ရှမ်းပြည်နယ်တွင်း နယ်စပ်ဒေသများမှ တရားမ၀င် တင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိထိရောက်ရောက် စစ်ဆေးရန် ပြည်နယ်အစိုးရက သက်ဆိုင်ရာသို့ ညွှန်ကြားမည်

ရှမ်းပြည်နယ်တွင်း နယ်စပ်ဒေသများမှ တရားမ၀င် တင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိထိရောက်ရောက် စစ်ဆေးရန် ပြည်နယ်အစိုးရက သက်ဆိုင်ရာသို့ ညွှန်ကြားမည်
သွဂုတျ 9, 2018
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ကုန်ပစ္စည်းတင်သွင်းမှု၊ အရည်အသွေးမပြည့်မီသည့် ကုန်ပစ္စည်းများ တင်သွင်းမှုတို့ကို နယ်စပ်ကုန်သွယ်ရေးအနေဖြင့် ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် ညွှန်ကြားစာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။



အဆိုပါအစည်းအဝေးတွင် ပြည်နယ်တွင်း စားသုံးသူကာကွယ်ရေးလှုပ်ရှားမှု၊ စားသုံးသူတိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ပေးမှု၊ ကွင်းဆင်းစစ်ဆေးမှု၊ လုံခြုံစိတ်ချရမှုမရှိသည့် ကုန်ပစ္စည်းများကို ဈေးကွက်မှ သိမ်းဆည်းမှု အခြေအနေများကို ဆွေးနွေးကြပြီး ၂၀၁၄ ခုနှစ်၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဃ)အရ အမိန့်ကြေငြာစာထုတ်ရန်နှင့် စိုက်ပျိုးရေးသုံးသွင်းအားစုများကို စစ်ဆေး ဆောင်ရွက်ရန်တို့ကို ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ကုန်ပစ္စည်းတင်သွင်းမှု၊ အရည်အသွေးမပြည့်မီသည့် ကုန်ပစ္စည်းများ တင်သွင်းမှုတို့ကို နယ်စပ်ကုန်သွယ်ရေးအနဖြေင့် ထိထိရောက်ရောက် စစ်ဆေးဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအနဖြေင့် ညွှန်ကြားစာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

"လူသုံးကုန်၊ စားသုံးကုန်တွေကို နယ်စပ်ကနေ တရားမဝင် တင်သွင်းနေတာတွေ၊ အရည်အသွေး မပြည့်မီတာတွေ အဲဒီကိစ္စတွေကို ကျွန်တော်တို့က နယ်စပ်ကုန်သွယ်ရေးကိုလည်း ဒါတွေကို ထိထိ ရောက်ရောက် စစ်ဆေးဆောင်ရွက်ပေးဖို့ဆိုပြီးတော့လည်း ထုတ်ပြန်ကြေညာသွားပါမယ်။ ပြည်ထောင်စု အစိုးရက ကိုင်တွယ်တာဖြစ်ပေမဲ့လည်း ပြည်နယ်အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ ဒီအမိန့်ညွှန်ကြားစာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၂)ရပ်၏ (၃/၂၀၁၈) အစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်နယ်ခန်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့က ကျင်းပရာ ပြည်နယ်တွင်း အရည်အသွေးမပြည့်မီသည့် ကုန်ပစ္စည်းများ တင်သွင်းမှုနှင့် ပတ်သက်၍ အရေးယူဆောင်နိုင်ရန် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ပြည်နယ်တွင်း စားသုံးသူကာကွယ်ရေးလှုပ်ရှားမှု၊ စားသုံးသူတိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ပေးမှု၊ ကွင်းဆင်းစစ်ဆေးမှု၊ လုံခြုံစိတ်ချရမှုမရှိသည့် ကုန်ပစ္စည်းများကို ဈေးကွက်မှ သိမ်းဆည်းမှု အခြေအနေများကို ဆွေးနွေးကြပြီး ၂၀၁၄ ခုနှစ်၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဃ)အရ အမိန့်ကြငြောစာထုတ်ရန်နှင့် စိုက်ပျိုးရေးသုံးသွင်းအားစုများကို စစ်ဆေး ဆောင်ရွက်ရန်တို့ကို ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် နှင့် အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~