ဘီးလင်းမြစ်ရေ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်နိုင်သော်လည်း ရန်ကုန် - မော်လမြိုင် ဘီးလင်းလမ်းပိုင်း အန္တရာယ်ကင်းစွာ သွားလာနိုင်နေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်

ဘီးလင်းမြစ်ရေ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်နိုင်သော်လည်း ရန်ကုန် - မော်လမြိုင် ဘီးလင်းလမ်းပိုင်း အန္တရာယ်ကင်းစွာ သွားလာနိုင်နေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်
သြဂုတ် 13, 2018
By Tachileik News Agency


၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့  ည (၈)နာရီခွဲဝန်းကျင်တွင် ဘီးလင်းမြစ်ရေမှာ (၉၇၄) စင်တီမီတာ (စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်)သို့ ရောက်နေပြီး နောက်(၂)ရက်အတွင်း ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာသို့ ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။


ဇွန်လ(၂၆)ရက်နေ့က ရေကြီးခဲ့မှုကြောင့် ဘီးလင်းမြို့နယ်တွင် ပြန်စိုက်ရန်လိုအပ်သည့် မိုးစပါး (၁၃၈၅၇ ဒသမ ၁၀) ဧကနှင့် မျိုးစပါးလိုအပ်ချက် (၂၀၇၈၅ ဒသမ ၅)တင်းရှိခဲ့ပြီး အခြေခံပညာကျောင်းပေါင်း (၆၉)ကျောင်းကိုလည်း ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့ ညနေပိုင်း၌ ဘီးလင်းမြစ်ရေ တက်လာသော်လည်း ရန်ကုန်-မော်လမြိုင်လမ်းမကြီး ဘီးလင်းလမ်းပိုင်းတွင် ရေမကျော်သေး၍ အန္တရာယ်ကင်းစွာ သွားလာနိုင်ဆဲဖြစ်ကြောင်း ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့ ည (၈)နာရီခွဲဝန်းကျင်တွင် ဘီးလင်းမြစ်ရေမှာ (၉၇၄) စင်တီမီတာ (စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်)သို့ ရောက်နပြေီး နောက်(၂)ရက်အတွင်း ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာသို့ ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

ဘီးလင်းမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့က မြစ်ရေစိုးရိမ်ရေမှတ်အထက် မြင့်တက်ခဲ့သဖြင့် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီး အိမ်ထောင်စုများအား ရွှေ့ပြောင်းပေးခဲ့ရသည့်အပြင် ရန်ကုန် - မော်လမြိုင်ကားလမ်း၏ ဘီးလင်းလမ်းပိုင်းကိုလည်း ပိတ်ထားခဲ့ရကာ ဇွန်လ(၃၀)ရက်နေ့မှ ကားလမ်းများကို စတင်ဖွင့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ(၂၆)ရက်နေ့က ရကြေီးခဲ့မှုကြောင့် ဘီးလင်းမြို့နယ်တွင် ပြန်စိုက်ရန်လိုအပ်သည့် မိုးစပါး (၁၃၈၅၇ ဒသမ ၁၀) ဧကနှင့် မျိုးစပါးလိုအပ်ချက် (၂၀၇၈၅ ဒသမ ၅)တင်းရှိခဲ့ပြီး အခြေခံပညာကျောင်းပေါင်း (၆၉)ကျောင်းကိုလည်း ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~