လမ္းမႀကီးမ်ားကို BOT စနစ္ျဖင့္လုပ္ကိုင္ေနသည့္ ကုမၸဏီမ်ားအား စည္းကမ္းလုိက္နာမႈအေျခအေန စစ္ေဆးအေရးယူရန္ လႊတ္ေတာ္တြင္ ေဆြးေႏြးေန

လမ္းမႀကီးမ်ားကို BOT စနစ္ျဖင့္လုပ္ကိုင္ေနသည့္ ကုမၸဏီမ်ားအား စည္းကမ္းလုိက္နာမႈအေျခအေန စစ္ေဆးအေရးယူရန္ လႊတ္ေတာ္တြင္ ေဆြးေႏြးေန
သြဂုတ် 6, 2018
By 🌸
လမ္းမႀကီးမ်ားကို BOT စနစ္ျဖင့္ ရယူေဆာင္ရြက္ေနၾကသည့္ ကုမၸဏီမ်ား စာခ်ဳပ္ပါစည္းမ်ဥ္းစည္းကမ္းမ်ား လုိက္နာမႈအေျခအေနအား စစ္ေဆးရန္ႏွင့္ မလိုက္နာသည့္ ကုမၸဏီမ်ား အေရးယူရန္ ျပည္ေထာင္စုအစိုးရအား တုိက္တြန္းသည့္အဆိုကို တပ္မေတာ္သား ကိုယ္စားလွယ္(၂)ဦးအပါအဝင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ (၁၇)ဦးက ေဆြးေႏြးေနေၾကာင္း သိရသည္။

ယင္းအဆိုကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၆)ရက္ေန႔တြင္ က်င္းပေနသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ နဝမ ပံုမွန္အစည္းအေဝး ဆ႒မေန႔အစည္းအေဝးတြင္ ေဆြးေႏြးေနၾကျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတစ္ဝန္းတြင္ BOT (Build,Operate,Transfer )စာခ်ဳပ္မ်ားျဖင့္ ေဆာင္႐ြက္လ်က္ရွိၾကေသာ လမ္းမႀကီးမ်ားသည္ ႏိုင္ငံေတာ္ႏွင့္ ခ်ဳပ္ဆိုခဲ့ၾကေသာ စာခ်ဳပ္ပါ စည္းမ်ဥ္းစည္းကမ္းအတိုင္း လိုက္နာေဆာင္႐ြက္ၾကျခင္း ရွိ၊ မရွိ စိစစ္၍ တာဝန္ေက်၊ တာဝန္ခံမႈ မရွိသူမ်ားကို အေရးယူေဆာင္႐ြက္မႈမ်ား ျပဳလုပ္ရန္ႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း လိုက္နာလာေစေရး စီမံခန္႔ခြဲ ထိန္းခ်ဳပ္ျခင္းျဖင့္ ႏိုင္ငံေတာ္-ပုဂၢလိက ပူးေပါင္းသည့္ PPP (Private-Public-Partnership) ျပည္သူ႔ဝန္ေဆာင္မႈ စနစ္ေကာင္းမ်ား ျဖစ္ေပၚလာေစရန္ျပည္ေထာင္စုအစိုးရအား တိုက္တြန္းေၾကာင္း အဆိုကို ေအာက္ပါ ဦးေက်ာ္ေဆြဝင္း၊ ေကာ့မွဴး မဲဆႏၵနယ္က တင္သြင္းထားျခင္းျဖစ္သည္။

