ၿမိဳ႕နယ္လ၀က ဦးစီးအရာရိွတစ္ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ အမႈဖြင့္

ၿမိဳ႕နယ္လ၀က ဦးစီးအရာရိွတစ္ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ အမႈဖြင့္
သြဂုတ် 1, 2018
By Tachileik News Agency

ရံုးခန္းအတြင္း အလွဴခံပံုးထားရိွၿပီး ေငြေၾကးေပးမွသာ အလုပ္ လုပ္ေၾကာင္း တိုင္ၾကားခံရသည့္ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ ဦးစီးအရာရွိ တစ္ဦးကို စစ္ေဆးရာ ေငြေၾကးရယူေၾကာင္း စစ္ေဆးေတြ႔ရသျဖင့္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၁)ရက္ေန႔က မိုးညိဳၿမိဳ႕မရဲစခန္း၌ အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

ပဲခူးတုိင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕နယ္ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဇာ္မိုးသည္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားႏွင့္ အိမ္ေထာင္စုစာရင္း ျပဳလုပ္သူမ်ားထံမွ ေငြေၾကးႏွင့္ လက္ေဆာင္ ပစၥည္းမ်ား ေတာင္းခံျခင္း၊ ဦးစီးအရာရွိ ရံုးခန္းအတြင္းရွိ အလွဴခံပံုးအတြင္းသို႔ အလွဴေငြမ်ား ထည့္၀င္ခိုင္းျခင္းတို႔ ျပဳလုပ္ေနမႈအေပၚ အေရးယူေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တုိင္ၾကားခဲ့မႈကို စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဂတိလိုက္စားမႈတုိ္က္ဖ်က္ေရးေကာ္မရွင္က အဆိုပါ ကိစၥအား စံုစမ္းစစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္းစစ္ေဆးခဲ့ရာ ဦးေဇာ္မိုးသည္ မိုးညိဳၿမိဳ႕နယ္လ၀ကဦးစီးမွဴးအျဖစ္ တာ၀န္ထမ္းေဆာင္စဥ္အတြင္း နုိင္ငံသား စိစစ္ေရး ကတ္ျပားႏွင့္ အိမ္ေထာင္စုဇယားျပဳလုပ္သူတို႔ထံမွ စုစုေပါင္း ေငြက်ပ္ (၁၄၀,၀၀၀)ႏွင့္ (၁၉,၀၀၀)တန္ အရက္(၁)ပုလင္းကို ေတာင္းခံရယူခဲ့ေၾကာင္းႏွင့္ ေငြေၾကးမရလွ်င္ အေၾကာင္းအမ်ဳိးမ်ဳိးျပကာ အခ်ိန္ဆြဲ၍ လုပ္ငန္းေဆာင္ရြက္မေပးဘဲ ေငြေၾကးေပးမွသာ ေဆာင္ရြက္ေပးေလ့ရွိေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆး ေတြ႔ရိွခ်က္အရ မိုးညိဳၿမိဳ႕နယ္ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဇာ္မိုးကို ၂၀၁၃ ခုႏွစ္ အဂတိလိုက္စားမႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ ၅၆ အရ အေရးယူေဆာင္ရြက္ရန္ ပဲခူးတုိင္းေဒသႀကီး၊ မိုးညိဳၿမိဳ႕၊ ၿမိဳ႕မရဲစခန္းတြင္ ပထမသတင္းေပး တုိင္ခ်က္ဖြင့္လွစ္၍ တရားစြဲဆိုအေရး ယူနိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရုံးခန်းအတွင်း အလှူခံပုံးထားရှိပြီး ငွေကြေးပေးမှသာ အလုပ် လုပ်ကြောင်း တိုင်ကြားခံရသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ တစ်ဦးကို စစ်ဆေးရာ ငွေကြေးရယူကြောင်း စစ်ဆေးတွေ့ရသဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ(၁)ရက်နေ့က မိုးညိုမြို့မရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မိုးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်သူများထံမှ ငွေကြေးနှင့် လက်ဆောင် ပစ္စည်းများ တောင်းခံခြင်း၊ ဦးစီးအရာရှိ ရုံးခန်းအတွင်းရှိ အလှူခံပုံးအတွင်းသို့ အလှူငွေများ ထည့်ဝင်ခိုင်းခြင်းတို့ ပြုလုပ်နေမှုအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့မှုကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတို်က်ဖျက်ရေးကော်မရှင်က အဆိုပါ ကိစ္စအား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဦးဇော်မိုးသည် မိုးညိုမြို့နယ်လဝကဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုဇယားပြုလုပ်သူတို့ထံမှ စုစုပေါင်း ငွေကျပ် (၁၄၀,ဝဝဝ)နှင့် (၁၉,ဝဝဝ)တန် အရက်(၁)ပုလင်းကို တောင်းခံရယူခဲ့ကြောင်းနှင့် ငွေကြေးမရလျှင် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲ၍ လုပ်ငန်းဆောင်ရွက်မပေးဘဲ ငွေကြေးပေးမှသာ ဆောင်ရွက်ပေးလေ့ရှိကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေး တွေ့ရှိချက်အရ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မိုးကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့မရဲစခန်းတွင် ပထမသတင်းပေး တိုင်ချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေး ယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~