ရွမ္းျပည္နယ္ ပင္ေလာင္းၿမိဳ႕နယ္အတြင္းရွိ ဘိန္းခင္းမ်ားကို စုေပါင္းဖ်က္ဆီး

ရွမ္းျပည္နယ္ ပင္ေလာင္းၿမိဳ႕နယ္အတြင္းရွိ ဘိန္းခင္းမ်ားကို စုေပါင္းဖ်က္ဆီး
သြဂုတ် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္ေလာင္းၿမိဳ႕နယ္၊ ေဆာင္းေျပာင္းေက်းရြာႏွင့္ ေကာက္မဲသင္းေက်းရြာမ်ား အနီးရိွ ဘိန္းခင္းမ်ားကို ရဲတပ္ဖြဲ႕၊ သက္ဆုိင္ရာဌာနမ်ား၊ ေဒသခံေက်းရြာသားမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၁)ရက္ေန႔တြင္ ဖ်က္ဆီးၾကၿပီး ၾသဂုတ္လအတြင္း ပင္ေလာင္းၿမိဳ႕နယ္ရိွ ဘိန္းခင္း(၄၃.၅)ဧကကို ဖ်က္ဆီးၿပီးျဖစ္ေၾကာင္း သိရသည္။

ပင္ေလာင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ၿမိဳ႕မရဲတပ္ဖြဲ႕၊ မူးယစ္တပ္ဖြဲ႕စု(၂၆)ပင္ေလာင္း၊ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕၊ စိုက္ပ်ိဳးေရးဌာန၊ စရဖႏွင့္ သတင္းတပ္ဖြဲ႕တို႔သည္ လံုးျပင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး၊ ေဆာင္းေျပာင္းေက်းရြာလူႀကီးဦးေဆာင္သည့္ ေဒသခံ(၄၀)ဦး၊ ေကာက္မဲသင္းေက်းရြာ လူႀကီးဦးေဆာင္သည့္ ေဒသခံ(၃၀)ဦး စုစုေပါင္း အင္အား (၁၀၅)ဦးျဖင့္ ဘိန္းခင္းမ်ားကို လုိက္လံဖ်က္ဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႕က ေဆာင္းေျပာင္းေက်းရြာအနီးမွ ဘိန္းခင္း(၁၃.၅)ဧကႏွင့္ ေကာက္မဲသင္းေက်းရြာအနီးမွ ဘိန္းခင္း (၄)ဧက စုစုေပါင္း ဘိန္းခင္း(၁၇.၅)ဧကတို႔ကို ဖ်က္ဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာနှင့် ကောက်မဲသင်းကျေးရွာများ အနီးရှိ ဘိန်းခင်းများကို ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာဌာနများ၊ ဒေသခံကျေးရွာသားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့တွင် ဖျက်ဆီးကြပြီး သြဂုတ်လအတွင်း ပင်လောင်းမြို့နယ်ရှိ ဘိန်းခင်း(၄၃.၅)ဧကကို ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့မရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ စိုက်ပျိုးရေးဌာန၊ စရဖနှင့် သတင်းတပ်ဖွဲ့တို့သည် လုံးပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဆောင်းပြောင်းကျေးရွာလူကြီးဦးဆောင်သည့် ဒေသခံ(၄၀)ဦး၊ ကောက်မဲသင်းကျေးရွာ လူကြီးဦးဆောင်သည့် ဒေသခံ(၃၀)ဦး စုစုပေါင်း အင်အား (၁၀၅)ဦးဖြင့် ဘိန်းခင်းများကို လိုက်လံဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ဆောင်းပြောင်းကျေးရွာအနီးမှ ဘိန်းခင်း(၁၃.၅)ဧကနှင့် ကောက်မဲသင်းကျေးရွာအနီးမှ ဘိန်းခင်း (၄)ဧက စုစုပေါင်း ဘိန်းခင်း(၁၇.၅)ဧကတို့ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~