ယင္းအဆိုကို ေအာင္လံ မဲဆႏၵနယ္မွ  ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ထူးျမင့္၊ ေလးမ်က္ႏွာ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မင္းသိန္း၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဦးခင္ေမာင္ေမာင္၊ သိႏၷီ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းဦးခမ္း၊ ေက်းသီး မဲဆႏၵနယ္မွ ဦးစိုင္းေအာင္ေက်ာ္၊ စဥ့္ကူး မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဦးေဇာ္ဝင္းျမင့္၊ မင္းဘူး မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းဝင္း၊ တြံေတး မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္၊ တပ္မေတာ္သားကိုယ္စားလွယ္ ဗိုလ္မွဴးရဲစိုးႏွင့္  ဗိုလ္မွဴးေဆြျမင့္ဦး၊ ေ႐ႊကူ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇာနည္မင္း၊ ဂန္႔ေဂါ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚယဥ္မင္းလႈိင္၊ မုံ႐ြာ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၫြန္႔ေအာင္၊ ဒီပဲယင္း မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းျမင့္ေအာင္၊ ေခ်ာက္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘိုႀကီး၊ ေက်ာက္ျဖဴ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘရွိန္၊ ေဒးဒရဲ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚခင္ညိဳတို႔က ေဆြးေႏြးေနၾကျခင္းျဖစ္သည္။

အဆိုႏွင့္စပ္လ်ဥ္း၍ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေဆြးေႏြးၿပီးပါက သက္ဆိုင္ရာ ျပည္ေထာင္စုအဆင့္အဖြဲ႔အစည္းဝင္က ျပန္လည္ရွင္းလင္း ေဆြးေႏြးျခင္းကာ လႊတ္ေတာ္၏ အဆုံးအျဖတ္ရယူမည္ျဖစ္သည္။

Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
လမ်းမကြီးများကို BOT စနစ်ဖြင့်လုပ်ကိုင်နေသည့် ကုမ္ပဏီများအား စည်းကမ်းလိုက်နာမှုအခြေအနေ စစ်ဆေးအရေးယူရန် လွှတ်တော်တွင် ဆွေးနွေးနေ
*****************
လမ်းမကြီးများကို BOT စနစ်ဖြင့် ရယူဆောင်ရွက်နေကြသည့် ကုမ္ပဏီများ စာချုပ်ပါစည်းမျဉ်းစည်းကမ်းများ လိုက်နာမှုအခြေအနေအား စစ်ဆေးရန်နှင့် မလိုက်နာသည့် ကုမ္ပဏီများ အရေးယူရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်အဆိုကို တပ်မတော်သား ကိုယ်စားလှယ်(၂)ဦးအပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးက ဆွေးနွေးနေကြောင်း သိရသည်။

ယင်းအဆိုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် ကျင်းပနေသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေးတွင် ဆွေးနွေးနေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် BOT (Build,Operate,Transfer )စာချုပ်များဖြင့် ဆောင်ရွက်လျက်ရှိကြသော လမ်းမကြီးများသည် နိုင်ငံတော်နှင့် ချုပ်ဆိုခဲ့ကြသော စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြခြင်း ရှိ၊ မရှိ စိစစ်၍ တာဝန်ကျေ၊ တာဝန်ခံမှု မရှိသူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလာစေရေး စီမံခန့်ခွဲ ထိန်းချုပ်ခြင်းဖြင့် နိုင်ငံတော်-ပုဂ္ဂလိက ပူးပေါင်းသည့် PPP (Private-Public-Partnership) ပြည်သူ့ဝန်ဆောင်မှု စနစ်ကောင်းများ ဖြစ်ပေါ်လာစေရန်ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ ဦးကျော်ဆွေဝင်း၊ ကော့မှူး မဲဆန္ဒနယ်က တင်သွင်းထားခြင်းဖြစ်သည်။

ယင်းအဆိုကို အောင်လံ မဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်၊ လေးမျက်နှာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးခင်မောင်မောင်၊ သိန္နီ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်း၊ ကျေးသီး မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်၊ စဉ့်ကူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးဇော်ဝင်းမြင့်၊ မင်းဘူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တွံတေး မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးရဲစိုးနှင့်  ဗိုလ်မှူးဆွေမြင့်ဦး၊ ရွှေကူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ မုံရွာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်၊ ဒီပဲယင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၊ ချောက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုတို့က ဆွေးနွေးနေကြခြင်းဖြစ်သည်။

အဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးပါက သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်ဖြစ်သည်။
Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~