ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ ဥကၠဌ အျဖစ္ တာဝန္ယူခဲ့သူ ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆုရွင္ ကိုဖီအာနန္ ကြယ္လြန္

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ ဥကၠဌ အျဖစ္ တာဝန္ယူခဲ့သူ ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆုရွင္ ကိုဖီအာနန္ ကြယ္လြန္
သြဂုတ် 18, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ဥကၠဌအျဖစ္ တာဝန္ယူခဲ့သူ ကုလသမဂၢအဖြဲ႕ႀကီး၏ သတၱမေျမာက္ အေထြေထြ အတြင္းေရးမႉးခ်ဳပ္၊ ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆုရွင္ အသက္(၈၀)အရြယ္ ကိုဖီအာနန္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၈)ရက္ေန႔တြင္ ၎၏မိသားစုက သတင္းထုတ္ျပန္လုိက္သည္။

ကိုဖီအာနန္သည္ ရက္အနည္းငယ္ မက်န္းမမာျဖစ္ၿပီးေနာက္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ၿပီး သူ၏ ေနာက္ဆံုးအခ်ိန္တြင္ မိသားစုဝင္အားလံုး အနားတြင္ ရိွေနခဲ့ေၾကာင္း ကိုဖီအာနန္ေဖာင္ေဒးရွင္း၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ပန္ၾကားခ်က္အရ မစၥတာ အာနန္္၏ ကိုဖီအာနန္ ေဖာင္ေဒးရွင္းႏွင့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးတို႔က ၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလတြင္ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ကို ဖြဲ႕စည္းခဲ့ကာ ရခိုင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ အစီရင္ခံစာကို တင္ျပေပးခဲ့ျခင္းျဖစ္သည္။

ကိုဖီအာနန္သည္ ၁၉၉၇ ခုႏွစ္မွ ၂၀၀၆ ခုႏွစ္အထိ ကုလသမဂၢအဖြဲ႕ႀကီး၏ သတၱမေျမာက္ အေထြေထြ အတြင္းေရးမႉးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ကာ လူသားခ်င္းဆိုင္ရာစာနာေထာက္ထားမႈ လုပ္ေဆာင္ ခ်က္မ်ားေၾကာင့္ ၂၀၀၁ ခုႏွစ္အတြက္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ကုလသမဂၢအဖြဲ႕အစည္းႀကီးႏွင့္ ပူးတြဲရရွိခဲ့သည္။

ကိုဖီအာနန္ကို ဂါနာႏုိင္ငံ၊ ခူမာဆီတြင္ ၁၉၃၈ ခုႏွစ္ ဧၿပီလ(၈)ရက္ေန႔တြင္ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး ကုလသမဂၢ ဝန္ထမ္းမ်ားထဲမွ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ျဖစ္လာသည့္ ပထမဆုံးေသာ ပုဂၢိဳလ္ျဖစ္သည္။
ကိုဖီအာနန္ေသဆံုးခ်ိန္တြင္ ဇနီးျဖစ္သူႏွင့္ သားသမီး(၃)ဦးက်န္ခဲ့သည္။

မစၥတာ အာနန္သည္ ကိုဖီအာနန္ ေဖာင္ေဒးရွင္းကို ၂၀၀၇ ခုႏွစ္တြင္ တည္ေထာင္ခဲ့ၿပီး ဥကၠ႒အျဖစ္ တာဝန္ယူခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ကုလသမဂ္ဂအဖွဲ့ကြီး၏ သတ္တမမြောက် အထွေထွေ အတွင်းရေးမှူးချုပ်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အသက်(၈၀)အရွယ် ကိုဖီအာနန် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့တွင်၎င်း၏မိသားစုက သတင်းထုတ်ပြန်လိုက်သည်။

ကိုဖီအာနန်သည် ရက်အနည်းငယ် မကျန်းမမာဖြစ်ပြီးနောက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး သူ၏ နောက်ဆုံးအချိန်တွင် မိသားစုဝင်အားလုံး အနားတွင် ရှိနေခဲ့ကြောင်း ကိုဖီအာနန်ဖောင်ဒေးရှင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်အရ မစ္စတာ အာနန်၏ ကိုဖီအာနန် ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံရုံးတို့က ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကာ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အစီရင်ခံစာကို တင်ပြပေးခဲ့ခြင်းဖြစ်သည်။

ကိုဖီအာနန်သည် ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကုလသမဂ္ဂအဖွဲ့ကြီး၏ သတ္တမမြောက် အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ကာ လူသားချင်းဆိုင်ရာစာနာထောက်ထားမှု လုပ်ဆောင် ချက်များကြောင့် ၂၀၀၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကုလသမဂ္ဂအဖွဲ့အစည်းကြီးနှင့် ပူးတွဲရရှိခဲ့သည်။

ကိုဖီအာနန်ကို ဂါနာနိုင်ငံ၊ ခူမာဆီတွင် ၁၉၃၈ ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ ဝန်ထမ်းများထဲမှ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာသည့် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။
ကိုဖီအာနန်သေဆုံးချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး(၃)ဦးကျန်ခဲ့သည်။

မစ္စတာ အာနန်သည် ကိုဖီအာနန် ဖောင်ဒေးရှင်းကို ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~