တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမေရွ႕ရွိ ေရႊဆိုင္တြင္ ေသနတ္ပစ္ခတ္မႈျဖစ္ၿပီး ေရႊလာ၀ယ္သူ အမ်ဳိးသမီးငယ္တစ္ဦး ဒဏ္ရာရရွိ

တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမေရွ႕ရွိ ေရႊဆိုင္တြင္ ေသနတ္ပစ္ခတ္မႈျဖစ္ၿပီး ေရႊလာ၀ယ္သူ အမ်ဳိးသမီးငယ္တစ္ဦး ဒဏ္ရာရရွိ
သြဂုတ် 18, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမေရွ႕ရွိ ဒိုင္းမြန္း ေရႊဆိုင္တြင္ ေရႊလာ၀ယ္သူ အမ်ဳိးသမီး တစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈ ယေန႔ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁၈)ရက္ေန႔ နံနက္(၁၀)နာရီေက်ာ္က ျဖစ္ပြားခဲ့ေၾကာင္း ႏွင့္ ေသနတ္ျဖင့္ ပစ္ခတ္ကာ ထြက္ေျပး လြတ္ေျမာက္သြားသူအား ရဲတပ္ဖြဲ႔က ရွာေဖြမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရသူမွာ တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုတြင္ ေနထိုင္သူ အသက္(၂၃)ႏွစ္၀န္းက်င္ရွိ မနန္းသာလွ်န္ဆိုသူျဖစ္ၿပီး ေသနတ္ျဖင့္ (၂)ခ်က္ ပစ္ခတ္ခံရကာ လက္ေမာင္းတြင္ (၂)ခ်က္ ထိခိုက္ဒဏ္ရာရရွိသြား၍ ေဆး၀ါးကုသမႈ ခံယူေနရေၾကာင္းႏွင့္ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍  ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ဳိးခိုင္ ႏွင့္ နယ္ထိန္းတပ္ဖြဲ႔၀င္မ်ားက ရွာေဖြ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

"ေကာင္မေလးကို သက္သက္ပစ္တာလား၊ ေရႊဆိုင္ကို အႏုၾကမ္းစီးဖို႔ ႀကံရြယ္တာလားဆိုတာကေတာ့ မသိဘူး။ ေသနတ္နဲ႔ (၂)ခ်က္ပစ္သံေတာ့ ၾကားလိုက္ရတယ္။ ေရႊဆိုင္ေရွ႕မွာ ေသြးအနည္းငယ္ပဲ ေတြ႔ရတယ္ဆိုေတာ့ ရွပ္ထိသြားတဲ့ သေဘာလားေတာ့ မေျပာတတ္ဘူး။"ဟု ေရႊဆိုင္အနီး၀န္းက်င္တြင္ ေနထိုင္သူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရသူ အမ်ဳိးသမီး၏ အေျခအေနမွာ လက္ေမာင္းတြင္ ထိခိုက္မိျခင္း ျဖစ္သည့္အတြက္ မစိုးရိမ္ရေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမရှေ့ရှိ ဒိုင်းမွန်း ရွှေဆိုင်တွင် ရွှေလာဝယ်သူ အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု ယနေ့ ၂၀၁၈ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၁၀)နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း နှင့် သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေး လွတ်မြောက်သွားသူအား ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် နေထိုင်သူ အသက်(၂၃)နှစ်ဝန်းကျင်ရှိ မနန်းသာလျှန်ဆိုသူဖြစ်ပြီး သေနတ်ဖြင့် (၂)ချက် ပစ်ခတ်ခံရကာ လက်မောင်းတွင် (၂)ချက် ထိခိုက်ဒဏ်ရာရရှိသွား၍ ဆေးဝါးကုသမှု ခံယူနေရကြောင်းနှင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

"ကောင်မလေးကို သက်သက်ပစ်တာလား၊ ရွှေဆိုင်ကို အနုကြမ်းစီးဖို့ ကြံရွယ်တာလားဆိုတာကတော့ မသိဘူး။ သေနတ်နဲ့ (၂)ချက်ပစ်သံတော့ ကြားလိုက်ရတယ်။ ရွှေဆိုင်ရှေ့မှာ သွေးအနည်းငယ်ပဲ တွေ့ရတယ်ဆိုတော့ ရှပ်ထိသွားတဲ့ သဘောလားတော့ မပြောတတ်ဘူး။"ဟု ရွှေဆိုင်အနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ အမျိုးသမီး၏ အခြေအနေမှာ လက်မောင်းတွင် ထိခိုက်မိခြင်း ဖြစ်သည့်အတွက် မစိုးရိမ်ရကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~