မေကြးတိုင္းအတြင္း အိမ္သံုးေရသန္႔စက္ျဖင့္ ထုတ္လုပ္ေရာင္းခ်ေနသည့္ ေရသန္႔လုပ္ငန္းမ်ားကို အေရးယူေတာ့မည္

မေကြးတိုင္းအတြင္း အိမ္သံုးေရသန္႔စက္ျဖင့္ ထုတ္လုပ္ေရာင္းခ်ေနသည့္ ေရသန္႔လုပ္ငန္းမ်ားကို အေရးယူေတာ့မည္
သြဂုတ် 21, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး အတြင္း အိမ္သံုးေရသန္႔စက္ျဖင့္ ထုတ္လုပ္ေရာင္းေနသည့္ ေရသန္႔လုပ္ငန္းမ်ားကို မေကြးတိုင္းေဒသႀကီး စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖဲြ႔၊ ထုတ္ကုန္လုပ္ငန္းစိတ္ခ်ေရးေကာ္မတီက စိစစ္အေရးယူမႈမ်ားျပဳလုပ္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

"အိမ္သံုးေရသန္႔စက္ဆိုတာ ေရကို စစ္ေပးတာပဲရိွတယ္။ ပိုးကိုသတ္ႏိုင္၊ မသတ္ႏိုင္ဆိုတာ ေသခ်ာေျပာလို႔ မရဘူး။ ဒါ့ေၾကာင့္ စားသံုးသူအကာအကြယ္ေပးေရးဥပေဒဆိုတာ ရိွပါတယ္။ ေရသန္႔မဟုတ္ဘဲနဲ႔ ေရသန္႔လို႔ ေျပာေရာင္းတယ္ဆိုတဲ့ Issue နဲ႔ အေရးယူသြားမွာျဖစ္ပါတယ္။ အဲဒီလိုအေရးယူတဲ့ အခါ မေကြးတိုင္းေဒသႀကီး စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖဲြ႔ ေအာက္မွာရိွတဲ့ ထုတ္ကုန္လုပ္ငန္းစိတ္ခ်ေရး ေကာ္မတီ ဆိုတာရိွပါတယ္။ အဲဒီအဖဲြ႔မွာ က်န္းမာေရး၊ ပညာေရး၊ စည္ပင္၊ ေထြအုပ္၊ စားသံုးသူေရးရာနဲ႔ FDA လည္းပါပါတယ္။ အဲဒီပူးေပါင္းအဖဲြ႔အစည္းအေနနဲ႔ အျငင္းပြားမႈေျဖရွင္းေရးအဖဲြ႔အစည္းအေဝးမွာ တင္ျပတာကို ဝန္ႀကီးခ်ဳပ္က ခြင့္ျပဳလုိက္တာပါ"ဟု FDA မေကြးတိုင္းတာဝန္ခံ ေဒါက္တာ ျပည့္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အိမ္သံုးေရသန္႔စက္ျဖင့္ ထုတ္ထားၿပီး ေရသန္႔တံဆိပ္ကပ္၍ ေစ်းကြက္တင္ျခင္းကိုသာ အေရးယူမည္ျဖစ္ၿပီး ေနအိမ္မ်ားႏွင့္ စားေသာက္ဆိုင္မ်ား၌ ဘူးအတြင္းထည့္သြင္း၍ အခမဲ့ ဝန္ေဆာင္မႈေပးျခင္းမ်ားကို အေရးယူမည္မဟုတ္ေၾကာင္း သိရသည္။

မေကြးတုိင္းအတြင္း ေရသန္႔ေစ်းကြက္၏ (၃၀)ရာခုိင္ႏႈန္းမွာ အိမ္သံုးေရသန္႔စက္ျဖင့္ ထုတ္လုပ္သည့္ ေရသန္႔မ်ားျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး အတွင်း အိမ်သုံးရေသန့်စက်ဖြင့် ထုတ်လုပ်ရောင်းနေသည့် ရေသန့်လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၊ ထုတ်ကုန်လုပ်ငန်းစိတ်ချရေးကော်မတီက စိစစ်အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

"အိမ်သုံးရေသန့်စက်ဆိုတာ ရေကို စစ်ပေးတာပဲရှိတယ်။ ပိုးကိုသတ်နိုင်၊ မသတ်နိုင်ဆိုတာ သေချာပြောလို့ မရဘူး။ ဒါ့ကြောင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေဆိုတာ ရှိပါတယ်။ ရေသန့်မဟုတ်ဘဲနဲ့ ရေသန့်လို့ ပြောရောင်းတယ်ဆိုတဲ့ Issue နဲ့ အရေးယူသွားမှာဖြစ်ပါတယ်။ အဲဒီလိုအရေးယူတဲ့ အခါ မကွေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အောက်မှာရှိတဲ့ ထုတ်ကုန်လုပ်ငန်းစိတ်ချရေး ကော်မတီ ဆိုတာရှိပါတယ်။ အဲဒီအဖွဲ့မှာ ကျန်းမာရေး၊ ပညာရေး၊ စည်ပင်၊ ထွေအုပ်၊ စားသုံးသူရေးရာနဲ့ FDA လည်းပါပါတယ်။ အဲဒီပူးပေါင်းအဖွဲ့အစည်းအနေနဲ့ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့အစည်းအဝေးမှာ တင်ပြတာကို ဝန်ကြီးချုပ်က ခွင့်ပြုလိုက်တာပါ"ဟု FDA မကွေးတိုင်းတာဝန်ခံ ဒေါက်တာ ပြည့်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိမ်သုံးရေသန့်စက်ဖြင့် ထုတ်ထားပြီး ရေသန့်တံဆိပ်ကပ်၍ ဈေးကွက်တင်ခြင်းကိုသာ အရေးယူမည်ဖြစ်ပြီး နေအိမ်များနှင့် စားသောက်ဆိုင်များ၌ ဘူးအတွင်းထည့်သွင်း၍ အခမဲ့ ဝန်ဆောင်မှုပေးခြင်းများကို အရေးယူမည်မဟုတ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း ရေသန့်ဈေးကွက်၏ (၃၀)ရာခိုင်နှုန်းမှာ အိမ်သုံးရေသန့်စက်ဖြင့် ထုတ်လုပ်သည့် ရေသန့်များဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~