ေျမပဲအိတ္အတြင္း တစစီထည့္သြင္း သယ္ေဆာင္လာသည့္ ေသနတ္ႏွင့္က်ည္မ်ားအား က်ဳိင္းတံုတြင္ ဖမ္းဆီးရမိ

ေျမပဲအိတ္အတြင္း တစစီထည့္သြင္း သယ္ေဆာင္လာသည့္ ေသနတ္ႏွင့္က်ည္မ်ားအား က်ဳိင္းတံုတြင္ ဖမ္းဆီးရမိ
သြဂုတ် 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ ေနာင္ဖာရဲကင္းတြင္ မိုင္းခတ္ၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕ဘက္သုိ႔ ေျမပဲအိတ္အတြင္း ထည့္၍ သယ္လာသည့္ တရုတ္ႏုိင္ငံလုပ္ ေသနတ္တစ္လက္ႏွင့္ က်ည္မ်ားကို ေရွာင္တခင္ ပိတ္ဆို႔ရွာေဖြမႈမ်ား ျပဳလုပ္စဥ္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံု၊ ခရိုင္ရဲတပ္ဖြဲ႕(မႈ/ကူ)၊ ေနာင္ဖာရဲကင္းတို႔မွ တပ္ဖြဲ႔ဝင္မ်ားသည္ သက္ေသမ်ားႏွင့္ အတူ ေနာင္ဖာရဲကင္းတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၀)ရက္ေန႔က ေရွာင္တခင္ ပိတ္ဆို႔ရွာေဖြရာ နံနက္(၁၁)နာရီခြဲဝန္း က်င္တြင္ မုိင္းခတ္ၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕ဘက္သို႔ အိုက္ေခး(ခ) အုိက္ရြက္ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္အား စစ္ေဆးရာ ဆုိင္ကယ္ေနာက္တြင္ တင္ေဆာင္ လာသည့္ ေျမပဲအိတ္အတြင္းမွ တစ္စစီျဖဳတ္၍ သယ္ေဆာင္ယူလာေသာ တရုတ္ႏုိင္ငံလုပ္ (၀.၂၂) ေသနတ္တစ္လက္ႏွင့္ က်ည္ (၃၄၀)ေတာင့္၊ က်ည္ထည့္သည့္ စကၠဴဗူးခြံ(၅)ခုတုိ႔အား ရွာေဖြ ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေသနတ္အား မုိင္းယန္းၿမိဳ႕မွ တရုတ္ယြမ္ေငြ (၁၀၀)၊ ခဲယမ္းအတြက္ တရုတ္ယြမ္ေငြ (၅၀)ျဖင့္ ငွက္ပစ္ရန္ ဝယ္ယူလာခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

တရားမဝင္ လက္နက္ျဖင့္ ဖမ္းဆီးရမိသည့္ အိုက္ေခး(ခ)အုိက္ရြက္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၁၂/၂၀၁၈၊ ရွမ္းလက္နက္ ၁၂(က)(ဂ)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ နောင်ဖာရဲကင်းတွင် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ မြေပဲအိတ်အတွင်း ထည့်၍ သယ်လာသည့် တရုတ်နိုင်ငံလုပ် သေနတ်တစ်လက်နှင့် ကျည်များကို ရှောင်တခင် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်စဉ် ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ၊ ခရိုင်ရဲတပ်ဖွဲ့(မှု/ကူ)၊ နောင်ဖာရဲကင်းတို့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ နောင်ဖာရဲကင်းတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့က ရှောင်တခင် ပိတ်ဆို့ရှာဖွေရာ နံနက်(၁၁)နာရီခွဲဝန်း ကျင်တွင် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ အိုက်ခေး(ခ) အိုက်ရွက် မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်နောက်တွင် တင်ဆောင် လာသည့် မြေပဲအိတ်အတွင်းမှ တစ်စစီဖြုတ်၍ သယ်ဆောင်ယူလာသော တရုတ်နိုင်ငံလုပ် (ဝ.၂၂) သေနတ်တစ်လက်နှင့် ကျည် (၃၄၀)တောင့်၊ ကျည်ထည့်သည့် စက္ကူဗူးခွံ(၅)ခုတို့အား ရှာဖွေ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေနတ်အား မိုင်းယန်းမြို့မှ တရုတ်ယွမ်ငွေ (၁၀၀)၊ ခဲယမ်းအတွက် တရုတ်ယွမ်ငွေ (၅၀)ဖြင့် ငှက်ပစ်ရန် ဝယ်ယူလာခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

တရားမဝင် လက်နက်ဖြင့် ဖမ်းဆီးရမိသည့် အိုက်ခေး(ခ)အိုက်ရွက်အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၁၂/၂၀၁၈၊ ရှမ်းလက်နက် ၁၂(က)(ဂ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~