ဆိုင်ကယ်သော့ မပါဘဲ မောင်းလာသူကို ဆိုင်ကယ်ခိုးလာသည်ဟု ယူဆရ၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထား

ဆိုင်ကယ်သော့ မပါဘဲ မောင်းလာသူကို ဆိုင်ကယ်ခိုးလာသည်ဟု ယူဆရ၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထား
သွဂုတျ 12, 2018
By Tachileik News Agency


ယန်းလောကျေးရွာအနီး ကျိုင်းတုံ - မိုင်းခတ်ကားလမ်းတွင် ခိုးမှုကျော်ဇောသတင်းရှိသူ လော်ယိုးဆိုသူက ဆိုင်ကယ်မောင်းနှင်လာသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က ရပ်တန့်စေပြီးစစ်ဆေးရာ ဆိုင်ကယ်ကို သော့မပါဘဲ (သော့ဖျက်ကာ)မောင်းနှင်လာသည်ကို တွေ့ရပြီး  အဆိုပါ ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း ပြောဆိုနိုင်ခြင်း မရှိသဖြင့် ခိုးယူလာသည်ဟု ယူဆသဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။


ဓါတ်ပုံ - ရဲတပ်ဖွဲ့



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းလောကျေးရွာအုပ်စု ကျိုင်းတုံ - မိုင်းခတ်ကားလမ်းတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ နေ့လယ်(၂)နာရီခွဲဝန်းကျင်က ဆိုင်ကယ်နံပါတ် ၄၁ယ/၉၃၃၀၉ နံပါတ်ပါ ထိုင်းနိုင်ငံလုပ် HONDA WAVE 110 အမျိုးအစား ဖြူ/နီရောင် ဆိုင်ကယ်တစ်စီးကို ခိုးယူလာသည်ဟု ယူဆရသူကို ဖမ်းဆီးထားကြောင်း သိရသည်။

ယန်းလောကျေးရွာအနီး ကျိုင်းတုံ - မိုင်းခတ်ကားလမ်းတွင် ခိုးမှုကျော်ဇောသတင်းရှိသူ လော်ယိုးဆိုသူက ဆိုင်ကယ်မောင်းနှင်လာသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က ရပ်တန့်စပြေီးစစ်ဆေးရာ ဆိုင်ကယ်ကို သော့မပါဘဲ (သော့ဖျက်ကာ)မောင်းနှင်လာသည်ကို တွေ့ရပြီး အဆိုပါ ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း ပြောဆိုနိုင်ခြင်း မရှိသဖြင့် ခိုးယူလာသည်ဟု ယူဆသဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် လော်ယိုးကို ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၈၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~