ရှမ်းပြည်နယ်လုံးဆိုင်ရာသတင်းသမားများကောင်စီ(ယာယီ)၏ အလုပ်အမှုဆောင်အဖွဲ့အား ရှမ်း(၃)ရှမ်းမှ သတင်းသမား (၉)ဦးဖြင့် ဖွဲ့စည်း

ရှမ်းပြည်နယ်လုံးဆိုင်ရာသတင်းသမားများကောင်စီ(ယာယီ)၏ အလုပ်အမှုဆောင်အဖွဲ့အား ရှမ်း(၃)ရှမ်းမှ သတင်းသမား (၉)ဦးဖြင့် ဖွဲ့စည်း
သွဂုတျ 5, 2018
By Tachileik News Agency




Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ သတင်းမီဒီယာသမား (၃)ဦးစီ ပါဝင်သည့် ရှမ်းပြည်နယ်လုံးဆိုင်ရာသတင်းသမားများကောင်စီ(ယာယီ)၏ အလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့တွင် ရွေးချယ်လိုက်ကြောင်း သိရသည်။

တောင်ကြီးမြို့ရှိ ဟိုတယ်ထိန်သာတွင် ဒုတိယနေ့အဖြစ် ကျင်းပနေသည့် မီဒီယာဖိုရမ်၌ နေ့လည်(၂)နာရီ (၃၅)မိနစ်က အဆိုပါ အလုပ်အမှုဆောင်များကို အများသဘောတူ ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ ကိုဇောင်း၊ ဦးထွန်း(မိုင်းဖြတ်)နှင့် ကိုဇက် တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ ဦးလှိုင်ထူး၊ ကိုမိုင်ကောင်းဆိုင်နှင့် ကိုခွန်ဇော်ဦးတို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကိုစည်သာဟိန်း၊ ကိုခွန်ရာဇာနှင့် မရှမ်းမလေး တို့ကိုလည်းကောင်း ရွေးချယ်ခဲ့ပြီး ဖိုရမ်တက်ရောက်သည့် ကျန်သတင်းမီဒီယာသမားများက အဖွဲ့ဝင်များအဖြစ် ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~