တာချီလိတ်မြို့ မေဖလားဝါးကွင်းအနီးရှိ အရှေ့မြို့ပတ်လမ်းပေါ်တွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်စဉ် လူငယ်တစ်ဦးထံက ဘိန်းဖြူများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ မေဖလားဝါးကွင်းအနီးရှိ အရှေ့မြို့ပတ်လမ်းပေါ်တွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်စဉ် လူငယ်တစ်ဦးထံက ဘိန်းဖြူများ ဖမ်းဆီးရမိ
သွဂုတျ 20, 2018
By Tachileik News Agency


ပြည်နယ်နှင့် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ အပါအ၀င် တာချီလိတ်တပ်နယ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့တို့မှ မေဖလားဝါးကွင်းမှ မြန်မာ့တိုးနယားကွင်းဘက်သို့ သွားလမ်း ကြက်ခြေနီရုံးအနီး၌   ရှောင်တခင် ပိတ်ဆို့ ရှာဖွေခြင်းများ ပြုလုပ်စဉ် အသက်(၂၃)နှစ်ဝန်းကျင်ရှိ စိုင်းထွန်းမောင် မောင်းနှင် လာသည့်  ယာဉ်မောင်း၏ ဘေးဘက်ထိုင်ခုံပေါ်တွင် တင်ဆောင်လာသည့် အလေးချိန် (၃၅၀)ဂရမ်ရှိ ဘိန်းဖြူဘလောက်တုံး  နှင့် လက်ကိုင်ဖုန်း(၂)လုံးတို့အား ရှာဖွေ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မေဖလားဝါးကွင်းမှ မြန်မာ့တိုးနယားကွင်းဘက်သို့ သွားလမ်းတွင် လူငယ်တစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်အား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပူးပေါင်းအဖွဲ့မှ စစ်ဆေးရာ ဘိန်းဖြူဘလောက်တုံးတစ်တုံး ဖမ်းမိကြောင်း သိရသည်။

ပြည်နယ်နှင့် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ အပါအဝင် တာချီလိတ်တပ်နယ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့တို့မှ မေဖလားဝါးကွင်းမှ မြန်မာ့တိုးနယားကွင်းဘက်သို့ သွားလမ်း ကြက်ခြေနီရုံးအနီး၌ ရှောင်တခင် ပိတ်ဆို့ ရှာဖွခြေင်းများ ပြုလုပ်စဉ် အသက်(၂၃)နှစ်ဝန်းကျင်ရှိ စိုင်းထွန်းမောင် မောင်းနှင် လာသည့် ယာဉ်မောင်း၏ ဘေးဘက်ထိုင်ခုံပေါ်တွင် တင်ဆောင်လာသည့် အလေးချိန် (၃၅၀)ဂရမ်ရှိ ဘိန်းဖြူဘလောက်တုံး နှင့် လက်ကိုင်ဖုန်း(၂)လုံးတို့အား ရှာဖွေ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းထွန်းမောင်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်စစ်ဆေးနေကြောင်း နှင့် ကွင်းဆက်များအား ဖော်ထုတ်နိုင်ရန်အတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~