ရပ်စောက်မြို့နယ် အင်တောတွင် သစ် (၁၆)တန် ၀န်းကျင်ကို သိမ်းဆည်းရမိ

ရပ်စောက်မြို့နယ် အင်တောတွင် သစ် (၁၆)တန် ၀န်းကျင်ကို သိမ်းဆည်းရမိ
သွဂုတျ 10, 2018
By Tachileik News Agency


တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ အင်တောမြို့မှ သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်း အဖွဲ့က ၂၀၁၈ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်တွင် အင်တောမြို့ရှိ လုံးတောင်းကြိုးဝိုင်း အတွင်း လှည့်လည်စစ်ဆေးမှုများ ပြုလုပ်စဉ် လမ်းဘေးတွင် (၁၂)ဘီးယာဉ် တစ်စီးနှင့်အတူ ယာဉ်အား စောင့်ကြပ်နေသူ အသက်(၂၈)နှစ်ဝန်းကျင်ရှိ စိုင်းလိတ် ဆိုသူအား တွေ့ရှိရ၍ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရာက သစ်များကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ရပ်ထားသည့် ယာဉ်အတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ ယာဉ်အတွင်းမှ ပိတောက် နှင့် တမလန်းသစ်လုံးဓါးရွေ (၁၀၀)တုံး ၀န်းကျင်တို့ကို တွေ့ရှိသည့် အပြင် ကားအောက် မြေပြင်တွင်လည်း ပိတောက် နှင့် တမလန်းသစ်လုံးဓါးရွေး (၉၆)တုံးတို့ကို တွေ့ရှိရာ စုစုပေါင်း အလေးချိန်မှာ (၁၆)တန် ၀န်းကျင်ရှိကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် အင်တောမြို့တွင် လမ်းဘေး၌ ပျက်၍ ရပ်ထားသည့် ကားပေါ်က သစ်များကို စစ်ဆေးတွေ့ရှိရ၍ အင်တောနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ အင်တောမြို့မှ သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်း အဖွဲ့က ၂၀၁၈ခုနှစ် သြဂုတ်လ(၉)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်တွင် အင်တောမြို့ရှိ လုံးတောင်းကြိုးဝိုင်း အတွင်း လှည့်လည်စစ်ဆေးမှုများ ပြုလုပ်စဉ် လမ်းဘေးတွင် (၁၂)ဘီးယာဉ် တစ်စီးနှင့်အတူ ယာဉ်အား စောင့်ကြပ်နေသူ အသက်(၂၈)နှစ်ဝန်းကျင်ရှိ စိုင်းလိ်တ် ဆိုသူအား တွေ့ရှိရ၍ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရာက သစ်များကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ရပ်ထားသည့် ယာဉ်အတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ ယာဉ်အတွင်းမှ ပိတောက် နှင့် တမလန်းသစ်လုံးဓားရွေ (၁၀၀)တုံး ဝန်းကျင်တို့ကို တွေ့ရှိသည့် အပြင် ကားအောက် မြပြေင်တွင်လည်း ပိတောက် နှင့် တမလန်းသစ်လုံးဓားရွေး (၉၆)တုံးတို့ကို တွေ့ရှိရာ စုစုပေါင်း အလေးချိန်မှာ (၁၆)တန် ဝန်းကျင်ရှိကြောင်း သိရသည်။

အဆိုပါ သစ်များ သိမ်းဆည်းရမိခြင်းနှင့် ပတ်သက်၍ ယာဉ်အား စောင့်ကြပ်နေသူ စိုင်းလိတ်အား စစ်ဆေးမေးမြန်းရာ သစ်ပိုင်ရှင်မှာ အားတီ(ခ)အားဟုန် ဟု သိရှိရ၍၎င်းတို့ နှစ်ဦးအား အင်တောနယ်မြေ ရဲစခန်းတွင် (ပ)၁၅/၂၀၁၈၊ ပပက ၆(၁)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~