ေက်ာက္မဲၿမိဳ႕တြင္ လူငယ္(၅)ဦးထံက ဘိန္းျဖဴ (၀.၃၅)ဂရမ္ဖမ္းဆီးရမိ၍ အမႈဖြင့္အေရးယူထား

ေက်ာက္မဲၿမိဳ႕တြင္ လူငယ္(၅)ဦးထံက ဘိန္းျဖဴ (၀.၃၅)ဂရမ္ဖမ္းဆီးရမိ၍ အမႈဖြင့္အေရးယူထား
သြဂုတ် 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္ ပန္ဟတ္ေက်းရြာ အင္ၾကင္းေတာင္ ဘုရားလမ္းေဘး ဖုန္းတာဝါတိုင္အနီးတြင္ မူးယစ္ေဆးဝါးသံုးစြဲေနသည့္ အမ်ိဳးသား(၅)ဦးႏွင့္ ဘိန္းျဖဴ အနည္းအငယ္ အပါအ၀င္  မူးယစ္ေဆး၀ါးသံုးစြဲရာတြင္ အသံုးျပဳေနသည့္ ဆက္စပ္ပစၥည္းတို႔အား ဖမ္းဆီးရမိ၍ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ၾသဂုတ္လ (၃ )ရက္ေန႔၊ ေန႔လည္(၁)နာရီ (၄၅)မိနစ္၀န္းက်င္အခ်ိန္က ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ႏွင့္ အသိသက္ေသမ်ား ပါဝင္ ပူးေပါင္းအဖြဲ႔တို႔သည္ ေက်ာက္မဲၿမိဳ႕၊ တံခြန္တိုင္အုပ္စု၊ ပန္ဟတ္ေက်းရြာရွိ အင္ၾကင္းေတာင္ ဘုရားလမ္းနေဘး တာဝါတိုင္အနီးတြင္ သတင္းအရ သြားေရာက္ ရွာေဖြရာမွ လူငယ္ (၅)ဦးတို႔ကို ေတြ႔ရွိစစ္ေဆးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕မွ အဆိုပါ ေနရာတြင္ ေနမင္းထြဋ္၊ တင္ေအာင္၊ သန္းေက်ာ္ေအာင္၊ ထြန္းႏိုင္ ႏွင့္ သိန္းေအာင္ စသည့္ အမ်ိဳးသား (၅)ဦးထံမွ ဘိန္းျဖဴ အမႈန္႔ စုစုေပါင္း (၀.၃၅ )ဂရမ္ အပါအ၀င္ ေဆးထိုးအပ္မ်ား၊ ေဆးထိုးျပြန္မ်ား၊  ၾကဴရိုး တပ္ထားသည့္ ေကာ္ဗူးတစ္ဗူး၊ ဆိုင္ကယ္တစ္စီးႏွင့္ ေငြစကၠဴအခ်ိဳ႕ကို စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားအား သံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္အလို႔ငွာ လက္ဝယ္ထားရွိသူ အမ်ိဳးသား (၅)ဦးတို႔ကို ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၁၆/၂၀၁၈၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ)/၂၀(က)/၂၁ အရ ေက်ာက္မဲၿမိဳ႕ရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက် ပန်ဟတ်ကျေးရွာ အင်ကြင်းတောင် ဘုရားလမ်းဘေး ဖုန်းတာဝါတိုင်အနီးတွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် အမျိုးသား(၅)ဦးနှင့် ဘိန်းဖြူ အနည်းအငယ် အပါအဝင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုနေသည့် ဆက်စပ်ပစ္စည်းတို့အား ဖမ်းဆီးရမိ၍ ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

၂၀၁၈ခုနှစ် သြဂုတ်လ (၃ )ရက်နေ့၊ နေ့လည်(၁)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် အသိသက်သေများ ပါဝင် ပူးပေါင်းအဖွဲ့တို့သည် ကျောက်မဲမြို့၊ တံခွန်တိုင်အုပ်စု၊ ပန်ဟတ်ကျေးရွာရှိ အင်ကြင်းတောင် ဘုရားလမ်းနဘေး တာဝါတိုင်အနီးတွင် သတင်းအရ သွားရောက် ရှာဖွေရာမှ လူငယ် (၅)ဦးတို့ကို တွေ့ရှိစစ်ဆေးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ အဆိုပါ နေရာတွင် နေမင်းထွဋ်၊ တင်အောင်၊ သန်းကျော်အောင်၊ ထွန်းနိုင် နှင့် သိန်းအောင် စသည့် အမျိုးသား (၅)ဦးထံမှ ဘိန်းဖြူ အမှုန့် စုစုပေါင်း (ဝ.၃၅ )ဂရမ် အပါအဝင် ဆေးထိုးအပ်များ၊ ဆေးထိုးပြွန်များ၊ ကြူရိုး တပ်ထားသည့် ကော်ဗူးတစ်ဗူး၊ ဆိုင်ကယ်တစ်စီးနှင့် ငွေစက္ကူအချို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့် ရောင်းချရန်အလို့ငှါ လက်ဝယ်ထားရှိသူ အမျိုးသား (၅)ဦးတို့ကို ကျောက်မဲမြို့မ ရဲစခန်းတွင် မယ(ပ) ၁၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က)/၂၁ အရ ကျောက်မဲမြို့ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~