အကယ်၍ဒီဆည်တွေသာ မဆောက်ထားဘူး၊ မတည်ရှိနေဘူးဆိုရင် ချောင်းရေတွေ တောင်ကျရေတွေ အားလုံးဟာ အတားအဆီးမရှိစီးဆင်းသွားပြီးတော့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ အခုဖြစ်နေတဲ့ ရေလွှမ်းမှုထက် ပိုပြီးတော့ဆိုးတာတွဖြေစ်လာမှာဖြစ်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံကိန်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ( မြို့ပြ) က ပြောသည်။

လားရှိုးမြို့နယ်အတွင်း ဟူးမွန်၊ ကောက်ကွေ့၊ နမ့်ကျန်၊ မြကန် ဆည် (၄) ခု၊ သိန်းနီမြို့နယ်တွင် (၂) ခု၊ ကျောက်မဲမြို့နယ်တွင် (၂) ခု၊ လောက်ကိုင်မြို့နယ်တွင် ဆည်(၂) ခုနှင့် သီပေါ၊ နောင်ချို၊ နမ္မတူ၊ မြို့တို့တွင် တစ်ခုစီရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~