တပ်မတော် စစ်ကြောင်းမှ ဖမ်းဆီးသိမ်းဆည်း ရမိထားသည့် မူးယစ်ဝါးများနှင့်အတူ တရားခံအား ရဲတပ်ဖွဲ့ထံ လွှဲပြောင်း

တပ်မတော် စစ်ကြောင်းမှ ဖမ်းဆီးသိမ်းဆည်း ရမိထားသည့် မူးယစ်ဝါးများနှင့်အတူ တရားခံအား ရဲတပ်ဖွဲ့ထံ လွှဲပြောင်း
သြဂုတ် 17, 2018
By Tachileik News Agency


မဘိမ်းမြို့နယ်၊ လဝါကျေးရွာ ဒေသအခေါ် ကျောက်လုံးကြီးတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေကြောင်း သတင်းရသည့် နေရာအား တပ်မတော်စစ်ကြောင်းအဖွဲ့က ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့ နံနက် (၄) နာရီအချိန်တွင် ဝင်ရောက် ရှင်းလင်းရာ ချွားသား(ခ)ဆွမ်သား၏ ယာယီမိုးကာတဲအနီးရှိ ဝါးရုံပင် အောက်တွင် သိုဝှက်ထားသည့် ဘိန်းဖြူ (၁၀)ဂရမ်ဆီပါသည့် ဆပ်ပြာခွက် (၃၄၆)ခွက်၊ စိတ်ကြွရူး သွပ်ဆေးပြား (၅၈၀,၁၃၂) ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ခလရ (၇၁)သို့ လွှဲပြောင်း ပေးအပ်ရာ ချွားသား(ခ)ဆွမ်သားအား စစ်ဆေး ပေါ်ပေါက်ချက်အရ သြဂုတ်လ(၁၄)ရက်နေ့တွင် အဆိုပါ နေရာအနီးရှိ တဲနှစ်လုံးတွင် တပ်မတော်က ထပ်မံရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။



ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် တပ်မတော်စစ်ကြောင်းက (၂)ရက်ကြာ ရှာဖွေ ဖမ်းဆီးထားသည့် ဘိန်းဖြူ (၃. ၅၆၁) ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၅)သိန်းကျော်နှင့် အတူ ဖမ်းဆီး ရမိသူအား ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလာသည့် အတွက် သြဂုတ်လ(၁၇)ရက်နေ့တွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

မဘိမ်းမြို့နယ်၊ လဝါကျေးရွာ ဒေသအခေါ် ကျောက်လုံးကြီးတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေကြောင်း သတင်းရသည့် နေရာအား တပ်မတော်စစ်ကြောင်းအဖွဲ့က ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့ နံနက် (၄) နာရီအချိန်တွင် ဝင်ရောက် ရှင်းလင်းရာ ချွားသား(ခ)ဆွမ်သား၏ ယာယီမိုးကာတဲအနီးရှိ ဝါးရုံပင် အောက်တွင် သိုဝှက်ထားသည့် ဘိန်းဖြူ (၁၀)ဂရမ်ဆီပါသည့် ဆပ်ပြာခွက် (၃၄၆)ခွက်၊ စိတ်ကြွရူး သွပ်ဆေးပြား (၅၈၀,၁၃၂) ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ခလရ (၇၁)သို့ လွှဲပြောင်း ပေးအပ်ရာ ချွားသား(ခ)ဆွမ်သားအား စစ်ဆေး ပေါ်ပေါက်ချက်အရ သြဂုတ်လ(၁၄)ရက်နေ့တွင် အဆိုပါ နေရာအနီးရှိ တဲနှစ်လုံးတွင် တပ်မတော်က ထပ်မံရှာဖွခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တဲများအနီး ခြုံအတွင်းရှိ သစ်လုံးများအောက်မှ ဘိန်းဖြူ (၁၀)ဂရမ်စီပါသည့် ဆပ်ပြာခွက် (၁၀)ခွက်၊ စိတ်ကြွဆေးပြား (၄,၅၄၀)၊ တဲကြမ်းခမ်းအောက်မှ ဘိန်းဖြူ (၁)ဂရမ်၊ စိတ်ကြွဆေးပြား(၃၀၂)ပြားတို့ကို ထပ်မံရှာဖွေတွေ့ရှိရကြောင်း သိရသည်။

တပ်မတော်က ဖမ်းဆီးရမိသည့် ဘိန်းဖြူစုစုပေါင်းအလေးချိန်(၃.၅၆၁)ကီလို၊ စိတ်ကြွဆေးပြားစုစုပေါင်း (၅၈၄၉၇၄)ပြားတို့နှင့်အတူ ချွားသား(ခ)ဆွမ်သားအား မဘိမ်းမြို့မရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ရာ မဘိမ်းမြို့မရဲစခန်းက သြဂုတ်လ(၁၇)ရက်နေ့တွင် မယ(ပ) ၆၃/၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း- ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~